Genesis 48

Genesis 48:1

ယောသပ်သည် . . . ကြားသဖြင့်

"ယောသပ်ထံ ... ကြားပြောသဖြင့်"

အဘနာကြောင်းကို

"ကြည့်ပါ၊ သင့်အဖ နာမကျန်းဖြစ်သည်ဟု။" "ကြည့်ပါ" ဟူ၍ ယောသပ်၏ အာရုံစိုက်မှုကို တောင်းဆိုသည်။

ယူ၍သွား၏

"ခေါ်သွား၏"

ယာကုပ်သည် ကြားလျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်အား ကြားပြောလျှင်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သားယောသပ်လာကြောင်းကို

"သင်၏ သားယောသပ် လာပြီဟု"

အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏

"အား" ကို ထုတ်သုံးနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကုတင်ပေါ်မှာ ကြိုးစား၍ ထိုင်၏" သို့မဟုတ် "ကုတင်ပေါ်၌ အားထုတ်၍ ထိုင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 48:3

လုဇမြို့

မြို့အမည် ဖြစ်သည်။ ၂၈:၁၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်

သီးခြားဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာ ပြန်ဆိုချက်၊ "ငါ့အား ထင်ရှား၍ ကောင်းကြီးပေးတော်မူ၏။ ထို့နောက်"

ကောင်းကြီးပေး

မင်္ဂလာရှိမည်အကြောင်း ဘုရားသခင်၏ သမုတ်ခြင်းဖြစ်သည်။

ငါသည်သင့်ကို တိုးပွါးများပြားစေမည်။ သင့်ကို များစွာသောလူ ဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲ ပိုင်စေခြင်းငှါ ငါပေးမည်ဟု မိန့်တော်မူ၏

သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါ့ကို တိုးပွါးများစေမည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ငါ့ကို များစွာသောလူ ဖြစ်စေပြီး၊ ငါ၏ အမျိုးအနွယ်ထံ ထိုပြည်ကို ထာဝစဉ်အတွက် အပိုင်ပေးမည်အကြောင်း မိန့်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ငါသည် သင့်ကို တိုးပွါးများပြားစေမည်

"များပြား" စွာ "တိုးပွါး" ရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင်၏ အမျိုးအနွယ်ကို များပြားစေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

သင့်ကို များစွာသောလူ ဖြစ်စေမည်

ယာကုပ်ကိုသာ ညွှန်းသော်လည်၊ ယာကုပ်၏ အမျိုးအနွယ်အားလုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ မျိုးဆက်ကို များစွာဖြစ်စေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အစဉ်အမြဲ ပိုင်စေခြင်းငှါ

"အစဉ်ပိုင်ဆိုင်ရန် အတွက်"

Genesis 48:5

ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်

ဧဖရိမ်နှင့် မနာရှေတို့သည် ယောသပ်၏ ညီအစ်ကိုများကဲ့သို့ နယ်မြေကို ခွဲဝေခွင့်ရရှိမည်။

မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်

ဖြစ်နိုင်ချေများမှာ၊ ၁) ဧဖရိမ်နှင့် မနာရှေတို့သည် ဣသရေလလူမျိုး၏ မျိုးစုနွယ်တခုအဖြစ် ရပ်တည်ရမည်ဟု ဆိုလိုသည် သို့မဟုတ် ၂) ဧဖရိမ်နှင့် မနာရှေတို့သည် ယောသပ်ကဲ့သို့ နယ်မြေသီးသန့် ရရှိမည်ဖြစ်ပြီး၊ နောက်ထပ် မွေးသော သားများက ယောသပ်၏ အမွေကို ဆက်ခံရမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစ်ကိုတို့နှင့်အတူ အမွေခံစာရင်းတွင် ပါဝင်ရကြမည်"

ဧဖရတ်မြို့

ဗက်လင်မြို့၏ အခြားအမည်ဖြစ်သည်။ ၃၅:၁၆ မှ ပြန်ဆိုချက်ကို ရှု။

ဗက်လင်အမည်ရှိသော

ကျမ်းပြုဆရာ၏ နောက်ခံသမိုင်းကို ဖော်ပြထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

Genesis 48:8

ဤသူတို့ကား အဘယ်သူနည်း

"ဤသူတို့ကား မည်သူ့သားများ ဖြစ်သနည်း"

ကောင်းကြီးပေး

သားသာမီးနှင့် မြေးမြေးမတို့အပေါ် ကောင်းခြင်းမင်္ဂလာ ဖြစ်စေရန် သမုတ်ခြင်းဖြစ်သည်။

ပိုက်ဘက်နမ်းရှုပ်လေ၏

"သူငယ်တို့ကို ပိုက်ဖက် နမ်းရှုပ်လေ၏"

Genesis 48:11

ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟု ငါမထင်

"မျက်နှာ" က လူတယောက်လုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်ကို ပြန်မြင်ရမည်မထင်ခဲ့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အဘ၏ဒူး ကြားမှ

ဣသရေလ၏ ဒူးကြား သို့မဟုတ် ပေါင်ပေါ် တင်ပေးခြင်းမှာ ထိုသူငယ်တို့ကို မွေးစားသည့်သဘော ဖြစ်သည်။ ယာကုပ်ထံမှ အထူးအခွင့်အရေးကို ရရှိစေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

အဘရှေ့၌ ဦးညွှတ်ချစေ၏

ဖခင်ရှေ့၌ ဦးညွှတ် ဂါရဝပြုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း

မနာရှေခေါင်းကို ဣသရေလ၏ လက်ယာဘက် တင်ရန် ယောသပ် နေရာချပေးသည်။ သားကြီး မနာရှေအပေါ် လက်ယာဘက် တင်ခြင်းမှာ ပို၍ကြီးသော ကောင်းကြီးကို ပေးမည်ဟူသော လက္ခဏာဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 48:14

ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာလက်ကို တင်ပြီးလျှင်

ဧဖရိမ်ကို ပို၍ကြီးသော ကောင်းကြီးကို ပေးမည်ဟူသော လက္ခဏာဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ယောသပ်ကို ကောင်းကြီးပေးလျက်

ယောသပ်၏ သားများဖြစ်သော ဧဖရိမ်နှင့် မနာရှေတို့လည်း ပါဝင်သည်။ ဖခင်ဖြစ်သော ယောသပ်ကိုသာ ညွှန်းထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ငါ့အဘ အာဗြဟံနှင့်ဣဇာက် ကိုးကွယ်သော ဘုရားသခင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အဖိုး အာဗြဟံနှင့် အဖဣဇာက်တို့ ကိုးကွယ်သော ဘုရားသခင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့ကို . . . ကျွေးမွေးတော်မူသော

ဘုရားသခင်က သိုးများကို ကျွေးမွေးသကဲ့သို့ ဣသရေလကို ကျွေးမွေးတော်မူခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ... သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ယာကုပ်အား စောင့်ရှောက်ရန် ဘုရားသခင် စေလွှတ်သော ကောင်းကင်တမန် သို့မဟုတ် ၂) ယာကုပ်အား စောင့်ရှောက်ရန် ကောင်းကင်တမန်အသွင်ဖြင့် ထင်ရှားတော်မူသော ဘုရားသခင်

ငါ့ကို . . . ကယ်နှုတ်တော်မူသော

"ငါ့ကို ... စောင့်မတော်မူသော"

သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်၏ အမည်ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော

"အမည်" သည်လူတယောက်လုံးကို ကိုယ်စားပြုသည်။ "ငါ့အမည်ဖြင့် ... မှည့်ပါစေ" ဟူရာတွင် တစုံတယောက်အားဖြင့် သူ့ကို အမှတ်ရစေကြောင်း ဆိုလိုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် အာဗြဟံ၊ ဣဇာက်နှင့် ငါ့ကို လူတို့ အမှတ်ရစေသော အကြောင်းဖြစ်စေသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွါးများပြားပါစေသော

"သူတို့" ဟူရာတွင် ဧဖရိမ်နှင့် မနာရှေကို ညွှန်းပြီး၊ သူတို့၏ အမျိုးအနွယ် အသီးသီးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ အမျိုးအနွယ်သည် မြေတပြင်လုံးသို့ ပျံ့နှံ့ပါစေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 48:17

သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါ

လက်ယာဘက်မှာ သားဦး ရထိုက်သည့် ပို၍ ကြီးသော ကောင်းကြီးမင်္ဂလာ၏ လက္ခဏာဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 48:19

သူသည် ကြီးစွာသောလူစု ဖြစ်လိမ့်မည်

မနာရှေကို ညွှန်းပြီး၊ သူ၏မျိုးနွယ်စုကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားကြီး၌ မျိုးနွယ်များစွာ မွေးဖွားပြီး၊ လူမျိုးကြီး ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုနေ့၌ သူတို့ကို ကောင်းကြီးပေးလေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ဖြင့် ထိုနေ့၌ သူတို့ကို ကောင်းကြီး ပေးလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

. . . ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်

"... ဣသရေလအမျိုးတို့သည် သင်တို့အမည်ဖြင့် ကောင်းကြီး ပေးကြလိမ့်မည်"

ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍

သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ထံ ဆုတောင်းသောအခါ ဧဖရိမ်ကဲ့သို့လည်းကောင်း၊ မနာရှေကဲ့သို့လည်းကောင်း ဖြစ်စေမည်အကြောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း

ဧဖရိမ်အမည်ကို ရှေ့တင်ခြင်းဖြင့် အစ်ကိုမနာရှေထက် ပို၍ကြီးမြတ်မည်အကြောင်းကို ဖော်ပြသည်။

မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း

မနာရှေထက် ဧဖရိမ်ကို ပို၍ကောင်းကြီး ပေးခြင်းကို ရှေ့တန်းတင်သကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 48:21

သင်တို့ဘက် . . . သင်တို့ကို

ဣသရေလ တစ်မျိုးလုံးကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍

ဣသရေလလူမျိုးကို ကူညီ၍ ကောင်းကြီးပေးမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်တို့ကို စောင့်ရှောက်၍" သို့မဟုတ် "ဘုရားသခင်သည် သင်တို့ကို ကောင်းကြီးပေး၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သင်တို့ကို . . . တဖန်ဆောင်တော်မူလိမ့်မည်

"ဆောင်" ကို "ခေါ်ယူ" ဖြင့် အစားထိုး ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

ဘိုးဘေးနေရာ ပြည်

"ဘိုးဘေးတို့ ပြည်"

ထိုမှတပါး သင်၏အစ်ကိုတို့အား ပေးသည်ထက် သင့်အား သာ၍ပေးသောအရာ ဟူမူကား . . . အရာကို သင့်အား ငါပေးသည်

ဖြစ်နိုင်ချေများ၊ (၁) အစ်ကိုတို့ထက် အာဏာတန်ခိုး ပိုကြီးကြောင်းကို တင်စားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့အပြင်၊ အစ်ကိုတို့ထက် ပိုကြီးသော သင့်အား၊ ... တောင်စောင်းအရပ်ကို ငါပေး၏" သို့မဟုတ် (၂) အစ်ကိုတို့ထက် ပိုများသော မြေနေရာကို ပေးကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့အပြင်၊ အစ်ကိုတို့ထက် သင့်ကို သာ၍ ပေးမည်။ ... တောင်စောင်းအရပ်ကို သင့်အား ငါပေး၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင့်အား

ယောသပ်ကို ညွှန်းသော အနည်းကိန်းညွှန်း နာမ်စား ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့ထား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ

"ထား" နှင့် "လေး" က စစ်တိုက်ခြင်းကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးတို့ထံမှ တိုက်ယူသော တောင်စောင်းအရပ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)