Genesis 32

Genesis 32:1

မဟာနိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "မဟာနိမ် အနက်ကား 'စခန်းနှစ်ခု' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။

Genesis 32:3

စိရပြည်

ဧဒုံပြည်၏ တောင်ကုန်းဒေသ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် . . . ကျွန်တော်၌ . . . ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ... ငါ၌ ... ငါသည် သူ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်သည်အကြောင်း ငါ့သခင် ဧသောကို လျှောက်ကြ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ငါ့သခင်ဧသော

အစ်ကိုဖြစ်သူကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။

ကိုယ်တော်၏ကျွန် ယာကုပ်

မိမိကိုယ်ကို နှမ့်ချစွာ ခေါ်ဆိုခြင်း ဖြစ်သည်။

ကျွန်တော်သည် သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ

"စိတ်တော်" ဟူရာတွင် သဘောထား သို့မဟုတ် အကြိုက်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော့်ကို သဘောတူ ထောက်ခံစေခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 32:6

လူ လေးရာ

"လူ ၄၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အလွန်ကြောက်၍

မိမိ သို့မဟုတ် မိမိနှင့်သက်ဆိုင်သူ အပေါ် ဘေးအန္တရာယ် တခုခု ကျရောက်မည့်အတွက် ဖြစ်ပေါ်သော ခံစားချက်ကို ညွှန်းသည်။

စိတ်ပူပန်လျှင်

"ဝမ်းနည်းပြီး" သို့မဟုတ် "သောကဖြစ်ပြီး"

တစုကို . . . လုပ်ကြံလျှင်၊ ကြွင်းသောတစု လွတ်လိမ့်မည်

"တစု" ဟူရာတွင် လူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧသောက စခန်းတခုကို လုပ်ကြံလျှင်၊ နောက်တခု လွတ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 32:9

အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ ဘုရားသခင်၊ ထာဝရဘုရား

ဘုရားသခင် တပါးတည်းကိုသာ ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ် အဖိုးအာဗြဟံနှင့် အဖဣဇာက်တို့၏ ဘုရားသခင်၊ ထာဝရဘုရား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကျွန်ုပ်အဘ . . . ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ပြည် အမျိုးသားချင်းတို့ထံသို့ ပြန်သွားလျှင် ချမ်းသာစေမည်ဟု မိန့်တော်မူသော အကျွန်ုပ်အဘ ... ထာဝရဘုရား။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သင်၏ အမျိုးသားချင်းတို့

"သင်၏ မိသားစု"

ငါသည် သင်၌ကျေးဇူးပြုမည်

"ငါသည် သင့်ကိုချမ်းသာစေမည်" သို့မဟုတ် "ငါသည် သင့်ကို ကြီးပွားစေမည်"

ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော် အငယ်ဆုံးကိုမျှ အကျွန်ုပ် မခံထိုက်ပါ

စိတ္တဇနာမ် "ကရုဏာ" နှင့် "သစ္စာတော်" ကို "ကရုဏာကြီး" နှင့် "သစ္စာရှိ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်ကျွန်၌ ပြုတော်မူသော ပဋိညာဉ်တရားအပေါ် ကရုဏာကြီး၍ သစ္စာရှိရန် ထိုက်တန်သူ မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကိုယ်တော်ကျွန်

မိမိကိုယ်ကို နှိမ့်ချစွာ ခေါ်ညွှန်းခြင်း ဖြစ်သည်။

ယခုမူကား၊ အပေါင်းအသင်းနှစ်စု ဖြစ်ပါ၏

"ဖြစ်ပါ၏" မှာ လက်ရှိ ဖြစ်နေခြင်းကို ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုမူကား၊ လူ၊ တိရစ္ဆာန်နှင့် ဥစ္စာများ ကြွယ်ဝသဖြင့် အစုနှစ်စု ဖြစ်ရပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 32:11

ကယ်လွှတ်တော်မူမည်အကြောင်း

"ကင်တင်တော်မူမည်အကြောင်း"

အစ်ကိုဧသောလက်မှ

"လက်" ဟူရာတွင် တန်ခိုးကို ညွှန်းသည်။ ဧသော ဆိုသူမှာ မိမိအစ်ကိုဖြစ်ကြောင်း ထင်ဟပ်စေရမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစ်ကိုလက်၊ ဧသောလက်မှ" သို့မဟုတ် "အစ်ကို ဧသောထံမှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-parallelism)

သူသည် လာ၍ . . . ကို၎င်း . . . ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏

"သူသည် လာ၍ ... နှင့် ... အား သတ်မည်ကို အလွန်စိုးရိမ်ပါ၏"

ကိုယ်တော်က၊ ငါသည်သင်၌ အမှန် ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် . . . နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ကိုယ်တော်က အကျွန်ုပ်ကို ချမ်းသာစေ၍၊ မရေတွက်နိုင်အောင် ... ကဲ့သို့များသော အမျိုးအနွယ်ကို ပေးမည်အကြောင်း မိန့်ဆိုခဲ့ပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes and /WA-Catalog/my_tm?section=translate#figs-quotations)

ငါသည်သင်၌ အမှန် ကျေးဇူးပြု၍

"ငါသည် သင့်ကို ချမ်းသာစေ၍" သို့မဟုတ် "ငါသည် သင့်ကို ကြီးပွားစေ၍"

သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်

လူဦးရေ အလွန်များပြားမည့် ယာကုပ်၏ အမျိုးအနွယ်ကို ရေတွက်မရနိုင်သော ကမ်းခြေရှိ သဲလုံးများဖြင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

မရေတွက်နိုင်အောင် များပြားသော

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များပြားသဖြင့် ရေတွက်၍ မရသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 32:13

နှစ်ရာ

"၂၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

နှစ်ဆယ် . . . သုံးဆယ် . . . လေးဆယ် . . . တဆယ်

"၂၀ . . . ၃၀ . . . ၄၀ . . . ၁၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

နို့စို့သားငယ်နှင့်တကွ

"အငယ်နှင့်တကွ"

အသီးအသီး တစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင်

"လက်သို့ အပ်" ဟူရာတွင် တာဝန်ပေးအပ်ခြင်း သဘောကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တစုစီကို ကျွန်တို့ထံ ခွဲအပ်ပြီးလျှင်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

တစုနှင့်တစုကို ခရီးကွာစေလော့

"တစုနှင့်တစုကြား ခွာ၍ သွားလော့"

Genesis 32:17

မှာထားလေ၏

"ဟု စေလွှန်လေ၏"

သင်ကား . . . သင့်ရှေ့မှာရှိသော . . . ဖြစ်သနည်းဟု မေးလျှင်

ကိုးကားပြောဆိုသောစကား ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သခင်မှာ မည်သူဖြစ်၍၊ သင့်ရှေ့မှာရှိသော တိရစ္ဆာန်တို့ကို အဘယ်သူ ပိုင်ကြောင်းမေးလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သင်ကား၊ အဘယ်သူ၏လူ ဖြစ်သည်နည်း

"သင်၏သခင်မှာ အဘယ်သူဖြစ်၍"

သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ၏ဥစ္စာ ဖြစ်သနည်း

"သင့်ရှေ့မှာရှိသော တိရစ္ဆာန်တို့ကို အဘယ်သူ ပိုင်ကြောင်း"

ကိုယ်တော်ကျွန် ယာကုပ်၏ဥစ္စာ ဖြစ်ပါ၏။ သခင်ဧသောအား ဆက်သလိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူသည်လည်း နောက်မှာ ရှိပါ၏ဟု၊ လျှောက်ရမည်

ကိုးကားပြောဆိုသောစကား ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏ကျွန် ယာကုပ်က ပိုင်၍၊ မိမိသခင် ဧသောအား ဆက်သလိုက်ပြီး၊ သူ့ကို နှုတ်ဆက်ရန် လာနေပြီဖြစ်ကြောင်း လျှောက်ရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကိုယ်တော်ကျွန် ယာကုပ်၏ဥစ္စာ ဖြစ်ပါ၏

မိမိကိုယ်ကို နှိမ့်ချသောသဘောဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

သခင်ဧသောအား

ဧသောကို ရိုသေသောသဘောဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

နောက်မှာ ရှိပါ၏

ဧသောထံ လက်ဆောင်များ ယူလာသော အစေခံတို့၏ ရှုထောင့်မှ ဖော်ပြထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

Genesis 32:19

ဒုတိယသူ၊ တတိယသူ . . . ဟူ၍၎င်း မှာထားလေ၏

"ဒုတိယအဖွဲ့၊ တတိယအဖွဲ့ ... ဟူ၍လည်းကောင်း မှာထားလေ၏"

ကိုယ်တော်ကျွန် ယာကုပ် . . . ဟု၊ ကြားလျှောက်ရမည်

ဖြစ်နိုင်ချေများမှာ၊ (၁) "ကိုယ်တော့်ကျွန် ယာကုပ် ... ဟုလည်း၊ ကြားလျှောက်ရမည်" သို့မဟုတ် (၂) "ကိုယ်တော့်ကျွန် ယာကုပ် ... ဟူ၍၊ ကြားလျှောက်ရမည်"

သူ၏စိတ်ကို ငါဖြေမည်

"သူ့ကို စိတ်အေးစေမည်" သို့မဟုတ် "သူ၏ ဒေါသကို ငါဖြေမည်"

ငါ့ကို လက်ခံကောင်း လက်ခံလိမ့်မည်

"ငါ့အား ကြင်နာစွာ ကြိုဆိုပေလိမ့်မည်"

ထိုသို့ ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍

"လက်ဆောင်" ဟူရာတွင် ထိုလက်ဆောင်ကို ဆက်သမည့် အစေခံတို့ကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သူကိုယ်တိုင် . . . အိပ်၍ နေ၏

"ကိုယ်တိုင်" ဟူရာတွင် မိမိမှာ အစေခံတို့နှင့် လိုက်မပါကြောင်း ထင်ဟပ်စေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rpronouns)

Genesis 32:22

ကျွန်မ နှစ်ယောက်

"မယားငယ် နှစ်ယောက်။" ဇိလပါနှင့် ဗိလဟာတို့ကို ဆိုလိုသည်။

ယဗ္ဗုတ်ချောင်း

မြစ်ချောင်းအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရေတိမ်ရာအရပ်

မြစ်ချောင်းတို့ကို လွယ်ကူစွာ ကူးခပ်နိုင်သော ရေတိမ်သည့်အရပ်။

မိမိဥစ္စာရှိသမျှ

"မိမိပိုင်ဆိုင်သမျှ"

Genesis 32:24

မိုဃ်းလင်းသည်တိုင်အောင်

"အရုဏ်ကျင်းသည်တိုင်" (UDB)

ပေါင်ဆစ်

"ပေါင်ချန်ရိုး။" တင်ပါးနှင့် ပေါင်ရိုးကို ဆက်ထားသောနေရာဖြစ်သည်။

လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နပမ်းလုံးစဉ်တွင် ပေါင်ဆစ် ပြုတ်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မိုဃ်းလင်းဆဲရှိပြီ

"နေထွက်တော့မည်"

ကောင်းကြီး

တစုံတယောက်အပေါ် ကောင်းခြင်းသဘော သက်ရောက်၍ မင်္ဂလာဖြစ်စေမည်အကြောင်း မေတ္တာပို့ မြွက်ဆိုခြင်းကို ဆိုလိုသည်။

ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရ

အဟုတ်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မသွားရ။ အကျွန်ုပ်ကို ကောင်းကြီးပေးပြီးမှသာ လွှတ်ပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

Genesis 32:27

ဣသရေလ

ဘာသာပြန်ဆိုသူများ အနေဖြင့်၊ "ဣသရေလ အနက်ကား 'ဘုရားသခင်နှင့် လုံးပမ်းသည်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

လူနှင့်၎င်း

"လူ" မှာ လူတိုင်းကို ယေဘုယျ ခြုံငုံခြင်းဖြစ်သည်။

Genesis 32:29

ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍

"'ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်း' ဟု ဆို၍။" ယာကုပ်နှင့် သူစိမ်းတို့ကြား ဖြစ်ခဲ့အရာကို ပြန်လည်စဉ်းစား သုံးသပ်၍ အဖြေရှာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ နာမကို မေးမြန်းခြင်းမပြုနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ပေညေလ

ဘာသာပြန်ဆိုသူများ အနေဖြင့်၊ "ပေညေလ အနက်ကား 'ဘုရားသခင်၏ မျက်နှာတော်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မျက်နှာချင်းဆိုင်၍

တဦးနှင့်တဦး အနီးကပ် တွေ့ရကြောင်း ဆိုလိုသည်။

အသက်ချမ်းသာပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လွှတ်ငြိမ်းရပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 32:31

ထိုသို့ . . . ယနေ့တိုင်အောင်

ဣသရေလ၏ သားစဉ်မျိုးဆက်တို့ နောက်ခံသမိုင်းကို မိတ်ဆက်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

ယနေ့တိုင်အောင်

ကျမ်းပြု ရေးသားသော ခေတ်ကာလကို ညွှန်းသည်။

ပေါင်ချန်၌ရှိသော အကြောကြီး

ပေါင်ရိုးနှင့် ပေါင်ဆစ်ကို ဆက်ပေးသည့် အကြောဖြစ်သည်။

ပေါင်ချန်

"ပေါင်ဆစ်"

ထိုးတော်မူသောကြောင့်

"ရိုက်ချိုးတော်မူသဖြင့်"