Genesis 31

Genesis 31:1

ထိုအခါ

ပင်မ ဇာတ်ကြောင်း၏ နောက်တစ်ခန်းသို့ ကူးပြောင်းသော အမှတ်အသား ဖြစ်သည်။

လာဗန်သားတို့က . . . ဟု၊ ဆိုကြသည်ကို ယာကုပ်ကြား၍

"ဆိုကြ" မှာ နှုတ်မှ ပြောဆိုသောအရာကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ဟူသော လာဗန်သားတို့၏ စကားကို ယာကုပ်ကြား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ငါတို့သခင်၏ဥစ္စာ ရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား

ဒေါသဖြစ်ရင်း ပြောသော အတိသယဝုတ္တိပုဒ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ် ပိုင်သမျှသောဥစ္စာမှာ ငါတို့အဖ ဥစ္စာဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hyperbole)

လာဗန်၏ မျက်နှာကို ကြည့်သောအခါ၊ ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို သိမြင်၏

အရှေ့နှင့် အနောက် ဆိုလိုရင်း အဓိပ္ပါယ် တူ၏။ လာဗန်၏ မျက်နှာထား ပြောင်းလဲကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်မှာ မိမိအပေါ် ကျေနပ်ခြင်း မရှိတော့ကြောင်း သိမြင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

သင်၏ဘိုးဘ

"အဖဣဇာက်နှင့် အဖိုး အာဗြဟံတို့"

Genesis 31:4

ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်

"ယာကုပ်က သိုးစုရှိရာ လယ်တောသို့ ရာခေလနှင့် လေအာကို အခေါ် လွှတ်စေပြီးလျှင်"

ခေါ်ပြီးလျှင်၊ သင်တို့အဘ ... ဟု ယာကုပ်သည် ကြားပြောပြီးလျှင်

ဝါကျနှစ်ကြောင်းအဖြစ် ခွဲနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လွှတ်စေ၏။ ထို့နောက် 'သင်တို့အဖ ...' ဟု သူတို့အား ကြားပြောပြီးလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-sentences)

သင်တို့အဘ၏ မျက်နှာသည် ငါ၌ ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏

"သင်တို့ အဖသည် ငါ့အပေါ် ကျေနပ်မှု မရှိတော့ကြောင်း ငါ သိမြင်၏"

သင်တို့အဘ၏ အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏

"သင်တို့" မှာ ရာခေလနှင့် လေအာကို ညွှန်းသည်။ အထူးသဖြင့် ညွှန်းဆိုခြင်းလည်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အဖ၏ အမှုကို ငါတတ်နိုင်သမျှ ထမ်းရွက်ကြောင်း သင်တို့ ကိုယ်တိုင် သိကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

Genesis 31:7

ငါ့ကိုလှည့်စား၍

"ငါ့ကို လိမ်လည်၍" သို့မဟုတ် "ငါ့အပေါ် သစ္စာမဲ့၍"

ငါရထိုက်သော အခ

"ငါ့အား ကတိဆိုခဲ့သော အခ"

ငါ့ကို ညှဉ်းဆဲစေခြင်းငှါ

ဖြစ်နိုင်ချေများမှာ၊ (၁) ကိုယ်ထိလက်ရောက် ခိုက်ရန်ပြုခြင်း (UDB) သို့မဟုတ် (၂) တစ်နည်းနည်းဖြင့် ဒုက္ခပေးခြင်း

ပြောက်သောအကောင်တို့

"အစက်ပါသော အကောင်တို့"

သိုး၊ ဆိတ်ရှိသမျှတို့သည် . . . ကို မွေးကြ၏

"သိုးဆိတ် ရှိသမျှက ... ကို မွေးကြ၏"

ကျားသောအကောင်တို့

"အစင်းပါသော အကောင်တို့"

ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ

"ဤသို့ဖြင့် ဘုရားသခင်က သင်တို့ အဖ၏ တိရစ္ဆာန်တို့ကို ငါ့အား ပေးတော်မူပြီ"

Genesis 31:10

ယေဘုယျ အချက်အလက်

လေအာနှင့် ရာခေလတို့ထံ ယာကုပ် ဆက်လက် ပြောဆိုသည်။

ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသော အခါ

"မိတ်လိုက် ရာသီတွင်"

တိရစ္ဆာန်မတို့နှင့် ပေါင်းဘော်သော

တိရစ္ဆာန် အစုထဲမှ အမကောင်ရှိသမျှကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်အမတို့နှင့် ပေါင်းဖော်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို

"အစင်းအကျားမှစ၍၊ အစက်သေး အစက်ငယ် စသဖြင့် ရှိကြောင်းကို"

ဘုရားသခင်၏ ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ဘုရားသခင်ကိုယ်တော်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ဘုရားသခင်၏ စေတမန်ဖြစ်သည်။ ဤကျမ်း အသုံးအနှုန်းကို နားလည်ရန် ခက်ခဲသောကြောင့်၊ "ကောင်းကင်တမန်" ကို ဆိုလိုသော အသုံးအနှုန်းဖြင့် "ဘုရားသခင်၏ ကောင်းကင်တမန်" ဟု ရိုးရှင်းစွာ ပြန်ဆိုရန် သင့်လျော်သည်။

. . . ဟု ငါထူး၏

"... ဟု ငါပြန်ထူး၏"

ကျွန်ုပ်ရှိပါ၏

"နားထောင်နေပါ၏" သို့မဟုတ် "မိန့်တော်မူပါ။" ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။

Genesis 31:12

ယေဘုယျ အချက်အလက်

ကောင်းကင်တမန်က ယာကုပ်ထံ ဆက်လက် မိန့်ဆိုသည်။ (ရှု၊ GEN 31:10)

မြော်၍ကြည့်လော့

"မော့၍ ကြည့်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

တိရစ္ဆာန်မနှင့် ပေါင်းဘော်သော

တိရစ္ဆာန် အစုထဲမှ အမကောင်ရှိသမျှကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်အမတို့နှင့် ပေါင်းဖော်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်း ရှိကြ၏

"အစင်းကျားမှစ၍၊ အစက်အပြောက်များ ရှိကြ၏"

သင်သည် မှတ်တိုင်ကိုဆီလောင်း၍

ယာကုပ်က ဘုရားသခင်အတွက် ပေးအပ်ရန် ထိုကျောက်တိုင်ကို ဆီဖြင့် လောင်းခဲ့သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

အမျိုးသားချင်းတို့နေသော ပြည်

"သင်၏ မွေးရပ်မြေ"

Genesis 31:14

ရာခေလနှင့် လေအာတို့က . . . ဟု ပြန်ပြောကြ၏

တချိန်တည်း ပြောဆိုကြောင်း ဆိုလိုခြင်းမဟုတ်။ တဦးနှင့်တဦး သဘောတူကြောင်း ထင်ဟပ်စေသည်။

အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း

ဖခင်ထံမှ ရစရာမရှိကြောင်း ထင်ဟပ်စေသော အမေးစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံမှ ကျွန်မတို့ အမွေခံစရာ တခုမျှ မရှိပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည် မဟုတ်လော

မိမိတို့အပေါ် ဖခင်၏ ဆက်ဆံပုံကြောင့် ဒေါသဖြစ်မှုကို ထင်ဟပ်စေသော အမေးစကားဖြစ်သည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မတို့ကို သမီးကဲ့သို့ မဆက်ဆံဘဲ သူစိမ်းကဲ့သို့ ဆက်ဆံ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီတကား

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိမြတ်ဖို့ရန် ကျွန်မတို့ကို ရောင်းစားခဲ့ပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ

လာဗန်သည် သူ့သမီးများအား ပေးမည့် စည်းစိမ်များပင် မပေးတော့ဘဲ တလွဲလုပ်ယူကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငါတို့ ဥစ္စာကို ဖြုန်းတီးခဲ့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါတို့ဥစ္စာ၊ ငါတို့သားသမီးများ ဥစ္စာဖြစ်၏

"ငါတို့နှင့် ငါတို့သားသမီးများ အပိုင်ဖြစ်လေပြီ"

သို့ဖြစ်၍ . . . ယခုတွင်

"ယခု" ဟူရာတွင် "ယခု ချက်ချင်း" ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ နောင်တွင် ပြုလတ္တံ့သော အရာကို ညွှန်းသည်။

ဘုရားသခင် မှာထားတော်မူသည်အတိုင်း . . . ပြုပါလော့

"... ဘုရားသခင် မိန့်ဆိုသည်အတိုင်း ပြုပါလော့"

Genesis 31:17

မိမိသားမယားတို့

ယာကုပ်က သားနှင့် သမီးအားလုံးကို ဆောင်ယူသွား၏။ သို့ရာတွင် သားများက မိမိအမွေကို ဆက်ခံမည်ဖြစ်၍ အထူးတလည် ဖော်ပြထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိ သားသမီးနှင့် မယားတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မိမိတိရစ္ဆာန် . . . ဆောင်ယူ၍

"မိမိတိရစ္ဆာန်အစု ... ဆောင်ယူ၍။" သူပိုင်သော ခြံမွေးတိရစ္ဆာန်အားလုံးကို ညွှန်းသည်။

ပါဒနာရံအရပ်၌ ရသော တိရစ္ဆာန်ရှိသမျှတို့

"ပဒ္ဒန်အာရမ်ပြည်၌ ရသော သားယဉ်ရှိသမျှတို့"

အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏

"အဖ ဣဇာက် နေထိုင်ရာ ခါနာန်ပြည်သို့ ခရီးနှင်လေ၏"

Genesis 31:19

လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြားတပါးသို့ သွားခိုက်တွင်

"လာဗန်သည် သိုးမွေးကို ညှပ်ရန်၊ ထွက်သွားခိုက်တွင်"

မြစ်

မြစ်ကြီး ဟူသော ယူဖရေးတစ် ခေါ် ဥဖရတ်မြစ်ကို ညွှန်းသည်။

. . . ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏

"... ဖက်သို့ ခရီးဆက်လေ၏"

ဂိလဒ်တောင်

"ဂိလဒ်တောင်ကုန်း" သို့မဟုတ် "ဂိလဒ်ကုန်း"

Genesis 31:22

သုံးရက်မြောက်သော နေ့၌

ယုဒထုံးတမ်းစဉ်လာအရ ထွက်ခွာသောရက်ကို ပထမနေ့အဖြစ် သတ်မှတ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထွက်ခွာပြီး နှစ်ရက်အကြာတွင်"

လာဗန်ကြားသိလျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့က လာဗန်ထံ ကြားပြောလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ယာကုပ်ပြေးကြောင်းကို

အိမ်ထောင်ဦးစီးဖြစ်သော ယာကုပ်ကိုသာ ဖော်ပြထားသည်။ တမိသားစုလုံးပါဝင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်က မိမိအိမ်သားတို့နှင့် ထွက်ပြေးကြောင်းကို" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လျှင် . . . ကို ခေါ်၍

"၏။ ထို့ကြောင့် ... ကို ခေါ်၍"

. . . လိုက်သဖြင့်

"ယာကုပ်နောက် . . . လိုက်သဖြင့်"

ခုနစ်ရက်ခရီး

လာဗန်က ယာကုပ်ကို မှီရန် ခုနှရက် ကြာခဲ့သည်။

မှီလေ၏

"သူ့ကို မှီလေ၏"

Genesis 31:24

ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကြွတော်မူ၍

လာဗန်၏ နောက်ကြောင်းကို ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုနေ့ညတွင် ဘုရားသခင်သည် အာရမိလူ လာဗန်ထံ အိပ်မက်အားဖြင့် ထင်ရှားတော်မူ၍" (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

သင်သည် ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့

"ကောင်းမကောင်း" ဟူရာတွင် "တစုံတရာ" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကို တားဆီးသောစကား တစုံတရာမျှ မပြောမိခြင်းငှါ သတိပြုလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍ မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာ တဲကိုဆောက်လေ၏

"ထိုအခါ" ကို နောက်ကြောင်းသမိုင်းမှ ယာကုပ်နှင့် လာဗန်တို့အကြောင်းဖက်သို့ ကူးပြောင်းရာ၌ အသုံးပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်သည် ယာကုပ်ကို မှီသောအခါ၊ ယာကုပ်က ဂိလဒ်ကုန်းပေါ်မှာ တဲဆောက်နှင့်ပြီ။ ထို့ကြောင့် လာဗန်ကလည်း မိမိညီအစ်ကိုတို့နှင့်တကွ ထိုကုန်းပေါ်၌ တဲကို ဆောက်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

Genesis 31:26

စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား

စစ်တိုက်၍ ဖမ်းဆီးရသော သူတို့ကို အတင်းအဓ္ဓမ ခေါ်ဆောင်သကဲ့သို့ လာဗန်က ယာကုပ်ကို စွပ်စွဲပြောဆိုရာ၌ သုံးသော အတိသယဝုတ္တိပုဒ် ဖြစ်သည်။ ယာကုပ်က မိမိပြုသောအမှုအတွက် အရှက်စေခြင်းငှါ ဒေါသထွက်ရင်း ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile နှင့် /WA-Catalog/my_tm?section=translate#figs-hyperbole)

တိတ်ဆိတ်စွာ ထွက်ပြေးသနည်း

"တိတ်တဆိတ် ထွက်ပြေးသနည်း"

ပျော်မွေ့ခြင်းကိုပြု၍

"ပွဲလုပ်၍"

ပတ်သာနှင့် စောင်းတီးလျက်

ဂီတတူရိယာကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တူရိယာ တီးမှုတ်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ပတ်သာ

ခေါင်းတဖက်မှာ ဗုံကဲ့သို့ တီးခတ်နိုင်ပြီး၊ လှုပ်ခတ်လျှင် ဘေးပတ်လည်ရှိ သတ္တုစများ အသံမြည်သော ဂီတတူရိယာ တမျိုး။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ

တချို့မူပြန်ကျမ်းတွင် "သား" အရာ၌ "မြေးနှင့်" ဟု ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မြေးနှင့် သမီးတို့ကို ငါ နမ်းစေခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-gendernotations)

သင်သည် မိုက်စွာ ပြုလေပြီတကား

"သင်သည် ရူးမိုက်စွာ ပြုလေပြီ"

ယခု

က ၃၁:၂၉ ကို ရှု။

Genesis 31:29

ယခု

"ယခုချက်ချင်း" ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ နောင်တွင် ထိုသို့ ပြုကောင်းပြုနိုင်မည်ဟု ခန့်မှန်းခြင်းသာ ဖြစ်သည်။

သင့်ကို ငါညှဉ်းဆဲနိုင်၏

"သင့်" မှာ အများကိန်းညွှန်းနာမ်စားဖြစ်ပြီး ယာကုပ်နှင့် လိုက်ပါသူအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ကို ထိခိုက်ရန် ငါ့တွင် လူအင်အား လောက်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့

"ကောင်းမကောင်း" ဟူရာတွင် "တစုံတရာ" ကို ဆိုလိုသည်။ ၃၁:၂၄ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကို တားဆီးသော စကား တစုံတရာမျှ မပြောမိခြင်းငှါ သတိပြုလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

သင်သည် . . . သွားရသည် ဟုတ်စေတော့

"သင်" မှာ အနည်းကိန်း ညွှန်းနာမ်စားဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

မိဘအိမ်

"အိမ်" က မိသားစုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အဖနှင့် မိသားစုတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ငါ၏ ဘုရားတို့

"ငါ၏ ဘုရားရုပ်တုတို့"

Genesis 31:31

သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏

"သင်သည် ကိုယ်သမီးတို့ကို အတင်းခေါ်ယူသွားမည် စိုးသောကြောင့် တိတ်တဆိတ် ထွက်ပြေးခဲ့၏"

သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌ တွေ့လျှင်၊ ထိုသူကို သေစေလော့

မဟုတ်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ ဘုရားကို ခိုးသောသူမှာ အသက်မရှင်ရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-litotes)

ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်

"ကျွန်ုပ်တို့" ဟူရာတွင် ယာကုပ်၏ ဆွေမျိုးသာ မဟုတ်ဘဲ လာဗန်၏ ဆွေမျိုးတို့လည်း ပါဝင်သည်။ တရားမျှတမှု ရှိရန် နှစ်ဦးနှစ်ဖက်မှ ဆွေမျိုးသားချင်း အားလုံးက သက်သေပြုပေးမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

သင်၏ဥစ္စာကို ပြညွှန်၍ ယူပါလော့

"သင် ပိုင်သမျှကို ရှာ၍ ယူပါလော့"

ရာခေလ ခိုးကြောင်းကို ယာကုပ်မသိ

ယာကုပ်၏ နောက်ခံအခြေအနေကို ဖော်ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

Genesis 31:33

ကျွန်မ နှစ်ယောက်တို့

ဇိလပနှင့် ဗိလဟာတို့ကို ညွှန်းသည်။

ရှာသော်လည်း မတွေ့လျှင်

"ဘုရားရုပ်တုကို ရှာ၍မတွေ့လျှင်"

Genesis 31:34

ကုန်းနှီးတန်ဆာ

တိရစ္ဆာန်ကို စီးရန် ၎င်းအပေါ် တင်ရသော အထိုင်

သခင်

တစုံတယောက်ကို ဂုဏ်ပြုရာ၌ "သခင်" ဟု ခေါ်ရသည်။

သခင်ရှေ့မှာ ကျွန်မ မထနိုင်သည်ဖြစ်၍

"သခင်ရှေ့မှာ ကျွန်မ မရပ်နိုင်၍"

မိန်းမတို့၌ ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်

မိန်းမသားများ သားအိမ်မှ သွေးထွက်သော ဓမ္မတာ အချိန်ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

Genesis 31:36

လာဗန်ကို ဆုံးမသည်ကား . . . ဟု ဆိုလေ၏

"လာဗန်အား ... ဟု ဆုံးမလေ၏"

ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း

"အဘယ်သို့ပြစ်မှား" နှင့် "အဘယ်အပြစ်ရှိ" တို့မှာ အဓိပ္ပါယ်ချင်း တူညီသည်။ မိမိမှာ အဘယ်သို့ ပြုမှားကြောင်း မေးနေခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်က အဘယ်သို့ ပြုမှားမိသောကြောင့်၊ ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း

"ပြင်းထန်စွာ" က ယာကုပ်ကို ဖမ်းမိနိုင်ရန် အပတ်တကုတ် ကြိုးစားကြောင်း ထင်ဟပ်စေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်

"သင်ပိုင်သော ဥစ္စာတစုံတခု ရှိသလော"

တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ

"သင်" နှင့် "ကျွန်ုပ်" ဟူ၍ နှစ်ဦးနှစ်ဖက်မှ ဆွေမျိုးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိသလော။ ရှိလျှင်၊ ကျွန်ုပ်တို့အားလုံး၏ ဆွေမျိုးသားချင်းတို့ရှေ့ ဤအရပ်၌ ထားပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

တွေ့မိလျှင် . . . သူတို့သည်၊ ငါတို့နှစ်ယောက် စပ်ကြားမှာ စီရင်ပါစေ

"ငါတို့နှစ်ယောက်" မှာ ယာကုပ်နှင့် လာဗန်ကို ညွှန်းသည်။ "စပ်ကြားမှာ စီရင်ပါစေ" ဆိုရာတွင် မှားယွင်းသူနှင့် ဖြောင့်မတ်သူ သတ်မှတ်ပေးခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိသလော။ ရှိလျှင်၊ ငါတို့နှစ်ယောက် အလယ်၌ စီရင်ခြင်းငှါ ... " (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

Genesis 31:38

ယေဘုယျ အချက်အလက်

ယာကုပ်က လာဗန်ထံ ဆက်လက် ပြောဆိုသည်။

အနှစ်နှစ်ဆယ်

"အနှစ် ၂၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သိုးမ

သိုး အမ

ဝမ်းပိုးမပျက်

သားအိမ်ပျက်ခြင်းနှင့် သိုးငယ်မွေးရာ၌ မှားယွင်းခြင်း စသည်တို့ မရှိကြောင်း ဆိုလိုသည်။

သားရဲ ကိုက်သတ်သော အကောင်ကို သင့်ထံသို့ ကျွန်ုပ် မဆောင်ခဲ့

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားရဲက သင့်အကောင်ကို သတ်လျှင် ကျွန်ုပ် မဆောင်ခဲ့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကိုယ်အရှုံးခံရ၏

လာဗန်၏ တိရစ္ဆာန်သေလျှင် မိမိက လျော်ပေးရသဖြင့် မိမိက ဆုံးရှုံးခြင်းကို ခံရကြောင်း တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဥစ္စာမှ ပြန်လျော်ပေးရ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌လည်း နှင်းခဲကို၎င်း ခံရပြီ

ယာကုပ်သည် အပူနှင့် အအေး၏ ဝါးမျိုခြင်း ခံရသကဲ့သို့ တင်စား ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နေ့အချိန်၌ အပူ၊ ညအချိန်၌ အအေးတို့၏ ဝါးမြိုခြင်းကို ခံရင်း သိုးဆိတ်တို့ကို ထိန်းကျောင်းရပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 31:41

ယေဘုယျ အချက်အလက်

ယာကုပ်က လာဗန်ထံ ဆက်လက် ပြောဆိုသည်။

အနှစ်နှစ်ဆယ်ပတ်လုံး

"လွန်ခဲ့သော နှစ် ၂၀ ပတ်လုံး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ဆယ်လေးနှစ်

"၁၄ နှစ်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား

"ကျွန်ုပ်အခကို ဆယ်ကြိမ်ဈေးလှည့်ခဲ့ပြီ။" ၃၁း၇ ရှိ "ငါရထိုက်သော အဖိုးအခ" ပြန်ဆိုချက်ကို ရှု။

ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရားသည် ကျွန်ုပ်ဘက်၌ မရှိလျှင်

တူညီသော ဘုရားသခင်ကို သုံးကြိမ် ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် ကျွန်ုပ်အဖ ဣဇာက်၏ ဘုရားသခင်သည် ကျွန်ုပ်ဖက်၌ မရှိလျှင်"

ကျွန်ုပ်အဘ၏ ဘုရားသခင်

ဖခင် "ဣဇာက်" ကို ညွှန်းသည်။

ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား

"ကြောက်ရွံရာ" က "ကြောက်ရွံခြင်းအရှင် ထာဝရဘုရား" ကို ညွန်းပြီး၊ နက်နဲစွာ လေးမြတ်ကာ ထိုဘုရားကို အကြွင်းမဲ့ နာခံကြောင်း ဆိုလိုသည်။

လက်ချည်း

ချည်း - ဘာတခုမျှ မရှိကြောင်းကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လက်ဗလာဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကျွန်ုပ် ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍

စိတ္တဇနာမ် "ဆင်းရဲခံရခြင်း" ကို "ညှင်းဆဲခံရခြင်း" ဟူ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် ညှင်းဆဲခံရခြင်းနှင့် ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင် မြင်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 31:43

ငါ့သမီးတို့၌၎င်း၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ ငါပြုနိုင်သနည်း

လာဗန်က မိမိပြုနိုင်သောအရာ တခုမှ မရှိကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ငါ့သမီးတို့နှင့် မြေးတို့ကို ငါနှင့်အတူ ခေါ်ယူရန် ပြုနိုင်သောအရာ တခုမှမရှိ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သက်သေ ဖြစ်စေ၍

"သက်သေ" မှာ လူသက်သေကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ယာကုပ်နှင့် လာဗန်တို့ သစ္စာဆိုမည့် ပဋိညာဉ်စကားကို ညွှန်းသည်။ ငြိမ်းချမ်းစွာ နေမည်ဟု သဘောတူချိန်၌ ရှိနေသကဲ့သို့ ပဋိညာဉ်တရားကို ပုဂ္ဂိုလ်ပြုထားခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

Genesis 31:45

မှတ်တိုင်

အရေးကြီးသော အရာတခု ဖြစ်ပျက်ခဲ့ကြောင်း အမှတ်အသားပြုရန် စိုက်ထူလိုက်သော ကျောက်တုံးကြီးတခုကို ညွှန်းဆိုသည်။

ကျောက်ပုံကို တည်လုပ်ပြီးမှ

"ကျောက်ခဲတို့ တခုပေါ်တခု တင်ပြီးမှ"

ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏

"ကျောက်ပုံ ဘေး၌" ဟုလည်း ပြန်ဆိုနိုင်သည်။ တဦးနှင့်တဦး ပဋိညာဉ်သစ္စာ ပြုခဲ့ကြောင်း သက်သေပြသော စားပွဲဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ယေဂါ သဟာ ဒုသ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယေဂါ သဟာ ဒုသ အနက်ကား လာဗန်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဂိလဒ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂိလဒ် အနက်ကား ယာကုပ်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 31:48

ဤကျောက်ပုံသည် ငါနှင့်သင်၏ စပ်ကြား၌ သက်သေဖြစ်သည်

ကျောက်ပုံက လူသက်သေဟု ဆိုလိုခြင်း မဟုတ်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤကျောက်ပုံမှာ ငါနှင့်သင်အတွက် အမှတ်အသားဖြစ်သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

ဂိလဒ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂိလဒ် အနက်ကား ယာကုပ်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ ၃၁း၄၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မိဇပါ

ဘာသာပြန်ဆိုသူများ အနေဖြင့် "မိဇပါ အနက်ကား 'ကင်းမျှော်စင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်

"ခွါသွား" ဟူရာတွင် တဦးနှင့်တဦး ဝေးကွာခြင်းသဘောကို ဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့ တဦးနှင့်တဦး ဝေးကွာပြီးနောက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ငါတို့၌ လူသက်သေမရှိ

"ငါတို့" မှာ လာဗန်နှင့်ယာကုပ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့၌ လူသက်သေမရှိသော်လည်း"

Genesis 31:51

ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေ ဖြစ်စေသတည်း

ယာကုပ်နှင့်လာဗန်တို့ကြား ပြုခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဤကျောက်တို့က မှတ်တိုင်နှင့် နယ်နိမိတ် ဖြစ်ပေးမည်ဟု ဆိုလိုသည်။ လူသက်သေကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်း

အာဗြဟံမှာ ယာကုပ်၏အဖိုး၊ နာခေါ်မှာ လာဗန်၏အဖိုး ဖြစ်ကြသည်။ အာဗြဟံနှင့် နာခေါ်တို့၏ ဖခင်မှာ တေရဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ မိသားစုဝင်အားလုံးက ထာဝရဘုရားကို ကိုးကွယ်ခြင်းမပြုပါ။

မိမိအဘ ကြောက်ရွံ့ရာဘုရား

"ကြောက်ရွံ့ရာဘုရား" ဟူရာတွင် ဣဇာက်က လေးနက်စွာ ရိုသေ၍ နာခံသော ထာဝရဘုရားကို ညွှန်းသည်။

Genesis 31:54

ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်

တဦးနှင့်တဦး ပဋိညာဉ်သစ္စာ ပြုခဲ့ကြောင်း သက်သေပြသော စားပွဲဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

နံနက်စောစော . . . ပြန်သွားလေ၏

အငယ် ၅၅ မှာ မူရင်းဟေဗြဲကျမ်းတွင် အခန်းကြီး ၃၂ ၏ ပထမ အပိုဒ်ငယ်ဖြစ်ပြီး၊ ခေတ်ပေါ် မူပြန်ကျမ်းများတွင် အခန်းကြီး ၃၁ ၏ နောက်ဆုံး အပိုဒ်ငယ်ဖြစ်သည်။ မိမိပြန်ဆိုမည့် ဘာသာစကားနှင့် သင့်လျော်သည့်အတိုင်း ပြန်ဆိုပါ။

ကောင်းကြီးပေးပြီးမှ

တစုံတယောက် အပေါ်၌ ကောင်းခြင်းနှင့် အကျိုးစီးပွား ဖြစ်ထွန်းစေလိုသော ဆန္ဒကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။