Genesis 35

Genesis 35:1

ဗေသလအရပ်သို့ သွားနေလော့

ဗေသလအရပ်မှာ ရှေခင်မြို့ထက် မြေနေရာ ပိုမြင့်သဖြင့် "တက်၍ နေလော့" ဟုလည်း အသုံးပြုနိုင်သည်။

ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့

ဘုရားသခင်က မိမိကိုယ်ကို အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ဘုရားသခင် ငါ့အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

အိမ်သူအိမ်သားများ . . . ကို ခေါ်၍

"မိသားစု ... ကို ခေါ်၍"

သင်တို့တွင်ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့

"သင်တို့၏ နတ်ရုပ်တုတို့ကို ပယ်ပစ်ကြလော့" သို့မဟုတ် "သင်တို့၏ ဘုရားရုပ်တုများကို ပယ်ပစ်ကြလော့"

အဝတ်ကိုလဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့

ဘုရားသခင်ကို ကိုးကွယ်မှု မပြုမှီ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာပိုင်းဆိုင်ရာ သန့်ရှင်းစေရန် ဆောင်ရွက်သော ဓလေ့တစ်ခုဖြစ်သည်။

အဝတ်ကိုလဲ၍

ဘုရားသခင် ရှေ့မှောက်၌ သန့်ရှင်းစင်ကြယ်မှုကို ဖော်ပြရန် အဝတ်ကို လဲရသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ငါသည် ဆင်းရဲခံရသောကာလ

ဖြစ်နိုင်ချေများမှာ၊ (၁) ဧသောထံမှ ထွက်ပြေးသော အချိန်ကာလ သို့မဟုတ် (၂) စိတ်ဒုက္ခရောက်သော နေ့ရက်တိုင်းကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခက်ခဲမှုနှင့် ကြုံရစဉ်တွင်" သို့မဟုတ် "ဒုက္ခရောက် ခဲ့စဉ်တွင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 35:4

သူတို့သည်လည်း . . . ပေး၍

"ယာကုပ်၏ အိမ်သားတို့ကလည်း ... ပေး၍" သို့မဟုတ် "ထိုသို့ဖြင့် အိမ်သားများနှင့် အစေခံတို့ကလည်း ... ပေး၍"

မိမိတို့၌ပါသော

"၌ပါသော" က လက်ထဲ၌ ပိုင်ဆိုင်မှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့ လက်၌ပါသော" သို့မဟုတ် "မိမိတို့ ပိုင်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

နား၌ပန်သော နားပန်တန်ဆာ

"နားကပ်များ" (UDB)။ ဖြစ်နိုင်ချေများမှာ၊ (၁) နားကပ်၏ ရွှေသားဖြင့် ရုပ်တုများ ပြုလုပ်နိုင်သောကြောင့် ဖြစ်သည် သို့မဟုတ် (၂) ရှေခင်မြို့မှ လုယူထားသော နားကပ်များဖြစ်သည်။ မိမိတို့၏ အပြစ်ကို ကိုယ်စားပြုသည်။

ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍

ဘုရားသခင်က အိမ်နီးချင်း မြို့သားတို့အပေါ် ယာကုပ်နှင့် မိသားစုကို ကြောက်ရွံ့သောစိတ် ထည့်ပေးလိုက်သည်။ "ကြောက်ရွံ့၍" ကို စိတ္တဇနာမ် "ကြောက်ရွံ့ခြင်း" ဖြင့် ဖော်ပြနိုင်သည်။ "ကြောက်ရွံ့" ကို "ထိတ်လန့်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ပတ်ဝန်းကျင် မြို့တို့အပေါ် ထိတ်လန့်ခြင်း ဖြစ်စေ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-abstractnouns)

မြို့သားတို့

"မြို့သား" မှာ မြို့ တခုလုံးကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ယာကုပ်သားတို့

ယာကုပ်၏ မိသားစုကို တိုက်ခိုက်သောသူ တစ်ယောက်မှမရှိကြောင်း ဆိုလိုသည်။ သို့ရာတွင်၊ ရှိမောင်နှင့်လေဝိဟူသော သားနှစ်ယောက်က ယာကုပ်၏သမီးကို အသရေဖျက်ခဲ့သော ရှေခင်၏ ဆွေမျိုးခါနာန်လူတို့ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်၊ ကလဲ့စားချေခြင်း ခံရမည်ကို ယာကုပ် စိုးရိမ်ကြောက်ရွံ့ခဲ့ကြောင်း ၃၄း၃၀ တွင် တွေ့ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်နှင့်မိသားစု" သို့မဟုတ် "ယာကုပ်နှင့် အိမ်သားတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 35:6

လုဇမြို့

မြို့အမည် ဖြစ်သည်။ ၂၈:၁၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧလဗေသလ အနက်ကား 'ဗေသလ၏ ဘုရားသခင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း

"ထိုအရပ်၌ ယာကုပ်ထံ ဘုရားသခင် ထင်ရှားတော်မူသတည်း"

ဒေဗောရ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရေဗက္က၏အထိန်း

တခြားမိန်းမ၏ ကလေးကို ထိန်းကျောင်းပေးသော အမျိုးသမီးဖြစ်သည်။ အိမ်ထောင် မိသားစုတခုတွင် အထိန်းတော်မှာ လေးစားခြင်း ခံရပြီး အရေးပါသောသူ ဖြစ်သည်။

ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗေသလနား သပိတ်ပင်အောက်တွင် သူမကို သင်္ဂြိုလ်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဗေသလအရပ်၌

ဗေသလမှ မြေနိမ့်ရာအရပ်၌ သင်္ဂြိုလ်သဖြင့် "အနား" ဟု ပြန်ဆိုသင့်သည်။

အာလုမ္ဘာကုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာလုမ္ဘာကုတ် အနက်ကား 'ငိုကြွေးခြင်းရှိရာ သပိတ်ပင်' ဟူသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 35:9

ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်

ဗေသလအရပ်၌ နေထိုင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်သည် ပါဒနာရံပြည်မှ ပြန်လာ၍၊ ဗေသလအရပ်၌ အခြေချနေစဉ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကောင်းကြီးပေးတော်မူပြီးလျှင်

"ကောင်းကြီး" မှာ တစုံတဦးအပေါ် ကောင်းကျိုးဖြစ်၍ ကောင်းခြင်း မင်္ဂလာ သက်ရောက်စေရန် ဆန္ဒပြုခြင်းကို ဆိုလိုသည်။

နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောင်၌ သင်၏ အမည်မှာ ယာကုပ် မဟုတ်ရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 35:11

တဖန် ဘုရားသခင်က . . . ဟု မိန့်တော်မူ၏

"တဖန် ဘုရားသခင် မိန့်တော်မူသည်ကား ... ဟူသတည်"

တိုးပွါးများပြားလော့

သားစဉ်မြေးဆက် မြောက်များစွာ ထွန်းကားရန် မိန့်ဆိုခြင်း ဖြစ်သည်။ "များပြား" ခြင်းဖြင့် "တိုးပွါး" ရန် ဆိုလိုသည်။ ၁:၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်

"လူတမျိုး" နှင့် "အမျိုးမျိုးတို့" မှာ ၎င်းပြည်များကို ထူထောင်မည့် ယာကုပ်၏ သားစဉ်မြေးဆက်ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဘုရားသခင် တက်ကြွတော်မူ၏

ဘုရားသခင် ကိန်းဝပ်ရာအရပ်မှာ လောက၏ အထက်တွင် ရှိသောကြောင့် "တက်ကြွ" ဟု သုံးနှုန်းထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ထွက်ခွာတော်မူ၏"

Genesis 35:14

ကျောက်တိုင်

မှတ်ကျောက်အဖြစ် စိုက်ထူထားသော ကျောက်တုံးကြီးတစ်ခု ဖြစ်သည်။

ကျောက်ဖျားပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို၎င်း လောင်းလေ၏

ဘုရားသခင်အတွက် စိုက်ထားကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေသလ အနက်ကား 'ဘုရားသခင်၏ အိမ်တော်' တည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။

Genesis 35:16

ဧဖရတ်မြို့

ဗက်လင်မြို့၏ အခြားအမည် ဖြစ်သည်။

ပြင်းစွာသော ဝေဒနာကို ခံရ၏

"ပြင်းထန်စွာ နာကျင်ရ၏"

ထိုသို့ပြင်းစွာ ခံနေရစဉ်တွင်

"ဝေဒနာ ပြင်းထန်လာသောအခါ"

ဝမ်းဆွဲ

သားဖွားရာ၌ ကူညီပေးသောသူ ဖြစ်သည်။

ရာခေလသည် သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ် ထွက်စဉ်အခါ

"နာမ်ဝိညာဉ် ထွက်" မှာ လူတယောက် သေခါနီး နောက်ဆုံးထွက်သက် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလ သေအံ့ဆဲဆဲ၊ နာမ်ဝိညာဉ် မထွက်မီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ဗေနောနိ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေနောနိ အနက်ကား 'ဝမ်းနည်းခြင်းမှ မွေးသော သား' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဗင်္ယာမိန်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗင်္ယာမိန် အနက်ကား 'လက်ယာဖက်၌ မွေးသော သား' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။

သင်္ဂြိုဟ်ခြင်းကို ခံလေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမကို သင်္ဂြိုလ်ကြလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

လမ်းခရီးတွင်

"လမ်းမပေါ်တွင်" (UDB)

ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်း

"၎င်းမှာ၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းကို အမှတ်ပြုသတည်း"

ယနေ့တိုင်အောင်

"မျက်မှောက်ခေတ်တိုင်အောင်။" ကျမ်းကို ရေးသားပြုစုသော အချိန်ကို ဆိုလိုသည်။

Genesis 35:21

ဣသရေလသည် တဖန်ခရီးသွားပြန်၍

ဣသရေလ၏ မိသားစုနှင့် အစေခံများလည်း ပါဝင်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ ၂၉:၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏

က ၃၅:၂၃ ကို ရှု။

တကျိပ်နှစ်ပါး

က ၃၅:၂၃ ကို ရှု။

Genesis 35:23

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ ၂၉:၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 35:26

ဇိလပ

လေအာ၏ အစေခံမအမည် ဖြစ်သည်။ ၂၉:၂၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ပါဒနာရံပြည်၌ ဘွားမြင်သော

ခါနာန်ပြည် ဗက်လင်မြို့နား၌ မွေးဖွားသော ဗင်္ယာမိန်လည်း ပါဝင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ပါဒနာရံပြည်၌ မွေးဖွားသော သားအများစုအတွက် ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနာန်ပြည်၌ ဖွားမြင်သော ဗင်္ယာမိန်မှအပ၊ ပါဒနာရံပြည်၌ ဖွားမြင်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထိုနောက် ယာကုပ်သည် . . . အဘဣဇာက်ထံသို့ ရောက်လေ၏

"ရောက်" ကို "သွား" ဟူ၍ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

မံရေအရပ်

ဟေဗြုန်မြို့၏ နောက်အမည် ဖြစ်သည်။ ထိုအရပ်၌နေသော အာဗြဟံ၏ မိတ်ဆွေ မံရေအမည်ကို အစွဲပြုခြင်း ဖြစ်ပေမည်။ ၁၃:၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ကိရယသာဘမြို့

မြို့တခု အမည်ဖြစ်သည်။ ၂၃:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 35:28

အနှစ်တရာရှစ်ဆယ်

"နှစ် ၁၈၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်

"အသက်ဆုံး၍ ကွယ်လွန်သဖြင့်။" "အသက်ချုပ်" နှင့် "အနိစ္စဖြစ်" မှာ အဓိပ္ပါယ်ချင်း တူသည်။ ၂၅:၇ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေဆုံးသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

အသက်ချုပ်၍

သေခြင်းကို ယာဉ်ကျေးသောသဘောဖြင့် ဖော်ပြခြင်းဖြစ်သည်။ ၂၅:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

မိမိလူမျိုး စည်းဝေးရာသို့ ရောက်လေ၏

ဣဇာက် သေသောအခါ၊ မိမိဘိုးဘေးတို့ ရှိရာ၌ သွားကြောင်း ဆိုလိုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "ကွယ်လွန်ခဲ့သော မိသားစုများ ထံသို့ ရောက်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌

"အသက်ကြီးရင့်" နှင့် "ကာလပြည့်" မှာ အဓိပ္ပါယ်ချင်း တူသည်။ အသက်ရှည်ကြာစွာ ရှင်ခဲ့ကြောင်း ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရင့်၍ အိုမင်းသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)