Genesis 47

Genesis 47:1

အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့

UDB ပြန်ကျမ်းတွင် ဖါရောမင်းနှင့် တွေ့ဆုံမှုကို အခြေအနေအလိုက် ပြန်လည်စီစဉ်ထားပြီး၊ ULB ပြန်ကျမ်းတွင် ကျမ်းပြုဆရာ၏ လက်ရာအတိုင်း ပြန်ဆိုထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-events)

Genesis 47:3

ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏

"ကိုယ်တော်ကျွန်တို့မှာ ဘိုးဘေးလက်ထက်မှစ၍ သိုးထိန်းဖြစ်ကြပါ၏"

ကိုယ်တော်ကျွန်တို့

မိမိထက် ကြီးမြတ်သူရှေ့၌ အသုံးပြုသော အခေါ်အဝေါ်ဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ဘိုးဘေးနှင့်တကွ

"ဘိုးဘေးများကဲ့သို့" သို့မဟုတ် "ဘိုးဘေး လက်ထက်မှစ၍"

ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏

"ကျွန်တော်မျိုးတို့သည် ပြည်တော်၌ ခဏတာမျှ တည်းခိုခြင်းငှါ လာကြပါ၏"

သိုးနွား ကျက်စားရာ မရှိသောကြောင့်

"တိရစ္ဆာန် ကျက်စားရာ မရှိသောကြောင့်"

Genesis 47:5

အဲဂုတ္တုပြည်သည် သင့်ရှေ့မှာရှိ၏

"အဲဂုတ္တုပြည်သည် သင့်အတွက်ဖြစ်၏" သို့မဟုတ် "အဲဂုတ္တု တပြည်လုံးသည် သင့်အတွက်ဖြစ်၏"

သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌ နေရာချလော့

"သင့်အဖနှင့် သင့်အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌ နေရာချလော့"

သူတို့တွင် အစွမ်းသတ္တိ ရှိသောသူ အချို့တို့ကို တွေ့လျှင်

သိုးနွား ထိန်းကျောင်းတတ်သူကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့တွင် တိရစ္ဆာန်ထိန်းကျောင်းမှုပညာကို တတ်မြောက်သော သူအချို့ကို သိလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 47:7

ယာကုပ်သည် ဖါရောမင်းကို ကောင်းကြီးပေး၏

တစုံတယောက်အပေါ် ကောင်းကျိုးဖြစ်၍ မင်္ဂလာဖြစ်စေရန် ဆန္ဒပြုပေးခြင်းကို ဆိုလိုသည်။

သင်သည် အသက်အဘယ်မျှလောက် ရှိပြီနည်း

"သင်၏ အသက် အဘယ်မျှလောက် ရှိပြီနည်း"

ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တရာသုံးဆယ် ရှိပါပြီ

"ဧည့်သည် အာဂန္တုဖြစ်၍ လွန်သောအသက်" ဟူရာတွင် မြေကြီးပေါ်တွင် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းရင်း ကျင်လည်ခဲ့ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောက၌ ကျင်လည်ခဲ့သည်မှာ အနှစ် ၁၃၀ ရှိပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ကျွန်တော် အသက်ရှင်သောနှစ်ပေါင်း နည်း၍ . . . ဘိုးဘေးတို့၏ အသက်တန်းကို မမှီပါ

ဘိုးဘေးဖြစ်သော အာဗြဟံနှင့် ဣဇာက်တို့၏ သက်တမ်းကို မမှီနိုင်ကြောင်း ဆိုလိုသည်။

ဆိုးပါ၏

ယာကုပ်သည် ဘဝတွင် နာကျင်မှုနှင့် ခက်ခဲမှုများစွာ ကြုံတွေ့ခဲ့ရသည်။

Genesis 47:11

ယောသပ်သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍

"ယောသပ်ကလည်း အဖနှင့် အစ်ကိုတို့ကို နေရာချ၍"

ရာမသက်မြေ

ဂေါရှင်ဒေသ၏ နောက်အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 47:13

အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်

ထိုပြည်တို့တွင် နေထိုင်သူများကိုလည်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တွင် နေထိုင်သောသူများ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အားလျော့လေ၏

"ပိန်နွဲ့လေ၏"

ပြည်သားဝယ်သော စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသောငွေကို ယောသပ် စုသိမ်း၍

"အဲဂုတ္တုပြည်၊ ခါနာန်ပြည်မှ လူတို့ဝယ်သော စပါးအဖိုး၊ ရသမျှငွေကို ယောသပ် စုသိမ်း၍"

ယောသပ် စုသိမ်း၍ . . . သွင်းထားလေ၏

ယောသပ် ကိုယ်တိုင်မဟုတ်ဘဲ၊ မိမိအစေခံတို့ကို စေခိုင်းလိုက်ခြင်း ဖြစ်နိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 47:15

အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ

ပြည်သားတို့လည်း ပါဝင်သည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကို လူတို့ သုံးဖြုန်းပြီးသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌

"အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်၏"

ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်း

အစာကို လိုအပ်နေကြောင်း သိသာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့၌ ငွေကုန်သွားသောကြောင့် သေရန် လွှတ်မထားပါနှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ပြည်သားများကို ကျွေးမွေး၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ပြည်သားများကို အစာကျွေးလေ၏" (UDB) သို့မဟုတ် "ပြည်သားတို့အား ကျွေးမွေး၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 47:18

လာကြလျှင်

"ယောသပ်ထံ ပြည်သားတို့ လာကြလျှင်"

သခင်ရှေ့မှာ မထိမ်ဝှက်ပါ

ယောသပ်ကို ညွှန်းဆိုသည်။ မိမိထက်ကြီးမြတ်သူကို ခေါ်ညွှန်းခြင်း ဖြစ်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အရှင်၊ သခင့်ရှေ့မှာ ကွယ်ဝှက်ခြင်းမပြုပါ" သို့မဟုတ် "သခင့်ထံမှ ဝှက်ထားမည် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သခင်ရှေ့မှာ . . . အဘယ်အရာမျှ မကျန်ပါ

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်အား ပေးရန် ... ဘယ်အရာမှ မကျန်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း

အစာကို အလွန်လိုအပ်နေကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့သေ၍ ပြည်ပျက်သည်ကိုသာ ကြည့်တော်မမူပါနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 47:20

မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏

"တပြည်လုံးသည် ဖါရောမင်းအပိုင် ဖြစ်လေ၏"

ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ်

"ပုရောဟိတ်တို့ မြေကိုကား မဝယ်"

သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကို စားရကြ၏

"ဖါရောမင်း ကျွေးမွေးသည်အတိုင်း စားရကြ၏"

Genesis 47:23

လယ်လုပ်ကြလော့

"စိုက်ပျိုးကြလော့"

အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့

"ငါးဖို့တဖို့" ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရိတ်သိမ်းချိန်တွင်၊ ငါးဖို့တဖို့ကို ဖါရောမင်းအား ဆက်သရမည်။ လေးဖို့ကို သင်တို့ယူ၍ တဖန် စိုက်ပျိုးကြလော့" (ရှ၊ /WA-Catalog/my_tm?section=translate#translate-fraction)

သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့

နားလည်ရ လွယ်ကူသော အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အိမ်သားများ၊ သားသမီးများကို ကျွေးကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 47:25

သနားသောစိတ်နှင့် ကြည့်ရှုတော်မူပါ

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့် စိတ်တော်နှင့် တွေ့ရပါစေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဲဂုတ္တုပြည်၌

"အဲဂုတ္တုပြည်တွင်" သို့မဟုတ် "အဲဂုတ္တုပြည် တလျှောက်လုံး၌"

ယနေ့တိုင်အောင်

ဤကျမ်းကို ပြုစုရေးသာသော အချိန်ကို ဆိုလိုသည်။

ငါးဘို့တွင်တဘို့

၄၇:၂၃ ရှိ "ငါးဖို့တဖို့" ပြန်ဆိုချက်ကို ရှု။

Genesis 47:27

တိုးပွါးများပြားကြ၏

"များပြား" စွာ "တိုးပွါး" ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားသမီးများစွာ ထွန်းကားကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

တိုးပွါး

ဥစ္စာတိုးပွားခြင်း သို့မဟုတ် သားသမီး ဖွားမြင်ခြင်း စသည်ကို ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ဆယ်ခုနစ်နှစ်

"၁၇ နှစ်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ်နှစ် ရှိသတည်း

"အသက်ပေါင်း ၁၄၇ နှစ် ရှိသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 47:29

ဣသရေလသည် သေရသောအချိန်နီးသော်

သေဆုံးချိန်ကို အနီးရောက်လာသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလသည် သေဆုံးရန် နီးသော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့ကိုသနားလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်စိတ်နှင့်တွေ့ရလျှင်" သို့မဟုတ် "ငါ့ကြောင့် သင်ကျေနပ်မှု ရလျှင်" (UDB)

သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့

ကတိသစ္စာတရားကို ဆိုသောအခါ သဘောတူသော လက္ခဏာဖြစ်သည်။ ၂၄:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ

စိတ္တဇနာမ် "ကရုဏာသစ္စာ" ကို နာမဝိသေသပုဒ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အပေါ် ဂရုဏာနှင့် သစ္စာရှိသော အမှုကို ပြုပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်

တောင်းပန်သော စကားဖြစ်၍ "ကျေးဇူးပြု၍" ဟု ထည့်သွင်းဖော်ပြနိုင်သည်။

ငါသည် ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏

"အိပ်" ဟူရာတွင် သေဆုံးမှုကို ယဉ်ကျေးစွာ ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ဘိုးဘေးနှင့်အတူ သေဆုံးလို၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ငါ့အား ကျိန်ဆိုခြင်းကို ပြုပါ

"ငါ့ကို ကတိပေးပါ" သို့မဟုတ် "ငါ့ထံ ကျိန်ဆိုပါ"

ကျိန်ဆိုခြင်းကို ပြု၏

"ကတိပေး၏" သို့မဟုတ် "ကျိန်ဆိုလိုက်၏"