Genesis 49

Genesis 49:1

ယေဘုယျ အချက်အလက်

ယာကုပ်၏ နောက်ဆုံး ကောင်းကြီးပေးခြင်း ဖြစ်သည်။ ၄၉:၃၇ ထိ ဆက်ထားသည်။ ကဗျာအရေးအသားဖြင့် ဖွဲ့ဆိုထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-poetry)

ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏ စကားကို နားထောင်ကြလော့

ဝါကျနှစ်ကြောင်လုံး၏ ဆိုလိုရင်း တူညီသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်၏ သားတို့၊ စည်းဝေး၍ စကားကို နားထောင်ကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ယာကုပ်၏သားတို့ . . . အဘဣသရေလ၏စကား

အပြောခံနာမ်စားဖြင့် ဖော်ပြထားသည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သားတို့ ... သင်တို့အဖ ငါ့စကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

Genesis 49:3

ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အား အစအဦး

"ငါ့အစွမ်းသတ္တိ" နှင့် "ငါ့ခွန်အား အစအဦး" တို့မှာ အဓိပ္ပါယ် တူညီသည်။ "အစွမ်းသတ္တိ" နှင့် "ခွန်အား" မှာ သားသမီး မွေးဖွားနိုင်မှုကို ကိုယ်စားပြုသည်။ "သားဦး" နှင့် "အစအဦး" ဟူရာတွင် ရုဗင်မှာ မိမိ၏ အကြီးဆုံးသားဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါလူဖြစ်ပြီး အဦးဆုံးသော သား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ဘုန်းအထွဋ်၊ တန်ခိုးအထွဋ် ဖြစ်၏

သီးခြားဝါကျအဖြစ် ရပ်တည်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုန်းနှင့် တန်ခိုး၌ အထွဋ်အထိပ်ဖြစ်၏" သို့မဟုတ် "ဘုန်းနှင့် တန်ခိုးအရာ၌ အကြီးဆုံးဖြစ်၏"

သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘော ရှိသည် ဖြစ်၍

ဒေါသမချုပ်နိုင်၊ အငြိမ်မနေတတ်သော ရုဗင်ကို ပြင်းထန်သော ရေလှိုင်းနှင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

ထူးမြတ်ခြင်းသို့ မရောက်ရ

"အကြီးဆုံးသူ မဖြစ်ရ"

အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား

"အိပ်ရာ" နှင့် "ခုတင်" က ယာကုပ်၏ မယားငယ် ဗိလဟာကို ကိုယ်စားပြုသည်။ ရုဗင်က ဗိလဟာနှင့် ပြစ်မှားခဲ့သောအမှုကို ယာကုပ် ညွှန်းဆိုသည် (ရှု၊ ၃၅:၂၁)။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကြောင်းမူကား၊ သင်သည် ငါ့မယားနှင့် ပြစ်မှား၏။ ငါ့ကို စော်ကားခဲ့လေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်သည် အဘ၏အိပ်ရာကိုတက်၍ . . . ငါ့ခုတင်ထက်သို့ တက်လေပြီတကား

စာကြောင်းနှစ်ခုစလုံး အဓိပ္ပါယ်ချင်း တူညီသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

Genesis 49:5

ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏

မွေးချင်းတူ ညီနောင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ရှေခင်မြို့သားတို့ကို သတ်ရာ၌ ပူးပေါင်းသော ညီနောင်ဖြစ်ကြောင်း အသားပေး ဆိုလိုခြင်းဖြစ်သည်။

အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ

"ဓါးလက်နက်ဖြင့် လူ့အသက်ကို နုတ်ယူကြပြီ"

ငါ့ဝိညာဉ် . . . ငါ့ဘုန်း

ယာကုပ်က မိမိကိုယ်ကို ညွှန်းခေါ်ခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ . . . သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ

စာကြောင်းနှစ်ခုစလုံး အဓိပ္ပါယ်ချင်း တူညီသည်။ ထိုညီအစ်ကိုတို့၏ အမှု၌ ပါဝင်လိုခြင်း မရှိကြောင်း ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

Genesis 49:7

သူတို့ ပြင်းစွာထွက်သော အမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော

ရှိမောင်နှင့်လေဝိတို့ကို သူတို့၏ အမျက်နှင့်ဒေါသဖြင့် တင်စားထားသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်ဘုရား မိန့်ဆိုသည်ကား၊ 'ပြင်းထန်သော အမျက်နှင့် ကြမ်းတမ်းသော ဒေါသကြောင့် သူတို့သည် ကျိန်ခြင်းကို ခံရမည်'" သို့မဟုတ် "အမျက်နှင့် ဒေါသကြောင့် သူတို့အပေါ် ကျိန်ခြင်း သက်ရောက်မည်အကြောင်း ငါကိုယ်တော် မိန့်ဆို၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ပြင်းစွာထွက်သော အမျက်

ပရောဖက်ဟောရာတွင်၊ ပရောဖက်ပြုသူက ဘုရားသခင်၏ အမိန့်စကားကို မိမိပြောသကဲ့သို့ ပြောဆိုလေ့ရှိသည်။ ၎င်းက ပရောဖက်ဆရာနှင့် ဘုရားသခင်တို့၏ နီးကပ်သော ဆက်ဆံရေးကို ဖော်ပြသည်။

ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါ ကွဲပြားပြန့်လွင့်စေမည်

"ငါ" ဟူရာတွင် ဘုရားသခင်ကို ညွှန်းပြီး၊ "သူတို့" မှ ရှိမောင်နှင့်လေဝိကို ညွှန်း၍ သူတို့၏ မျိုးနွယ်စုကို ကိုယ်စားပြုသည်။ "ယာကုပ်" နှင့် "ဣသရေလ" ဟူရာတွင် ယာကုပ်ခေါ် ဣသရေလအမျိုးအားလုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလ အမျိုးများ ကြားတွင် သူတို့အနွယ်ကို ငါ ကွဲပြားပျံ့နှံ့စေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-parallelism)

Genesis 49:8

သင်သည် ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏ . . . အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်

ဝါကျနှစ်ကြောင်းစလုံးတွင် ဆိုလိုရင်း တူညီသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်

ဒုတိယဝါကျမှာ ပထမဝါကျ၏ အကြောင်းရင်းဖြစ်သည်။ ထို့ကြောင့်၊ "အဘယ်ကြောင့်ဆိုသော်" သို့မဟုတ် "အကြောင်းမူကား" စသော သမ္ဗန္ဓပုဒ်ဖြင့် ဆက်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့၏ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ သင်၏ လက်" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

သင်၏လက်သည် သင်၏ရန်သူ လည်ပင်းပေါ်မှာ ရှိလိမ့်မည်

"သင်သည် သင်၏ ရန်သူတို့ကို အောင်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ဦးညွှတ်ချကြလိမ့်မည်

ရိုသေလေးမြတ်မှုကို ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 49:9

ယုဒသည် ခြင်္သေ့ပျိုဖြစ်၏

ယုဒကို ခြင်္သေ့ပျိုကဲ့သို့ တင်စားထားသည်။ ယုဒ၏ ခွန်အားကြီးမှုကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယုဒသည် ခြင်္သေ့ပျို ကဲ့သို့ဖြစ်၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတတ်၏

"ငါ့သား၊ သင်သည် သားဖမ်းစားရာမှ ပြန်လာ၏"

ခြင်္သေ့မကဲ့သို့၎င်း

ယုဒကို ခြင်္သေ့မနှင့်လည်း ခိုင်းနှိုင်းထားသည်။ ခြင်္သေ့မတို့မှာ အကောင်ငယ်တို့ကို ကာကွယ်၍ သားကောင်ဖမ်းသော အဓိကမုဆိုး ဖြစ်ကြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

အဘယ်သူ နှိုးဆော်ဝံ့မည်နည်း

ယုဒ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထင်ရှားစေရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘယ်သူမှ သူ့ကို မနှိုးဝံ့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 49:10

ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှ၎င်း မရွေ့ရ

"ရာဇလှံတံ" နှင့် "မင်းအာဏာ" မှာ ဘုရင်မင်းမျိုးတို့သာ ပိုင်သောအရာဖြစ်သည်။ အုပ်စိုးခွင့်အာဏာကို ကိုယ်စားပြုသည်။ ယုဒနှင့် သူ၏အနွယ်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "‌ရာဇပလ္လင်သည် ယုဒ၏အမျိုးအနွယ်၌သာ တည်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-parallelism)

ရှိလော မရောက်မှီတိုင်အောင် . . . ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်

ဖြစ်နိုင်ချေများ၊ (၁) "ရှိလော" ကို "ပဏ္ဏာ" ဟူ၍ အဓိပ္ပါယ်ဖွင့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူမျုးတကာတို့၏ ဆည်းကပ်မှုနှင့် ပဏ္ဏာတော်ကို မရမီတိုင်‌ေအောင်၊ ..." သို့မဟုတ် (၂) "ရှိလော" မှာ ရှိလောမြို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်သည် ရှိလောအရပ်သို့ မရောက်မီတိုင်အောင် ... လူမျိုးတကာတို့ ဆည်းကပ်ကြလိမ့်မည်။" ဒါဝိဒ်မင်းကြီး၏ မျိုးဆက်ဖြစ်သော မေရှိယ ကြွလာမည်အကြောင်း ပရောဖက်စကား ဖြစ်မည်ဟု လူအများက ခံယူကြသည်။ ဒါဝိဒ်မင်းမှာ ယုဒအနွယ်ဝင်ဖြစ်သည်။

ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်

"လူမျိုးတို့" ဟူရာတွင် လူမျိုးအပေါင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူမျိုးအပေါင်းတို့သည် သူ့ကို ဆည်းကပ် ကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 49:11

မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍

ရှေ့နှင့်နောက် ဆိုလိုရင်း တူညီသည်။ စပျစ်သီး များလွန်း၍ မြည်းက စားလျှင်လည်း မမူကြောင်း ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

မိမိ

ဖြစ်နိုင်ချေများ၊ (၁) ယုဒအနွယ်ဝင်များကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့" သို့မဟုတ် (၂) ၄၉:၁၀ ၌ မေရှိယ ဖြစ်မည်ထင်ရသော မင်းဘုရင်ကို ညွှန်းသည်။

စပျစ်သီးအသွေး

နီရင့်သော စပျစ်ရည်ကို သွေးကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်

မျက်စိကို စပျစ်ရည်၏ နီရင့်သောအရောင်ဖြင့် ခိုင်းနှိုင်းထားသည်။ ဖြစ်နိုင်ချေများ၊ (၁) မျက်လုံး အရင့်ရောင်ရှိလျှင် ကျန်းမာကြောင်း ပုံဆောင်သည် သို့မဟုတ် (၂) စပျစ်ရည် သောက်လွန်း၍ နီရင့်သည် (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်

ကျန်းမာထွားကြိုင်းသော နွား အမြောက်အမြား ရှိသဖြင့် နို့ရည်ကို ဝလင်စွာ သောက်ရမည်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 49:13

ဇာဗုလုန်သည် ကမ်းနားမှာ နေ၍

ဇာဗုလုန် အနွယ်ဝင်များကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်္ဘောဆိပ် ဖြစ်လိမ့်မည်

ဇာဗုလုန်အနွယ်များ နေထိုင်မည့်အရပ်ကို ဖော်ပြသည်။ သင်္ဘောများ ဆိုက်ရောက်ရာ မြို့များ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်္ဘောဆိပ်

ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး သင်္ဘောများ ဆိုက်ရောက်ရာ ဖြစ်သည်။

Genesis 49:14

ဣသခါသည် . . . အားကြီးသောမြည်းဖြစ်၏

ဣသခါကို မြည်းကဲ့သို့ တင်စားထားသည်။ အလုပ်ကြိုးစားမှုကို ပုံဆောင်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ဣသခါအမျိုးသည် အားကြီးသော မြည်းကဲ့သို့ ဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဣသခါသည် . . . ၏

ပရောဖက်ဟောရာတွင်၊ ဖြစ်လတံ့သောအမှုကို ဖြစ်ပြီးသကဲ့သို့ ပြောဆိုလေ့ရှိသည်။ အမှန်တကယ် ဖြစ်ပျက်လာမည်အကြောင်း ထင်ရှားစေသည်။ အနာဂတ်ကာလပြကြိယာပုဒ်ဖြင် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသခါသည် ... လိမ့်မည်" သို့မဟုတ် "ဣသခါအမျိုးသည် ... လိမ့်မည်"

ဣသခါ . . . မိမိ

ဣသခါအနွယ်များကိုလည်း ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသခါအမျိုး ... မိမိတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တောင်ကြားမှာဝပ်လျက် . . . ၏

ဖြစ်နိုင်ချေများ၊ (၁) "ထမ်းပိုးကြားမှာ ဝပ်ရလိမ့်မည်" သို့မဟုတ် (၂) "သိုးစုကြားမှာ ဝပ်ရလိမ့်မည်။" မည်သို့ပင်ဆိုပါစေ၊ ဣသခါအမျိုးတို့မှာ မြည်းကဲ့သို့ အလုပ်ကြိုးပမ်းလျက်၊ ဝန်ထုပ်ဝန်ပိုးများကြား၌သာ နားရမည်ဖြစ်ကြောင်း ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငြိမ်ဝပ်ရာအရပ် ကောင်း၍မြေသာယာသည်

"ငြိမ်ဝပ်ရာအရပ်၊ ကောင်း၍ မြေသာသောအရပ်"

မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍

"ပခုံးကို ညွတ်ပြီး ထမ်းပိုကို တင်ထမ်း၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အခွန်ပေးသော ကျွန်ဖြစ်လေ၏

"အလုပ်၏ ကျေးကျွန် ဖြစ်ရလိမ့်မည်"

Genesis 49:16

ဒန်သည် . . . မိမိလူတို့ကို စီရင်လိမ့်မည်

ဒန်အနွယ်ဝင်များကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒန်အမျိုးသည် ... မိမိလူတို့ကို စီရင်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မိမိလူတို့

ဖြစ်နိုင်ချေများ၊ ၁) "ဒန်အမျိုးတို့" သို့မဟုတ် ၂) "ဣသရေလအမျိုး"

ဒန်သည် လမ်း၌နေသောမြွေ ဖြစ်လိမ့်မည်

ဒန်နှင့်အမျိုးအနွယ်တို့ကို မြွေကဲ့သို့ တင်စားထားသည်။ မြွေမှာ သေးငယ်သော်လည်း၊ စစ်သူရဲကို မိမိမြင်းပေါ်မှ ဆွဲချနိုင်သည်။ ထို့အတူ၊ လူစုနည်းသော ဒန်မှာလည်း ရန်သူတို့ ကြောက်ရွံ့ရသောသူများ ဖြစ်ကြမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒန်အမျိုးသည် လမ်း၌ ရှိသောမြွေကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ် မြော်လင့်လျက်နေပါပြီ

စိတ္တဇနာမ် "ကယ်တင်ခြင်း" ကို "ကယ်တင်" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကယ်မတော်မူရန် မြော်လင့်လျက်နေပါပြီ"

အကျွန်ုပ် မြော်လင့်လျက်နေပါပြီ

"အကျွန်ုပ်" ဟူရာတွင် ယာကုပ်ကို ညွှန်းသည်။

Genesis 49:19

ဂဒ် . . . အာရှာ . . . နဿလိ

အသီးသီး၏ မျိုးနွယ်စုများကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ပြန်တိုက်လိမ့်မည်

သူတို့ကို တိုက်သောသူများအား ပြန်လည် နှင်ထုတ်မည်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အရသာနှင့်ပြည့်စုံ၍

အရသာရှိကြောင်း ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

နဿလိသည် . . . ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏

မူပြန်ကျမ်း အများစုတွင် နဿလိအနွယ်ကို လွတ်လပ်စွာ ပြေးလွှားနိုင်သော သမင်မနှင့် တင်စားထားသည်။ ဆက်သားများကဲ့သို့ လျင်မြန်မည်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နဿလိအမျိုးသည် ... လွတ်လပ်သော သမင်မကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

လှသောအခက်အလက်နှင့် ပြည့်စုံ၍

မူပြန်ကျမ်း အများစုတွင် "သမင်ငယ်" ဖြင့် ဖော်ပြထားသည်။ မူရင်းဟေဗြဲ ဝေါဟာရကို တိကျစွာ ပြန်ဆိုရန် ခက်ခဲသည်။ အချို့မူပြန်ကျမ်းများတွင် "လှပသော စကားလုံးကြွယ်ဝ၍" သို့မဟုတ် "လှပစွာ ပြောဆိုတတ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 49:22

ယောသပ်သည် သန်သောပျိုးပင်

ယောသပ်အနွယ်ကို ကိုယ်စားပြုသည်။ အသီးများစွာ ဖြစ်စေသော အကိုင်းအခက်ကဲ့သို့ တင်စားထားသည်။ အမြောက်အမြား မွေးဖွားကြမည်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-metaphor)

ပျိုးပင်

အပင်၏ ပင်မအကိုင်း ဖြစ်သည်။

အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏

အခက်အလက်များ၏ ကြီးထွားမှုကို အုတ်ရိုးပေါ် ကျော်တက်သကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 49:24

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက်ကောင်းကြီးပေးသည်။

သူ၏လေးသည် အားမလျော့

မြဲမြံစွာ လေးကိုကိုင်သော လေးသမားအား လေးဖြင့် ဖော်ပြထားသည်။ ရန်သူကို ချိန်ပစ်ရန် လေးကို မြဲမြံစွာ ကိုင်သောအကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ အခြား‌‌‌သော ဘာသာပြန်ဆိုချက်၊ "သူ၏ လေးသည် မြဲမြံလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

သူ၏လေး . . . သူကိုင်သော လက်နက်တို့

ယောသပ်နှင့် အနွယ်များကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏လေး ... သူ၏ လက်တို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သူကိုင်သော လက်နက်တို့သည် . . . ခိုင်မာလျက်ရှိ၏

ကမ္ဘာဦးကျမ်း ၄၉:၂၄-၂၅ ကို ရှု။ လက်များကို မိမိကိုင်ထားသော လက်နက်ဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏ လက်တို့သည် ... ခိုင်မာလျက် ရှိလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တန်ခိုးကြီးသော ဘုရား၏လက်ဖြင့်၎င်း

ထာဝရဘုရား၏ တန်ခိုးကို ဘုရား၏ လက်ဖြင့် ပုံပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြီးမြတ်သောသူ၏ တန်ခိုးဖြင့်လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ ကျောက်ဖြင့်၎င်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလအမျိုး၏ ကျောက်ဖြစ်သော သိုးထိန်းရှင် နာမတော်အားဖြင့်လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သိုးထိန်း

ထာဝရဘုရားကို ညွှန်းသည်။ မိမိလူတို့ကို ကျွေးမွေးစောင့်ရှောက်သော သိုးထိန်းကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ကျောက်ဖြင့်၎င်း

ထာဝရဘုရားကို ညွှန်းသည်။ ရန်သူတို့ထံမှ ကာကွယ်ပေးသော ထာဝရဘုရားကို ဘေးရန်မှ ကွယ်ကာပေးသော "ကျောက်ဆောင်" ကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 49:25

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက် ကောင်းကြီးပေးသည်။ (ရှု၊ ၄၉:၂၂)

သင့်ကိုမစတော်မူသော . . . သင့်ကိုကောင်းကြီးပေးတော်မူသော

ယောသပ်ကို ညွှန်းပြီး သူ၏မျိုးနွယ်စု တခုလုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးကို မစတော်မူသော ... သူတို့ကို ကောင်းကြီးပေးတော်မူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ

စပါးနှံ ဖြစ်ထွန်းရာ၌ အကူအညီပေးသော မိုးရေကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အောက်နက်နဲသောအရပ်၏ မင်္ဂလာ

မြေအောက်ရှိ မြစ်ချောင်းများနှင့် တွင်းရေတို့ကို ကိုစားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာ

သားသမီး ထွန်းကား၍ မိခင်နို့ ကျွေးမွေးရသောအခွင့်ကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 49:26

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက် ကောင်းကြီးပေးသည်။

ထာဝရတောင်တို့

မူရင်းကျမ်း၏ ဆိုလိုရင်းကို မသိရပါ။ အချို့မူပြန်ကျမ်းတွင် "ဘိုးဘေး၏တောင်တို့" သို့မဟုတ် "ရှေးတောင်တို့" ဟူ၍ ပြန်ဆိုထားသည်။

ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်

ဘိုးဘေးတို့၏ မင်္ဂလာများကို ညွှန်းသည်။

မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ

အထက်ပါ ကောင်းခြင်းမင်္ဂလာကို ယောသပ်၌သာ မဟုတ်ဘဲ၊ သူ၏ အမျိုးအနွယ်မှ အရေးပါသောပုဂ္ဂိုလ်ပေါ်၌ သက်ရောက်စေလိုသဖြင့်၊ အကြီးအကဲဖြစ်သောသူဟူ၍ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိအမျိုးမှ အကြီးဆုံးသောသူ၏ ခေါင်းပေါ်တို့မှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ

"မိမိအစ်ကိုတို့ကြား အမြင့်မြတ်ဆုံးသောသူ"

Genesis 49:27

ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်

ဗင်္ယာမိန်နှင့် အနွယ်များကို ကိုယ်စားပြုသည်။ ဆာလောင်နေသော ဝံပလွေကဲ့သို့ တင်စားထားသည်။ ကြမ်းကြုတ်သော စစ်သူရဲများဖြစ်မည်အကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်အမျိုးသည် ဆာလောင်သော ဝံပလွေကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 49:28

ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုးဖြစ်၏

"ဤသူတို့" ဟူရာတွင် ၄၉:၁-၂၇ တွင် ဖော်ပြထားသော ယာကုပ်၏ သားများကို ညွှန်းသည်။ ဤသူတို့မှာ မိမိမျိုးနွယ်စု အသီးသီး၏ ဦးခေါင်းများ ဖြစ်ကြသည်။

သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း

"သူတို့နှင့် လိုက်ဖက်သော မင်္ဂလာရှိသည်အတိုင်း"

မှာထား၏

ကမ္ဘာဦးကျမ်း ၄၉:၃၂ ကို ရှု။

ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်

သေမည်အကြောင်း ယဉ်ကျေးပါးနပ်စွာ ပြောဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ သေရတော့မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

ငါ့လူမျိုးစည်းဝေးရာသို့

သေလျှင် မိမိဝိညာဉ် သွားမည့်အရပ်ကို ညွှန်းသည်။ အာဗြဟံနှင့် ဣဇာက်တို့ထံ သွားရန် မျှော်လင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

ဟိတ္တိအမျိုးသား ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ "ဟိတ္တိအမျိုးသား" မှာ "ဟေသအနွယ်" ကို ဆိုလိုသည်။ ၂၃:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မပ္ပေလ

အရပ်ဒေသအမည် ဖြစ်သည်။ ၂၃:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မံရေမြို့

ဟေဗြုန်မြို့၏ အခြားအမည် ဖြစ်သည်။ ထိုမြို့တွင် နေထိုင်ခဲ့သော အာဗြဟံ၏မိတ်ဆွေ မံရေကို အစွဲပြုထားခြင်း ဖြစ်နိုင်သည်။ ၁၃:၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 49:31

ယေဘုယျ အချက်အလက်

ယာကုပ်က မိမိသားများထံ ဆက်လက် မိန့်မှာသည်။

ထိုလယ်ပြင်ကို . . . ဝယ်သတည်း

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုလယ်ပြင်ကို ... အာဗြဟံ ဝယ်သတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဟေသအမျိုးသားရှေ့မှာ

"ဟိတ္တိ လူတို့ထံမှ"

မှာထား၏

"မိန့်မှာ၏"

အကုန်အစင် မှာထားပြီးလျှင်

"သွန်သင် မိန့်မှာပြီးလျှင်" သို့မဟုတ် "အကုန်အစင် မိန့်မှာပြီးလျှင်"

မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်

ယာကုပ်မှာ အိပ်ရာခုတင်ပေါ်တွင် ထိုင်နေခဲ့သည်။ ယခု အိပ်စက်ရန် ခြေထောက်ကို ပြန်တင်သည်။

အသက်ချုပ်၍

သေဆုံးကြောင်း ယဉ်ကျေးပါးနပ်စွာ ညွှန်းဆိုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏

ယာကုပ် သေဆုံးပြီးနောက်၊ မိမိဝိညာဉ်မှာ သေဆုံးခဲ့ပြီဖြစ်သော ဆွေမျိုးများထံ ရောက်သွားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism နှင့် /WA-Catalog/my_tm?section=translate#figs-idiom)