Genesis 30

Genesis 30:1

ရာခေလသည် ယာကုပ်အား သားမဘွားကြောင်းကို မိမိသိမြင်သောအခါ

"မိမိမှာ သားအိမ်မြုံကြောင်း‌ ရာခေလ သိမြင်သောအခါ"

ငါသေတော့အံ့

သားမဖွားနိုင်သဖြင့် စိတ်ဆင်းရဲကြောင်း ထင်ဟပ်စေရန် သုံးနှုန်းထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တန်ဖိုးမဲ့သကဲ့သို့ ခံစားရပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hyperbole)

ငါ့အား သားကိုပေးပါ

"ငါ့အား ကိုယ်ဝန်လွယ်ရသောအခွင့်ကို ပေးပါ"

ရာခေလကို အမျက်ထွက်၍

ဒေါသကို မီး လျှံထွက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလအပေါ် ဒေါသဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါသည် သင့်အား သားဘွားသောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော် ဖြစ်သလော

ရာခေလကို ဆူရာ၌ အသုံးပြုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ဘုရားမဟုတ်။ သင့်အား သားဖွားရန် တားဆီးနိုင်သောသူ မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 30:3

ရာခေလကလည်း . . . ဟု ဆိုလျက်

"သူမကလည်း ... ဟု ဆိုလျက်"

အကျွန်ုပ်၌ ကျွန်မ ဗိလဟာ ရှိပါ၏ . . . သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိပါလိမ့်မည်

ထိုခေတ်အခါ၌၊ သားအိမ်မြုံသောသူ အနေဖြင့် ကလေးရနိုင်မည့် တရားဝင်နည်းလမ်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဗိလဟာ

ရာခေလ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။

အကျွန်ုပ်ဒူးပေါ်မှာ

ဗိလဟာ မွေးသော ကလေးကို မိမိပိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်အတွက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိပါလိမ့်မည်

"ထိုသို့ဖြင့် အကျွန်ုပ်သည် ကလေးကို ရနိုင်ပါမည်"

Genesis 30:5

ဗိလဟာ

ရာခေလ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉ဂ၂၈ မှ ပြန်ဆိုချက်ကို ရှု။

ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ သားဖွားသော်"

ထိုသားကို . . . အမည်ဖြင့် မှည့်လေ၏

"ထိုသားကို ... ဟု ရာခေလ မှည့်လေ၏"

ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဒန် အနက်ကား 'စီရင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 30:7

ဗိလဟာသည် ပဋိသန္ဓေယူပြန်၍

"ဗိလဟာသည် ကိုယ်ဝန်ဆောင်ပြန်၍"

ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ ဒုတိကသားကို ဖွားမြင်သော်"

ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍

"ကျပ်ကျပ် လုံးထွေး၍" ဟူခြင်းဖြင့် အဘယ်သို့ လုံးထွေးကြောင်း ထင်ဟပ်စေသည်။ လေအာကဲ့သို့ ကလေးမွေးရန် ကြိုးပမ်းမှုကို နပမ်းလုံးသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အစ်မကဲ့သို့ သားဖွားနိုင်ရန် ရုန်းကန်၍" (UDB) (ရှု၊ idiom နှင့် /WA-Catalog/my_tm?section=translate#figs-metaphor)

နိုင်ခဲ့ပြီ

"အောင်မြင်ခဲ့ပြီ" သို့မဟုတ် "ပြီးဆုံးခဲ့ပြီ"

ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "နဿလိ အနက်ကား 'ရုန်းကန်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:9

လေအာသည် . . . ဘဲနေကြောင်းကို မိမိသိမြင်သောအခါ

"မိမိမှာ ... နိုင်တော့ကြောင်း လေအာ သိမြင်သောအခါ"

မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယား ဖြစ်စေခြင်းငှါ အပ်လေ၏

"မိမိအစေခံမ ဇိလပကို ယာကုပ်၏ မယားအဖြစ် အပ်လေ၏"

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉:၂၃ မှ ပြန်ဆိုချက်ကို ရှု။

ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ သားကို ဖွားမြင်သော်"

ကောင်းကျိုးလာသည်

"မင်္ဂလာရှိပါတကား" သို့မဟုတ် "မင်္ဂလာရှိ၏"

ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂဒ် အနက်ကား 'မင်္ဂလာ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:12

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉:၂၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ ဒုတိယသားကို ဖွားမြင်သော်"

ငါ၌ မင်္ဂလာရှိ၏

"ငါ၌ ဝမ်းမြောက်ခြင်းရှိ၏" သို့မဟုတ် "ဝမ်းမြောက်လှပါတကား"

လူသမီးတို့

"အမျိုးသမီးတို့" သို့မဟုတ် "မိန်းမပျိုတို့"

ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာရှာ အနက်ကား 'ဝမ်းမြောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 30:14

ရုဗင်သည် . . . ထွက်သွားပြီး

"ရုဗင်သည် ... ထွက်ပြီး"

ဂျုံစပါးကို စုသိမ်းသော အချိန်ကာလ၌

"အချိန်ကာလ" မှာ နှစ်တနှစ်၏ ရာသီ သို့မဟုတ် အချိန်တခုကို ညွှန်းသော ဝေါဟာရဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဂျုံစပါး စုသိမ်းသော အချိန်၌" သို့မဟုတ် "ဂျုံစပါးကို ရိတ်သိမ်းသော ကာလ၌" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အနုဆေးသီး

ပီယ အစွမ်းတိုးစေသော အသီးတမျိုး ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပီယဆေးသီး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိ ထင်သလော

"သင်သည် ငါ့လင်ကို ယူ၍ ဆင်ခြင်ဉာဏ် မရှိသေးသလော။" ရာခေလကို ဆူရာ၌ သုံးသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်က ငါ့လင်ကို ယူ၍ အဖြစ်ဆိုးလှပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကား

ရာခေလကို ဆူပူရာ၌ သုံးနှုန်းထားသည်။ ဖြစ်ကြောင်းပြ ဝါကျဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု၊ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသလော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)‌

လင်သည် . . . အိပ်ရမည်

"ယာကုပ်သည် ... အိပ်ရမည်" သို့မဟုတ် "ယာကုပ်သည် ... အိပ်ရန် ခွင့်ပြုပါမည်"

Genesis 30:16

အကျွန်ုပ်၏သား ရခဲ့သော အနုဆေးသီးနှင့်

"ကျွန်မသား၏ အနုဆေးသီးဖြင့်။" ၃၀:၁၄ မှ ပြန်ဆိုချက်ကို ရှု။

သူသည် ပဋိသန္ဓေယူ၍

"သူမသည် ကိုယ်ဝန်ဆောင်၍"

ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော်

"ယာကုပ်အဖို့ ပဉ္စမသားကို ဖွားမြင်သော်"

ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီ

အလုပ်တခုကို ဆောင်ရွက်သဖြင့် ၎င်းအတွက် အဖိုးအခ ရသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါအား အခကို ပေးတော်မူပြီ" သို့မဟုတ် "ဘုရားသခင်က ငါ့အား အဖိုးအခ ပေးတော်မူပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဣသခါ အနက်ကား 'အဖိုးအခ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:19

တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍

"တဖန် လေအာသည် ကိုယ်ဝန်ဆောင်ပြန်၍"

ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်

"ယာကုပ်အဖို့ ဆဌမသားကို ဖွားမြင်သော်"

ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇာဗုလုန် အနက်ကား 'ဂုဏ်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

ဒိနအမည်ဖြင့် မှည့်လေ၏

လေအာ၏ သမီး အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 30:22

ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍

"အောက်မေ့" မှာ အမှတ်ရကြောင်း ဆိုလိုသည်။ သို့ရာတွင် မေ့လျော့ကြောင်း ဆိုလိုခြင်းမဟုတ်။ သူမ၏ ဆုတောင်းချက်ကို နားညောင်းကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့၍ သူမ ဆန္ဒကို လိုက်လျောတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီ

"ကဲ့ရဲ့ခြင်းအကြောင်း" ကို ဖယ်ရှား၍ရသော အရာဝတ္ထုကဲ့သို့ တင်စားထားသည်။ စိတ္တဇနာမ် "ကဲ့ရဲ့ခြင်းအကြောင်း" ကို ကြိယာပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် အရှက်မခံရန် ဘုရားသခင် ပြုပေးတော်မူပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-abstractnouns)

ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယောသပ် အနက်ကား 'နောက်ထပ်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသော

ရာခေလ၏ ပထမ သားနှစ်ဦးမှာ အစေခံမ ဗိလဟာ အားဖြင့် ရရှိသော သားများ ဖြစ်သည်။

Genesis 30:25

ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသောနောက်

"ယောသပ်ကို ရာခေလ ဖွားမြင်ပြီးနောက်"

သွားရသောအခွင့်ကို ပေးပါလော့

"ပြန်ရန် အခွင့်ပေးပါ"

ကျွန်ုပ် အစေခံသည်အကြောင်းကို အဘသိပါသည်

မိမိတို့ ဆိုခဲ့သော သစ္စာစကားကို ပြန်လည် သတိပေးနေခြင်း ဖြစ်သည်။ စိတ္တဇနာမ် "အစေခံသည်အကြောင်း" ကို "အစေခံ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုချိန်ထိ အဘကို အစေခံခဲ့ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 30:27

လာဗန်က . . . ဟု ဆိုလေသော်

"လာဗန်က ... ဟု ယာကုပ်ထံ ဆိုသော်"

သင်၏စိတ်နှင့် တွေ့ပါစေ

"သင်၏စိတ်" မှာ ယာကုပ်၏ အတွေးနှင့် အမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အား မျက်နှာသာပေးပါ" သို့မဟုတ် "သင့်ကို ကျေနပ်စေပါမည်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စိတ်နှင့် တွေ့

တစုံတယောက်၏ ထောက်ခံပေးခြင်းကို ဆိုလိုသော အသုံးအနှုန်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါရိပ်မိပြီ

"ငါ့ဝိညာဉ်က ရိပ်မိပြီ"

သင်၏အကြောင်းကြောင့်

"သင့်အတွက်ကြောင့်"

ငါပေးရမည်အခကို ပြောပါ

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤနေရာတွင် ဆက်လက် နေစေခြင်းငှါ ပေးရမည့်အခကို ပြောပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 30:29

. . . ဟု ဆိုလေ၏

"... ဟု လာဗန်အား ဆိုလေ၏"

အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ ရှိနေသည်ကို၎င်း

"ကျွန်ုပ်ကြောင့် အဘ၏တိရစ္ဆာန်တို့သည် အဘယ်သို့ ဖြစ်လာသည်ကိုလည်းကောင်း"

အထက်က အဘ၏ဥစ္စာ နည်းလှ၏

"ကျွန်ုပ် မလာမီက အဘ၌ ဥစ္စာနည်းလှ၏"

ယခု တိုးပွါး၍ များပြားလျက်ရှိ၏

"သို့သော်၊ ယခုတွင် ဥစ္စာဓန ကြွယ်ဝလျက်ရှိ၏"

ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ် ပြုစုရပါအံ့နည်း

"သို့ရာတွင် အကျွန်ုပ် အိမ်သူအိမ်သားတို့အား ဘယ်သောအခါ ပြုစုရပါအံ့နည်း။" မိမိ အိမ်ထောင်ကို ကျွေးမွေး ပြုစုလိုကြောင်း ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျ အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုတွင်၊ အကျွန်ုပ် မိသားစုအား ပြုစုလိုပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 30:31

အဘယ်အခကို ပေးရမည်နည်း

"အဘယ်သို့ အခ ပေးရမည်နည်း" သို့မဟုတ် "သင့်အား အဘယ်မျှ ပေးရမည်နည်း။" ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ နေ၍ အလုပ်ထမ်းခြင်းငှါ သင့်အား အဘယ်မျှလောက် ပေးရမည်နည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်ုပ်၌ ကျေးဇူးတခု ပြုလိုလျှင်

"သို့သော်" ဖြင့် ဝါကျကို ဆက်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော် ကျွန်ုပ်အတွက် တခုခုပြုလိုလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

ကျွေးမွေးစောင့်ထိန်းပါဦးမည်

"ကျွေးမွေး စောင့်ထိန်းခွင့်ပေးပါ"

ပြောက်ကျားသောဆိတ်များ ညိုသောသိုးများ၊ ရှိသမျှတို့ကို ရွေးနှုတ်ခွဲထားပါမည်

"ပြောက်ကျားသော သိုးနှင့်ဆိတ်၊ မဲနက်သောသိုး ရှိသမျှတို့ကို ခွဲနှုတ်ပါမည်"

နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏အခ ဖြစ်စေလော့

"၎င်းမှာ ကျွန်ုပ်ကို ခေါ်ယူရန် ကုန်ကျသော အဖိုးအခ ဖြစ်ပါမည်"

Genesis 30:33

ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်

"ဖြောင့်မတ်ခြင်း" ကို "ရိုးသားခြင်း" ဟုလည်း ဆိုလိုသည်။ ရိုးသားဖြောင့်မတ်မှုဖြင့် တစုံယောက်အား ကာကွယ်ပြီး နောက်တယောက်ကို အပြစ်တင်နိုင်သကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘအပေါ် ရိုးသားမှု ရှိမရှိကို သိမြင်ပါလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

မပြောက်မကျားသောဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသော အကောင်ဟူ၍ မှတ်စေလော့

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မပြောက်မကျားသောဆိတ်၊ မမဲနက်သောသိုး တကောင်မျှ တွေ့ပါလျှင်၊ ကျွန်ုပ်ခိုးသည်ဟူ၍ မှတ်ပါလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင်ပြောတိုင်း ဖြစ်လော့

"ပြော" က နှုတ်မှ ထွက်သမျှကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်စကားအတိုင်း ဖြစ်စေ" သို့မဟုတ် "သင်ပြောသည့်အတိုင်း ပြုကြမည်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ပြောက်ကျားသော ဆိတ်ထီး

"အစင်းအကျားပါသော ဆိတ်ထီး"

ပြောက်ကျားသော ဆိတ်မ

"အစက်အပြောက်ပါသော ဆိတ်မ"

Genesis 30:35

ပြောက်ကျားသော ဆိတ်ထီး

က ၃၀:၃၄ ကို ရှု။

ပြောက်ကျားသော ဆိတ်မ

က ၃၀:၃၄ ကို ရှု။

အဖြူပါသောဆိတ် ရှိသမျှတို့နှင့်

"အကွက်ဖြူသောဆိတ် ရှိသမျှတို့နှင့်"

အဆင်းညိုသောသိုး ရှိသမျှတို့

"မဲနက်သောသိုး ရှိသမျှတို့"

လက်သို့ အပ်ပေးလေ၏

"လက်" မှာ ပိုင်ဆိုင်မှု သို့မဟုတ် စောင့်ရှောက်မှုသဘောကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထံ အပ်ပေးလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 30:37

စိမ်းသော လိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်

အသားဖြူသော အပင်မျိုး ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာပြီးလျှင်

"အဖြူရောင် အသားပေါ်အောင် အခွံကို လှီးခွာပြီးလျှင်"

ရေသောက်ကျင်း၊ သောက်ခွက်တို့

တိရစ္ဆာန်များ ရေသောက်ရန် ပြုလုပ်ထားသော ခွက်အရှည်တမျိုး

Genesis 30:39

သိုးဆိတ်တို့သည် . . . ရှက်တင်၍

"တိရစ္ဆာအစုတို့သည် ... ရှက်တင်၍" သို့မဟုတ် "သိုးဆိတ်တို့သည် ... မိတ်လိုက်၍"

အပြောက်အကျား စသည်တို့ကို ဘွားကြ၏

"ပြောက်ကျားသော အကောင်တို့ကို ဖွားကြ၏"

ယာကုပ်သည် . . . ခွဲထား၍

နှစ်နှင့်ချီ ကြာခဲ့ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ ယာကုပ်သည် နှစ်နှင့်ချီအောင် ... ခွဲထား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

. . . တို့ ရှေ့မှာ . . . မျက်နှာပြုစေ၏

"... ဖက်သို့ ... မျက်နှာပြုစေ၏"

မိမိတိရစ္ဆာန်များနှင့် . . . များကိုလည်း . . . တစုစီခွဲထားလေ၏

"မိမိတိရစ္ဆာန်များကို ... များမှ ... တစုစီ ခွဲထားလေ၏"

Genesis 30:41

သူတို့ မျက်မှောက်တွင်

"မျက်မှောက်" က "မြင်ရာ" ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မြင်ရာတွင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တံဖျာတို့တွင်

"သစ်ချောင်းများ ရှေ့တွင်"

အားနည်းသော အကောင်တို့

"ချည့်နဲ့သော အကောင်တို့"

ထိုကြောင့် အားနည်းသော အကောင်တို့သည် လာဗန်၏ဥစ္စာ ဖြစ်လေ၏။ အားကြီးသော အကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာ ဖြစ်လေ၏

"ထို့ကြောင့် ချည့်နဲ့သော အကောင်တို့မှာ လာဗန်အပိုင် ဖြစ်ပြီး၊ အားကြီးသော အကောင်တို့မှာမူ ယာကုပ်အပိုင် ဖြစ်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 30:43

ထိုသို့ ယာကုပ်၌

"ထိုသို့ဖြင့် သူသည်"

စည်းစိမ်တိုးပွား၍

"ဥစ္စာတိုးပွါး၍" သို့မဟုတ် "ကြီးပွားချမ်းသာ၍"