Genesis 33

Genesis 33:1

behold

Not applicable

လူလေးရာ

"လူ ၄၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကို ဝေပေးလေ၏

သားတို့ကို အညီအမျှ ခွဲဝေပေးကြောင်း ဆိုလိုခြင်းမဟုတ်။ သက်ဆိုင်ရာ မိခင် အသီးသီးထံသို့ အပ်ပေးခြင်းကို ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်မနှစ်ယောက်

"အစေခံမ နှစ်ယောက်။" ဗိလဟာနှင့် ဇိလပကို ညွှန်းသည်။

သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍

"ကိုယ်တိုင်" ဟူရာတွင် ထိုသူတို့၏ ရှေ့တွင် ဦးစွာ သွားကြောင်း ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rpronouns)

ဦးညွှတ်ပြပ်ဝပ်လျက်

"ဦးညွှတ်ပြပ်ဝပ်" ဟူရာတွင် တစုံတယောက် အပေါ် ရိုသေလေးမြတ်ခြင်းသဘောကို ဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 33:4

ကြိုဆိုခြင်းငှါ

"ယာကုပ်ကို ကြိုဆိုခြင်းငှါ"

လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍

သီးသန့်ဝါကျအဖြစ် ခွဲထုတ်၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက်၊ ယာကုပ်ကို လည်ချင်းယှက်လျက်၊ ပွေ့ဖက်ကာ နမ်းရှုပ်၏"

နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ ပြန်ဆုံရသောကြောင့် ဝမ်းမြောက်သဖြင့် ငိုကြွေးကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မိန်းမများ၊ သူငယ်များကို မြင်လျှင်

"ယာကုပ်နှင့် အတူပါလာသော မိန်းမနှင့် ကလေးများကို မြင်လျှင်"

ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင် ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏

"ကိုယ်တော်၏ကျွန်" ဟူရာတွင် ယာကုပ်က မိမိကိုယ်ကို နှိမ့်ချစွာ ခေါ်ဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသော သားသမီးများ ဖြစ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

Genesis 33:6

ကျွန်မတို့

"အစေခံမတို့။" ဗိလဟာနှင့် ဇိလပကို ညွှန်းသည်။

ဦးညွှတ်ကြ၏

ရိုသေလေးမြတ်ကြောင်း ဖော်ပြသော အမူအရာဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်း

"တိရစ္ဆာန်စု အပေါင်းတို့" ဟူရာတွင် ဧသောအတွက် ဆက်သရန် ယာကုပ်စေလွှတ်လိုက်သော အစေခံများနှင့် လက်ဆောင်တို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတွေ့ခဲ့သော လူစုတို့မှာ၊ အဘယ်နည်း"

သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည်

"စိတ်တော်နှင့်တွေ့" က အတွေးအမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင် စိတ်ကျေနပ်စေခြင်းငှါ ဖြစ်ပါသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သခင်

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

Genesis 33:9

ငါ၌ လုံလောက်အောင် ရှိ၏

"တိရစ္ဆာန်" နှင့် "ဥစ္စာ" တို့ကို ညွှန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၌ တိရစ္ဆာန် လုံလောက်စွာရှိ၏" (UDB) သို့မဟုတ် "ငါ၌ ဥစ္စာ လုံလောက်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

စိတ်တော်နှင့် တွေ့သည်မှန်လျှင်

"စိတ်တော်နှင့် တွေ့" က အတွေးအမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ကို ကျေနပ်စေသည် မှန်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကျွန်တော်ဆက်သော လက်ဆောင်

ယာကုပ်က မိမိကိုယ်ကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်ပေးသော လက်ဆောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင်ရပါ၏

ဆိုလိုရင်း နားလည်ရခက်သော ခိုင်းနှိုင်းချက်ဖြစ်သည်။ ဖြစ်နိုင်ချေများမှာ၊ (၁) ဘုရားသခင် ခွင့်လွှတ်ပေးသကဲ့သို့ ဧသောက ခွင့်လွှတ်ပေးသည် သို့မဟုတ် (၂) ဘုရားသခင်ကို မြင်ရသကဲ့သို့ ဧသောကို မြင်ရသောအခါ အံ့ဩခြင်းဖြစ်သည် သို့မဟုတ် (၃) ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိသကဲ့သို့ ဧသော ရှေ့၌ နှိမ့်ချခြင်းဖြစ်သည် (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

ကိုယ်တော်၏ မျက်နှာကို ဖူးမြင်ရပါ၏

"မျက်နှာ" က ဧသောကို ပုံဆောင်သည်။ "ဘုရားသခင်၏ မျက်မှောက်တော်" နှင့် ၃၂:၂၉ ရှိ "မျက်နှာချင်းဆိုင်၍" ပြန်ဆိုချက်တို့၏ အရေးပါမှုကြောင့် "မျက်နှာ" ဟုသာ ဖော်ပြရန် သင့်ပါသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ကိုယ်တော်ထံသို့ရောက်သော

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်တို့ ဆက်သသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဘုရားသခင်သည်၊ ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ

"ဘုရားသခင်က ကျွန်တော့်အပေါ် ကောင်းမြတ်တော်မူပြီ" သို့မဟုတ် "ဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးပေးတော်မူပြီ"

ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏

လက်ဆောင်ကို ပထမဦးဆုံး ငြင်းဆိုရပြီး၊ ပေးကမ်းသူ စိတ်မပျက်မီ နောက်တကြိမ်၌ လက်ခံခြင်းမှာ ဓလေ့ထုံးစံတခု ဖြစ်သည်။

Genesis 33:12

သခင် သိသည်အတိုင်း

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် သိသည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ဤသူငယ်တို့သည် နုငယ်ပါ၏

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤကလေးတို့မှာ ငယ်လွန်းပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တနေ့ခြင်းတွင် အနှင်လွန်လျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တနေ့အတွင်း အနှင်လွန်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုကြောင့် သခင်သည်၊ ကိုယ်တော်၏ကျွန် ရှေ့မှာ ကြွနှင့်တော်မူပါ

နှိမ့်ချစွာ ညွှန်းဆိုသောစကား ဖြစ်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ကိုယ်တော့်ကျွန်၏ ရှေ့မှာ ကြွနှင့်တော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကျွန်တော် ဆောင်ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း

"ကျွန်တော် ဆောင်ခဲ့သော တိရစ္ဆာန်နှင့် သူငယ်များ၏ အရှိန်အတိုင်း"

စိရပြည်

ဧဒုံပြည်ရှိ တောင်ကုန်းဒေသဖြစ်သည်။ ၃၂:၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 33:15

အဘယ်အကြောင်း ရှိပါသနည်း

မိမိလူကို ထားစရာ မလိုပါကြောင်း ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ ပြုစရာအကြောင်း မရှိပါ" သို့မဟုတ် "ထိုသို့ ပြုစရာ မလိုပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သခင်၏

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သုကုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "သုကုတ် အနက်ကား 'အရိပ်အာဝါသ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ကိုယ်နေဘို့ အိမ်ကို၎င်း . . . ဆောက်လေ၏

မိမိ အိမ်သားတို့အတွက်လည်း ဖြစ်ကြောင်းကို တိကျစွာဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်နှင့် မိသားစုအဖို့အိမ်ကိုလည်းကောင်း ... ဆောက်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တိရစ္ဆာန်များနေဘို့ တင်းကုပ်တို့ကို၎င်း

"မိမိပိုင်သော တိရစ္ဆာန်များအဖို့ တင်းကုပ်တို့ကိုလည်းကောင်း"

Genesis 33:18

ယေဘုယျ အချက်အလက်

အကြောင်းသစ်ကို အစဖွင့်ထားသည်။ သုကုတ်မြို့၌ နေထိုင်ပြီးနောက် အဖြစ်အပျက်ကို တွေ့ရသည်။

ပါဒနာရံပြည်မှ ပြန်လာ၍

"ပဒ္ဒန်အာရမ်ပြည်မှ ပြန်လာ၍"

ရောက်လေ၏ . . . ပြန်လာ၍ . . . ဆောက်လေ၏

အိမ်ထောင်ဦးစီး ဖြစ်သော ယာကုပ် တစ်ဦးတည်း ဆောင်ရွက်သကဲ့သို့ သုံးနှုန်းထားသည်။ သို့ရာတွင် တမိသားစုလုံး ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

. . . ရှေ့မှာ တဲကို ဆောက်လေ၏

"... နားမှာ စခန်းချလေ၏"

မြေအကွက်

"မြေကွက်"

ဟာမော်

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရှေခင်၏အဘ

မြို့အမည်ဖြစ်ပြီး၊ လူတစ်ဦး၏ အမည်လည်း ဖြစ်သည်။

တပိဿာ

"ကျပ်သား ၁၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ဧလေလော ဣသရေလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧလေလော ဣသရေလ အနက်ကား 'ဘုရားသခင်၊ ဣသရေလ၏ ဘုရားသခင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)