Genesis 29

Genesis 29:1

အရှေ့ပြည်သားတို့

ခါနာန်ပြည် အရှေ့ဘက်ရှိ ပဒ္ဒန်အာရမ် ခေါ် ပါဒနာရံ ပြည်သားတို့ကို ဆိုလိုသည်။

တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ၏

အခြားသော အခန်းတစ်ခုသို့ ကူးပြောင်းသွားခြင်းကို ဖော်ညွှန်းသည်။

ထိုတွင်းရေဖြင့်

"ထိုတွင်းမှ" ပင်မဇာတ်ကြောင်းမှ ရေတိုက်သော သိုးထိန်းတို့၏ နောက်ခံ သမိုင်းကြောင်းသို့ ပြောင်းသွားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

တိုက်တတ်သည်ဖြစ်၍

"ရေတိုက်တတ်သည်ဖြစ်၍" သို့မဟုတ် "သိုးထိန်းတို့ ရေတိုက်တတ်သည်ဖြစ်၍"

ရေတွင်းဝ

"ဝ" ဟူရာတွင် အပေါက်ဝကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွင်း အပေါက်ဝ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 29:4

ယာကုပ်ကလည်း . . . ဟု မေးလျှင်

"ယာကုပ်ကလည်း ... ဟု သိုးထိန်းတို့အား မေးလျှင်"

ငါ့ညီအစ်ကိုတို့

သူစိမ်းကို ယဉ်ကျေးစွာ ခေါ်ဆိုသောစကား ဖြစ်သည်။

နာခေါ်သား လာဗန်

"သား" ဟူရာတွင် ယောက်ျား မျိုးဆက်ကို ညွှန်းသည်။ အခြားဆိုလိုချက်၊ "နာခေါ်မြေး လာဗန်" (UDB)

သူ၏သမီး ရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်

"ကြည့်ရှုလော့၊ သူ့သမီး ရာခေလ သိုးများဖြင့် လာပါ၏"

Genesis 29:7

နေ့အချိန် အလွန်များစွာ ရှိသေး၏

"ကောင်းကင်မှာ နေမြင့်သေး၏" (UDB) သို့မဟုတ် "နေ အလွန် သာသေး၏"

သိုးတို့ကို စုဝေးရာ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သိုးတို့ကို ခေါ်ယူစုဝေးသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

စုဝေးရာ

ညအိပ်ရန် ခြံဝင်းအထဲ၌ စုဝေးရန် ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သွား၍ ထိန်းကြဦးလော့

"စားကျက်မြေ၌ လွှတ်ဦးလော့"

သို့မဟုတ်၊ မတိုက်ရ

"သို့မတိုင်မီ၊ စောင့်ရ၏။" ခွင့်ပြုချက်နှင့် မဆိုင်၊ အချိန် အကန့်အသတ်နှင့်သာ သက်ဆိုင်သည်။

သိုးထိန်းအပေါင်း စုဝေး၍

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သိုးထိန်းအပေါင်း မိမိသိုးစုတို့ဖြင့် စုဝေး၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ရေတွင်းဝ၌

"ဝ" ဟူရာတွင် အပေါက်ဝကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွင်းပေါ်" သို့မဟုတ် "ရေတွင်းဝမှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သိုးတို့ကို ရေတိုက်ရ၏

"သိုးတို့ကို ရေတိုက်ပါ၏"

Genesis 29:9

မိမိဦးရီး

"အမိမောင်"

ရေတွင်း

ရေတွင်း၏ အဝကို ညွှန်းသည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "ရေတွင်းဝ" သို့မဟုတ် "ရေတွင်းဝမှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 29:11

ယာကုပ်သည် ရာခေလကို နမ်း၍

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင်၊ ဆွေမျိုးကို နမ်းခြင်းဖြင့် နှုတ်ဆက်ကြသည်။ သို့ရာတွင်၊ ယောက်ျား အချင်းချင်းသာ ထိုသို့ ပြုဖန်များသည်။ ပြန်ဆိုမည့် ဘာသာစကားတွင်၊ ဆွေမျိုးရင်းချာကို ရင်းနှီးစွာ နှုတ်ဆက်သော အသုံးအနှုန်းမျိုး ရှိလျှင်၊ ၎င်းကို ထည့်သွင်းဖော်ပြနိုင်သည်။ သို့မဟုတ် သင့်လျော်သော စကားလုံးကို အသုံးပြုပါ။

ကျယ်သောအသံနှင့် ငိုလေ၏

ဝမ်းသာသဖြင့် ငိုခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ရာခေလအဘ၏တူ

"ဖခင်၏ အမျိုးတော်"

Genesis 29:13

မိမိတူ

"အစ်မ သား"

ပိုက်ဘက်

"ပွေ့ဖက်"

နမ်းရှုတ်လျက်

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင်၊ ဆွေမျိုးကို နမ်းခြင်းဖြင့် နှုတ်ဆက်ကြသည်။ သို့ရာတွင်၊ ယောက်ျား အချင်းချင်းသာ ထိုသို့ ပြုဖန်များသည်။ ပြန်ဆိုမည့် ဘာသာစကားတွင်၊ ဆွေမျိုးရင်းချာကို ရင်းနှီးစွာ နှုတ်ဆက်သော အသုံးအနှုန်းမျိုး ရှိလျှင်၊ ၎င်းကို ထည့်သွင်းဖော်ပြနိုင်သည်။ သို့မဟုတ်က၊ သင့်လျော်သော စကားလုံးကို အသုံးပြုပါ။

ယာကုပ်သည်လည်း မိမိအမှုအရာ ရှိသမျှကို ကြားပြောလျှင်

"ထို့နောက် ယာကုပ်က ဖြစ်ပျက်သမျှကို ကြားပြောလျှင်"

ငါ့အရိုးအသား

တိုက်ရိုက် အမျိုးတော်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အမျိုးရင်း" သို့မဟုတ် "ငါ့အရိုး ငါ့အသား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 29:15

သင်သည် ငါ့တူ . . . အကျိုးမဲ့ ကျွန်ခံရပါမည်လော

မိမိထံ အလုပ်လုပ်သဖြင့် လုပ်အားခ ပေးသင့်ကြောင်း သဘောပေါက်စေရန် မေးခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့အမျိုးရင်း ဖြစ်သော်လည်း သင်ပြုသမျှနှင့်တန်သော အခကို ပေးပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion နှင့် /WA-Catalog/my_tm?section=translate#figs-litotes)

ထိုအခါ လာဗန်၌

"ထိုအခါ" ဟူရာတွင် ပင်မဇာတ်ကြောင်းမှ လာဗန်နှင့် သမီးတို့၏ နောက်ခံ သမိုင်းကြောင်းသို့ ပြောင်းရာ၌ အသုံးပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

လေအာကား၊ မျက်စိနုညံ့၏

ဖြစ်နိုင်ချေများမှာ၊ (၁) "လေအာ၏ မျက်စိများမှာ လှပ၏" သို့မဟုတ် (၂) "လေအာမှာ၊ မျက်စိနူးညံ့၏"

ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်

"ချစ်" ဟူရာတွင် ယောက်ျားနှင့် မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။

Genesis 29:19

အခြားသောသူအား ပေးစားသည်ထက်

"တခြားသူအား ပေးစားသည်ထက်"

နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း

"ရက်အနည်းငယ်ဟုသာ ထင်မှတ်သတည်း"

ရာခေလကို ချစ်သောကြောင့်

"ရာခေလပေါ် ထားသော ချစ်ခြင်းတရားကြောင့်" သို့မဟုတ် "ရာခေလကို ချစ်မြတ်နိုးသဖြင့်"

Genesis 29:21

ချိန်းချက်သောအချိန် စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့်ဆက်ဆံဘို့ရာ ပေးစားပါ

"ချိန်းချက်သောအချိန်" ဟူရာတွင် ရှည်လျားသော ကာလတစ်ခုကို ပုံဆောင်သည်။ "စေ့ပါပြီ" ဟူသော ဝေါဟာရကို အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဦးရီးတော်အတွက် ခုနစ်နှစ် အစေခံပြီဖြစ်၍၊ ကျွန်ုပ်အား ရာခေလကို ပေးစားပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

စည်းဝေးစေ၍ ပွဲလုပ်လေ၏

"မင်္ဂလာပွဲ လုပ်လေ၏။" ပွဲလုပ်ရန် စေခိုင်းခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စည်းဝေး၍ မင်္ဂလာပွဲ ပြင်ဆင် ကျင်းပစေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 29:23

သူနှင့် ဆက်ဆံလေ၏

ညမှောင်၍ မမြင်ရသောကြောင့် ယာကုပ်က မိမိမှာ လေအာနှင့် ရှိနေကြောင်းမသိဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်

လာဗန်က လေအာထံ ဇိလပကို ပေးသော အကြောင်းကို တွေ့ရသည်။ မင်္ဂလာပွဲ မတိုင်မီ ပေးခြင်း ဖြစ်မည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်

"ကြည့်ရှုလော့၊ လေအာဖြစ်ပါတကား။ ထိုအခါ။" "ကြည့်ရှုလော့" ဟူရာတွင် ယာကုပ်၏ အံ့အားသင့်မှုကို ထင်ဟပ်စေသည်။

ကျွန်ုပ်၌ ပြုသောအမှုကား၊ အဘယ်သို့နည်း

အံ့အားဖြစ်မှုနှင့် ဒေါသကို ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၌ ဤသို့ ပြုပါပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော

လာဗန်၏ လှည့်စားမှုကြောင့် နာကျင်ခံစား ဖြစ်ရခြင်းကို ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလကို ရခြင်းငှါ ခုနစ်နှစ်တိုင် အစေခံခဲ့ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 29:26

ငါတို့ပြည်၌ . . . မပေးစားရ

"ငါတို့ အမျိုး၌ ... ပေးရိုး ထုံးမရှိ"

ခုနစ်ရက်စေ့အောင် ငံ့ဦးလော့

"မင်္ဂလာပွဲ ခုနစ်ရက်စေ့အောင် ငံ့ဦးလော့"

ရာခေလကိုလည်း သင့်အား ပေးစားဦးမည်

အပြည့်အစုံ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်တပတ်၌ ရာခေလကိုလည်း သင့်အား ပေးစားပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 29:28

ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ

"ယာကုပ်လည်း ထိုသို့၍ မင်္ဂလာပွဲရက်သတ္တာ စေ့ပြီးမှ"

ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍

လင်မယား ဆက်ဆံမှုကို ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်သည် ရာခေလနှင့် ထိန်းမြား၍" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

သာ၍ ချစ်၏

ယောက်ျားနှင့် မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 29:31

လေအာသည် အမုန်းခံရသည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယာကုပ်က လေအာကို မချစ်ကြောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အမုန်းခံရ

ယာကုပ်က လောအာထက် ရာခေလကို ပို၍ချစ်ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မချစ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hyperbole)

သားဘွားရသောအခွင့်ကို ပေးတော်မူ၏

သားဖွားခြင်းအခွင့် ပေးသည်ကို သားအိမ်ဖွင့်ပေးသည် ဟူ၍လည်း တင်စားခြင်း ပြုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

မြုံ၏

"သားမဖွားနိုင်"

လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍

"လေအာသည် ကိုယ်ဝန်ဆောင်သဖြင့်၊ သားကို ဖွားမြင်၍"

ရုဗင်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရုဗင်အနက်ကား 'တွေ့မြင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ

ယာကုပ်၏ ငြင်းပယ်မှုကို ခံရသဖြင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ဆင်းရဲခြင်းကို ဆိုလိုသည်။ စိတ္တဇနာမ် "ဆင်းရဲခံခြင်း" ကို ကြိယာပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ ဆင်းရဲခံရကြောင်း ထာဝရဘုရား တွေ့မြင်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 29:33

တဖန် ပဋိသန္ဓေယူပြန်၍

"တဖန် ကိုယ်ဝန်ဆောင်၍"

သားကို ဘွားမြင်သော်

"သားကို ဖွားမြင်သော်"

ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့လင်က ငါ့ကို မချစ်ကြောင်း ထာဝရဘုရား ကြားသိတော်မူ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရှိမောင် အနက်ကား 'ကြားသိ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

သူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်

"သူသည် ငါ့ကို တွယ်တာလိမ့်မည်"

ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်

"ငါ့လင်အား သားသုံးယောက်ကို ဖွားမြင်သောကြောင့်"

ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "လေဝိ အနက်ကား 'တွယ်တာ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 29:35

တဖန် ပဋိသန္ဓေယူပြန်၍

"တဖန် ကိုယ်ဝန်ဆောင်၍"

သားကို ဘွားမြင်သော်

"သားကို ဖွားမြင်သော်"

ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏

ဘာာသာပြန်ဆိုသူများ အနေဖြင့် "ယုဒ အနက်ကား 'ချီးမွမ်း' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)