Genesis 34

Genesis 34:1

ဒိန

လေအာ သမီး၏ အမည်ဖြစ်သည်။ ၃၀:၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဟိဝိအမျိုး

လူမျိုးစုအမည် ဖြစ်သည်။ ၁၀:၁၅ ရှိ "ဟိဝိလူ" ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုပြည်ကို အစိုးရသော . . . မင်း

ရှေခင် မဟုတ်ဘဲ ဟာမော်ကို ညွှန်းသည်။ "အစိုးရသော မင်း" ဟူရာတွင် ထိုဒေသ၏ ခေါင်းဆောင်ဟုလည်း ဆိုလိုသည်။

အိပ်ဘော်ပြုလျက်၊ သူ့အသရေကို ရှုတ်ချလေ၏

အဓမ္မ ပြုကျင့်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

နောက်မှ သူ့ကိုချစ်သောစိတ် မကုန်

"သူမကို လွန်စွာ ချစ်သဖြင့်" (UDB)။ ဒိနကို အလွန်ချစ်ကြောင်း ဖော်ပြသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒိနကို လွန်စွာတပ်မက်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏

သူမကို ချစ်သကဲ့သို့ မိမိကိုလည်း ပြန်လည် ချစ်ကြောင်း တုံ့ပြန်ရန် ပြောဆိုခြင်း ဖြစ်သည်။

Genesis 34:4

ယာကုပ်သည်... ကြားသိသော်

ရှေခင်မင်းသားက ဒိနအား ပြုသော အမှုကို ကြားသိခြင်း ဖြစ်သည်။

ရှုတ်ချ

ရှေခင်က အဓမ္မပြုခြင်းဖြင့် ဒိန၏ ဂုဏ်ကို ညစ်ညမ်းစေကြောင်း ဆိုလိုသည်။

ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏

အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 34:6

ဟာမော်မင်းသည် ယာကုပ်နှင့် နှုတ်ဆက်ခြင်းငှါ လာ၍

"ဟာမော်မင်းသည် ယာကုပ်နှင့် တွေ့ဆုံရန် လာ၍"

သူတို့သည် စိတ်နာ၍

"သူတို့သည် ဒေါသဖြစ်၍"

ထိုမင်းသားသည် . . . အလွန်အမျက်ထွက်ကြ၏

UDB မှာကဲ့သို့၊ ယာကုပ် သားတို့၏ တိုက်ရိုက်ပြောစကား အဖြစ် ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotations)

ဣသရေလအမျိုး၌ မိုက်သောအမှု

ဣသရေလ တမျိုးလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေသအမျိုးကို အရှက်ခွဲပြီး" သို့မဟုတ် "ဣသရေလအမျိုး၌ သိက္ခာကျစရာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍

"ထိုမင်းသားသည် ယာကုပ်၏သမီးအပေါ် အဓမ္မပြုကျင့်၍"

မပြုအပ်သောအရာ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မပြုသင့်သော အမှု" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 34:8

ဟာမော်မင်းလည်း သူတို့နှင့် နှုတ်ဆက်လျက်

"ဟာမော်မင်းလည်း သူတို့အား နှုတ်ဆက်လျက်"

သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏

"ချစ်အားကြီး" ဟူရာတွင် ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ သမီးကို ချစ်၍ ထိန်းမြားလိုပါ၏"

ထိမ်းမြားပေးစားကြပါလော့

အချို့သော ယဉ်ကျေးမှုတွင် သားသမီးတို့၏ အိမ်ထောင်ဖက်ကို မိဘက ရွေးချယ် သတ်မှတ်ပေးရသည်။

သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်းကို ပြုလျက်

လူမျိုးရေး၊ လူမှုရေး၊ ဘာသာရေး သို့မဟုတ် မျိုးနွယ်စု မတူသောသူ အချင်းချင်း လက်ထပ် ထိမ်းမြားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အမျိုးနှင့် ငါတို့အမျိုးကြား ထိမ်းမြားခြင်း ပြုလျှက်"

ဤပြည်၌ အဆီးအတားမရှိ

"ဤပြည်၌ လွတ်လပ်စွာ"

Genesis 34:11

ရှေခင်ကလည်း . . . ဟု၊ မိန်းမ၏ အဘနှင့်မောင်တို့အား ဆိုလေ၏

"ရှေခင်ကလည်း ... ဟု ဒိန၏အဖ ယာကုပ်နှင့် သားများထံ ဆိုလေ၏"

သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကို ပေးပါမည်

"စိတ်နှင့် တွေ့" ဟူရာတွင် အတွေးအမြင်ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အခွင့်ပေးလျှင်၊ တောင်းသမျှကို ပေးပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကန်တော့ဥစ္စာ

အချို့သော ယဉ်ကျေးမှုတွင်၊ မင်္ဂလာပွဲတွင် သတို့သားက သတို့သမီး၏ မိသားစုထံ ငွေကြေး၊ ဥစ္စာ၊ ခြေမွေးတိရစ္ဆာန်စသော လက်ဖွဲ့ပစ္စည်းကို ပေးသော ဓလေ့ကို ကျင့်သုံးသည်။

ယာကုပ်၏ သားတို့သည် . . . မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ

စိတ္တဇနာမ် "ပရိယာယ်" ကို "လိမ်လည်သည်" ဟူ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရာ ယာကုပ်၏ သားတို့က ... ရှေခင်နှင့် ဖခင်ဟာမော်တို့ထံ လိမ်လည်သည်မှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

နှမဒိနကို ရှေခင်မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍

ရှေခင်၏ အပြုအမူက ဒိန၏ ဂုဏ်ကို ညစ်ညမ်းစေကြောင်း ဆိုလိုသည်။ ၃၄:၄ ရှိ "ရှုတ်ချ" ပြန်ဆိုချက်ကို ရှု။

Genesis 34:14

. . . ဟုဆိုကြ၏

"... ဟု ရှေခင်နှင့် ဟာမော်တို့ထံ ဆိုကြ၏"

ကျွန်ုပ်တို့နှမကို . . . မပေးစားနိုင်ပါ

"နှမဒိနကို ... မပေးစားနိုင်ပါ"

ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်း ဖြစ်ပါ၏

"ထိုသို့ပြုလျှင်၊ သိက္ခာကျစရာ ဖြစ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်

ယာကုပ်၏ အိမ်သားနှင့် ဟာမော်၏ ပြည်သားတို့ကြား ထိန်းမြားခွင့်ပေးမည်ဟု ဆိုလိုသည်။

Genesis 34:18

ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည် နှစ်သက်၍

"စကား" မှာ ပြောသမျှအရာကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်၏ သားတို့ ပြောသည်ကို ဟာမော်နှင့် သား ရှေခင်တို့ လက်ခံ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ချက်ခြင်း ဝန်ခံလေ၏

"အရေဖျားလှီးရန် ကတိပြုလေ၏"

ယာကုပ်၏သမီး

"ယာကုပ်၏ သမီး ဒိန"

အဘ၏အမျိုးသားချင်း အပေါင်းတို့ထက် အသရေရှိသောကြောင့်၎င်း

နောက်စာကြောင်းသစ်ဖြင့် ဖော်ပြနိုင်သည်။ ရှေခင်ကို မိမိလူတို့က လေးစားသောကြောင့် သူပြောသမျှအတိုင်း လက်ခံမည်ဟု တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆွေမျိုးများ၏ ကြည်ညိုလေးစားမှုကို ရရှိသဖြင့် မိမိပြောသမျှအတိုင်း လက်ခံမည်ကို သိသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 34:20

မိမိမြို့တံခါး

ထိုခေတ် ခေါင်းဆောင်တို့က တရားဝင် ကြေညာချက်များကို မြို့တံခါး၌ ပြုလုပ်လေ့ရှိသည်။

ဤသူတို့

"ယာကုပ်၊ သူ၏သားများနှင့် ဣသရေလအမျိုးတို့"

ငါတို့နှင့် သင့်တင့်ကြပြီ

"ငါတို့" က ဟာမော်၊ သူ၏ သားနှင့် မြို့တံခါး၌ ရှိသမျှသောသူ အားလုံး ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ

"ငါတို့ပြည်၌ နေ၍ ရောင်းဝယ်ဖောက်ကား ကြပါစေ"

ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏

"အကြောင်းမူကား၊ သူတို့ နေထိုင်ဖို့ မြေနေရာ များလှပေ၏"

သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြစို့။ ငါတို့သမီးများလည်း သူတို့အား ထိမ်းမြားပေးစာကြစို့

လူတမျိုးနှင့် တမျိုး ထိန်းမြားပေးစားခြင်းကို ညွှန်းသည်။ ၃၄:၈ မှ ပြန်ဆိုချက်ကို ရှု။

Genesis 34:22

ယေဘုယျ အချက်အလက်

မြို့လူကြီးများထံ ဟာမော်နှင့် သားရှေခင်တို့က ဆက်လက် ပြောဆိုသည်။

သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်

"သို့ရာတွင် ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်း ဖြစ်ရန် ဝန်ခံစေခြင်းငှါ ဤသို့ပြုရမည်။ သူတို့သည် အရေဖျားလှီးခြင်း မင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးခြင်း မင်္ဂလာကို ခံရမည်"

သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော

ယာကုပ် ပိုင်ဆိုင်သော တိရစ္ဆာန်များနှင့် ဥစ္စာပစ္စည်းများကို ရှေခင်မြို့သားတို့ ပိုင်ဆိုင်ရမည်အကြောင်း ထင်ဟပ်စေသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ ပိုင်သော တိရစ္ဆာန်များ၊ ဥစ္စာများမှာ ငါတို့ဥစ္စာ ဖြစ်ရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 34:24

ယောက်ျား ရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောက်ျား ရှိသမျှတို့ကို အရေဖျားလှီးခြင်း မင်္ဂလာ ပြုပေးကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌

"သုံးရက်မြောက်" မှာ သုံးရက်၏ အစဉ်ပြကိန်းဖြစ်သည်။ ၎င်းအစဉ်ပြကိန်းကို နောက်တမျိုးဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ ခံပြီး သုံးရက်အကြာတွင်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

အလွန်နာကြသောအခါ

"အနာ မပျောက်သေးသဖြင့်"

ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်

"ဓါးလက်နက်များကို ကိုင်လျက်"

သတိမရှိသော ထိုမြို့ကို တိုက်၍

"မြို့" က မြို့သားတို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သတိ မရှိသော မြို့သားတို့ကို တိုက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏

စာကြောင်း နှစ်ကြောင်းဖြင့် ဖော်ပြနိုင်သည်။ "တိုက်၏။ ယောက်ျားအပေါင်းတို့ကို သတ်လေ၏"

ထားလက်နက်ဖြင့်

ဓါးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဓါးထိပ်ဖြင့်" သို့မဟုတ် "ဓါး လက်နက်ဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 34:27

အသေသတ်ပြီးသော သူတို့

ဟာမော်၊ ရှေခင်နှင့် လူတို့၏ အလောင်း"

မြို့ကို လုယက်ဖျက်ဆီးသဖြင့်

"မြို့ကို လုယက်သဖြင့်"

မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်

ဒိနကို ပြစ်မှားသူမှာ ရှေခင်တဦးတည်း ဖြစ်သော်လည်း ယာကုပ်၏ သားများက ရှေခင်တို့ တအိမ်သားလုံးနှင့် တမြို့လုံးကို အပြစ်တင်သည်။

ရှုတ်ချခြင်းကို ခံရသောကြောင့်

ဒိနကို အဓမ္မကျင့်ခြင်းဖြင့် သူမ၏ ဂုဏ်အသရေကို ဖျက်ဆီးကြောင်း ဆိုလိုသည်။ ၃၄း၄ ရှိ "ရှုတ်ချ" ပြန်ဆိုချက်ကို ရှု။

သူတို့ သိုး . . . ကို၎င်း သိမ်းယူ၍

"မြို့သားတို့၏ သိုး ... ကိုလည်း သိမ်းယူ၍"

ရှိသမျှသော ဥစ္စာကို၎င်း

"ရှိသမျှသော ဥစ္စာပစ္စည်းကိုလည်းကောင်း"

သူတို့ သားမယား သူငယ်အပေါင်းကို၎င်း သိမ်းယူ၍

"သူတို့ သားသမီးနှင့် မယားအပေါင်းကိုလည်းကောင်း သိမ်းယူ၍"

Genesis 34:30

ငါ့ကို ညှဉ်းဆဲကြပြီတကား

"ညှဉ်းဆဲ" ခြင်းကို လူတစ်ဦးအပေါ် ထားနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဒုက္ခရောက်စေပြီ တကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့ကိုရွံရှာအောင် ပြုကြပြီတကား

မုန်းတီးခြင်းကို ရွံရှာခြင်းနှင့် တင်စာထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဆန့်ကျင်အောင် ပြုကြပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့် . . . ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်

"ငါ" က ယာကုပ်၏ မိသားစု တခုလုံးကို ညွှန်းသည်။ အိမ်ထောင်ဦးစီး အနေဖြင့် "ငါ" ဟုသာ သုံးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မိသားစုမှာ လူနည်းသောကြောင့် ... ငါတို့ကို တိုက်သဖြင့်၊ ငါတို့အားလုံးကို ဖျက်ဆီးကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်

"သူတို့သည် လူစု၍ ငါ့ကို တိုက်သဖြင့်" သို့မဟုတ် "သူတို့သည် လူစု၍ ငါတို့ကို တိုက်သဖြင့်"

ငါ . . . တို့ကို ဖျက်ဆီးကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဖျက်ဆီးကြလိမ့်မည်" သို့မဟုတ် "ငါတို့ကို ဖျက်ဆီးကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ငါတို့နှမကို ပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လော

ရှိမောင်နှင့် လေဝိတို့က ရှေခင်ပြုသော အမှုမှာ မှားယွင်းပြီး သေရန် ထိုက်တန်ကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငါ့တို့နှမကို ပြည့်တန်ဆာကဲ့သို့ ဆက်ဆံခြင်း မပြုလျှင် သေမည်မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)