Genesis 44

Genesis 44:1

ယေဘုယျ အချက်အလက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပွဲလုပ်ပြီး နောက်နေ့တွင် ဖြစ်နိုင်သည်။

ဝန်စာရေး

ယောသပ်၏ အိမ်မှုကိစ္စကို စီမသူဖြစ်သည်။

လူတိုင်းဆိုင်သောငွေ

ငွေဒင်္ဂါးများ ဖြစ်နိုင်သည်။

မိမိတို့အိတ်ဝတွင်၎င်း

"မိမိတို့အိတ်တွင်လည်းကောင်း"

ငါငွေဖလား

"ငါ့ ငွေဖလား"

အငယ်ဆုံးသောသူ၏ အိတ်ဝတွင်၎င်း

"ညီအငယ်ဆုံး" ဖြစ်ကြောင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအငယ်ဆုံး၏ အိတ်တွင်လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 44:3

နံနက်မိုဃ်းလင်းသောအခါ

"နံနက် အရုဏ်လင်းချိန်တွင်"

ထိုသူတို့ကို . . . လွှတ်လိုက်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကလည်း မြည်းများနှင့်တကွ ထွက်သွားလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့် ဆပ်ကြသနည်း

ညီအစ်ကိုများကို ဆုံးမရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အပေါ်ပြုသော ကျေးဇူးကို မကောင်းမှုနှင့် ဆပ်ကြပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါ့သခင်သောက်သော ဖလားမဟုတ်လော။ ထူးဆန်းသောဥာဏ်ကို ဖြစ်စေတတ်သော ဖလားမဟုတ်လော

ညီအစ်ကိုများကို ဆုံးမရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေ့ဖြစ်မည့်အရာကို သိသည့် ငါ့သခင် သောက်သုံးသော ဖလားဖြစ်သည်ကို သင်တို့ သိကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် မကောင်းမှုဟူသော ဤအမှုကို ပြုလေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

Genesis 44:6

ပြောဆိုလေ၏

နှုတ်မှ ထွက်ဆိုသမျှကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် စေခိုင်းသည်အတိုင်း ဆိုလေ၏"

ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း

ပြောသမျှကို ညွှန်းသည်။ အိမ်တွင်းမှူးကို "သခင်" ဟူ၍ ရိုသေစွာ ခေါ်ညွှန်းသည်။ မိမိထက် ကြီးမြတ်သူကို ခေါ်သော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ဤစကားကို အဘယ်ကြောင့် ပြောသနည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-123person)

ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှု ဝေးပါ စေသတည်း

ညီအစ်ကိုတို့က မိမိတို့ကိုယ်ကို ညွှန်းသော အသုံးအနှုန်းဖြစ်သည်။ မိမိထက် ကြီးမြတ်သူရှေ့တွင် မိမိကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့သည် ထိုသို့သောအမှုကို မပြုပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကိုယ်တော်ကျွန်တို့နှင့် . . . ဝေးပါ စေသတည်း

မပြုမည့်အမှုကို မိမိနှင့် ဝေးရာသို့ ပို့နိုင်သည့် အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 44:8

ယမန်က အိတ်ဝတွင်တွေ့သော ငွေကို

"ယခင်က အိတ်ထဲတွင် တွေ့သော ငွေကို"

ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တဖန်ဆောင်ခဲ့ပါပြီ

"ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ ပြန်ဆောင်ခဲ့ပါပြီ"

သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း

အဲဂုတ္တု၏သခင်ထံမှ ဘယ်အရာမျှ မခိုးကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ ကိုယ်တော့်သခင်၏ အိမ်၌ ဘယ်အရာမှ ခိုးမည် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ရွှေငွေ

ဥစ္စာပစ္စည်း တစုံတရာကို ညွှန်းဆိုခြင်းဖြစ်သည်။

ကိုယ်တော်၏ ကျွန်တို့တွင် မည်သူ၌တွေ့လျှင်

ညီအစ်ကိုများ မိမိတို့ကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ မိမိထက် ကြီးမြတ်သူထံ မိမိကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ထံ တွေ့ပါလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ကျွန်တော်တို့သည်လည်း သခင်၏ကျွန် ခံကြပါမည်

"သခင်" ဟူရာတွင် အိမ်တွင်းမှူးကို ညွှန်းသည်။ ကြာနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့ကလည်း သင်၏ ကျွန်အဖြစ် ခံကြပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သင်တို့စကားအတိုင်း ဖြစ်စေ

အခြားသော ဘာသာပြန်ဆိုချက်၊ "ဟုတ်ပါပြီ။ သင်တို့ပြောသည်အတိုင်း ဖြစ်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ဖလားကို တွေ့လျှင်၊ ထိုအိတ်ပိုင်ရှင်သာ ငါ့ကျွန်ဖြစ်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 44:11

မိမိတို့အိတ်များကို မြေ၌ချ၍

"မိမိအိတ်များကို မြေ၌ ချ၍"

အကြီး . . . အငယ်

အခြားသော ဘာသာပြန်ဆိုချက်၊ "အကြီးဆုံး ... အငယ်ဆုံး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

အငယ်တိုင်အောင် ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ ဖလားကိုတွေ့၏

သီးခြားဝါကျနှင့် ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အငယ်တိုင်အောင် ရှာ၏။ ထိုအခါ ဗင်္ယာမိန် အိတ်၌ တွေ့၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ်၍

"သူတို့" မှာ ညီအစ်ကိုတို့ကို ညွှန်းသည်။ ဝမ်းနည်းကြေကွဲမှုကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ပြန်သွားကြ၏

"ပြန်လှည့် ကြ၏"

Genesis 44:14

သူသည် အိမ်၌ရှိသေးသဖြင့်

"သူသည် အိမ်၌ရှိနေသေးသဖြင့်"

သူ့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏

မိမိအပေါ် ညှာတာမှုရှိရန် တောင်းပန်မှုကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ငါကဲ့သို့သော ယောက်ျားသည် ထူးဆန်းသောဥာဏ် ရှိကြောင်းကို သင်တို့ မသိကြသလော

မိမိညီအစ်ကိုတို့ကို ဆုံးမရန် သုံးနှုန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကဲ့သို့သူသည် မှော်တန်ခိုးဖြင့် အရာရာကို သိမြင်ကြောင်း တွေ့မြင်ခဲ့ပေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 44:16

ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ်နိုင်ပါအံ့နည်း

ဤမေးခွန်း ၃ ခုမှာ အဓိပ္ပါယ်တူသည်။ ဖြစ်ခဲ့သမျှအတွက် မရှင်းြနိုင်ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့သည် သခင်အား လျှောက်စရာမရှိပါ။ ပြောနိုင်သောအရာမရှိပါ။ ဤအမှုမှ လွတ်နိုင်မည် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism နှင့် /WA-Catalog/my_tm?section=translate#figs-rquestion)

ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း . . . သခင်၏ ကျွန်ဖြစ်ကြပါ၏

ယောသပ်ကို ညွှန်းဆိုသည်။ မိမိထက် ကြီးမြတ်သူထံ မိမိကိုယ်ကို ညွှန်းဆိုသောစကား ဖြစ်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ထံ အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း ... သခင်၏ အစေခံများ ဖြစ်ကြပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍တွေ့တော်မူပြီ

လက်ရှိအပြစ်ကို ညွှန်းခြင်း မဟုတ်ဘဲ၊ အတိတ်က ပြုမိသော အပြစ်အတွက် ဘုရားသခင်၏ စီရင်ခြင်းကို ခံရကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကိုယ်တော့် ကျွန်တို့၏ အပြစ်ဟောင်းအတွက် စီရင်တော်မူပြီ"

ကိုယ်တော် ကျွန်တော်တို့၏အပြစ်

မိမိထက် ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏ အပြစ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

အကြင်သူ၌ ဖလားတော်ကိုတွေ့၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖလားတော်ကို စစ်ဆေး၍ တွေ့လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုသို့ ငါမပြုရ

အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုကဲ့သို့ ငါပြုမည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အကြင်သူ၏လက်၌ ငါ့ဖလားကို တွေ့၏

"လက်" က လူတယောက်လုံးကို ညွှန်းသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဖလားကို အကြင်သူ၌ တွေ့လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 44:18

ချဉ်းကပ်လျက်

"အနားကပ်လျက်"

ကိုယ်တော်ကျွန်သည်

ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုခြင်း ဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်အား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

စကားတခွန်းဖြင့် နားတော် လျှောက်ရသောအခွင့်ကို ပေးတော်မူပါ

"စကား" က ပြောသမျှကို ညွှန်းသည်။ "နားတော်" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်အား လျှောက်တင်ရသောအခွင့်ကို ပေးတော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-synecdoche)

ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်

ဒေါသဖြစ်ကြောင်းကို မီးလျှံထွက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်အား အမျက်ထားတော် မမူပါနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ကိုယ်တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏

ဖါရောမင်းကဲ့သို့ ဩဇာရှိကြောင်း ထင်ရှားစေရန် ခိုင်းနှိုင်းခြင်း ဖြစ်သည်။ မိမိတို့အပေါ် အမျက်တော်ရှိ၍ ကွပ်မျက်နိုင်သော အာဏာရှိကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ဖါရောမင်းကဲ့သို့ အကျွန်ုပ်ကို ကွပ်မျက်ရန် အမိန့်ပေးနိုင်သော တန်ခိုးရှိပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သခင်က၊ သင်တို့သည် အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်

ဆိုခဲ့သောစကားကို ပြန်လည် ကိုးကားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်က အကျွန်ုပ်တို့၌ ဖခင်သော်လည်းကောင်း၊ ညီသော်လည်းကောင်း ရှိသလောဟု မေးခဲ့စဉ်တွင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သခင်က . . . ဟု ကျွန်တော်တို့အား မေးတော်မူလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်က ... ဟု ကျွန်တော်မျိုး တို့အား မေးတော်မူလျှင်" "သခင်က ... ဟု မေးတော်မူလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

Genesis 44:20

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ . . . ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်

ဆိုခဲ့သောစကားကို ပြန်လည် ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့ကလည်း ဖခင် ... ထို့ကြောင့် ဖခင်သည် သူ့ကို ချစ်ပါကြောင်း သခင်အား ပြန်လျှောက်လေသော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကျွန်တော်တို့က . . . ဟု သခင်အား ပြန်လျှောက်လေသော်

"သခင်" ဟူရာတွင် ယောသပ်ကို ညွှန်းသည်။ ကြီးမြတ်သူကို ညွှန်းခေါ်သော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့က ... ဟု ကျွန်ုပ်သခင်အား ပြန်လျှောက်လေသော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သူ၏ အဘသည် သူ့ကို ချစ်ပါ၏

မိသားစု ချစ်ခြင်းမေတ္တာကို ညွှန်းသည်။

ကိုယ်တော်က၊ ထိုသူကို ငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က၊ အကျွန်ုပ်တို့ ညီငယ်ကို ကြည့်ရှုဖို့ငှါ ခေါ်ခဲ့ကြရန် ကိုယ်တော့်ကျွန်တို့အား မိန့်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကိုယ်တော်က . . . ဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က ... ဟု ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အား မိန့်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ငါ့ထံသို့ခေါ်ခဲ့ကြ

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံသို့ ဆောင်ခဲ့ကြ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့် မခွါနိုင်ပါ။ အဘနှင့် ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအခါ ညီငယ်ကို အဖနှင့်မခွါနိုင်၊ သို့မဟုတ် ဖခင် သေမည်အကြောင်း သခင်အား လျှောက်ပါသော်လည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

အဘသေပါလိမ့်မည်

ဝမ်းနည်းမှုကြောင့် သေမည်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 44:23

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကို နောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီငယ်မပါလျှင် ကိုယ်တော့်မျက်နှာကို တဖန်မြင်ရမည် မဟုတ်ကြောင်း ကျွန်တော်မျိုးတို့ထံ မိန့်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကိုယ်တော်က . . . ဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က ... ဟု ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အား မိန့််တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သင်တို့သည် ငါ့မျက်နှာကို နောက်တဖန်မမြင်ရ

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါနှင့် နောက်တဖန် မတွေ့ရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ထိုနောက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့် အမှာစကားကို ဖခင်ထံ ကြားပြောပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person and /WA-Catalog/my_tm?section=translate#figs-metonymy)

ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟု ဆိုသောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ အဖကလည်း စားစရာ အနည်းငယ်ကို တဖန်ဝယ်ရန် ဆိုသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် . . . ဟု ပြန်ပြောပါ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့က၊ အဲဂုတ္တုပြည်သို့ မသွားနိုင်ကြောင်း။ ညီငယ်ပါမှသာ သွားမည်အကြောင်း။ ညီမပါလျှင် ... ကြောင်း စသည်ဖြင့် ပြန်ပြောပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ထိုသူ၏ မျက်နှာကိုမမြင်ရပါ

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူကို မမြင်ရပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 44:27

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အား သားနှစ်ယောက်ကို ဘွား၏။ တယောက်ကား ငါ့ထံမှ ထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကို ငါမမြင်ရ။ ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏

နှစ်ဆင့်နှင့် သုံးဆင့်ထိ ကိုးကားချက်ကို တွေ့ရသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ သိသည်အတိုင်း၊ အဖမယား ရာခေလ၌ သားနှစ်ယောက် ဖွား၏။ တယောက်မှာ ဆုံးသွားပါပြီ။ အကယ်စင်စစ် သားရဲ၏ အပိုင်းပိုင်း ကိုက်ဖြတ်ခြင်းကို ခံရကြောင်း အဖဆိုပါ၏။ သို့ဖြင့် ထိုညီကို မမြင်ရတော့ပါ။ ယခု ဤညီငယ်ကိုလည်း သူ့ထံမှ ယူသွားခဲ့ရာ ဘေးရောက်လျှင်၊ ကျွန်ုပ်ဖခင်ကို ဝမ်းနည်းခြင်းကြောင့် မရဏာနိုင်သို့ ရောက်စေလိမ့်မည်ဖြစ်ကြောင်း ကျွန်တော်တို့ ထံ ဆိုပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ဟု ကျွန်တော်တို့အား ဆိုပါ၏

ယောသပ်မှ လွဲ၍ ညီအစ်ကို အားလုံး ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

သင်တို့သိသည်အတိုင်း

ညီအစ်ကိုတို့ကို ညွှန်းသော အများကိန်းညွှန်း နာမ်စားဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီတကား

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားရဲက သူ့ကို အပိုင်းပိုင်း ကိုက်ဖြတ်ပါပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သူ၌ ဘေးရောက်လျှင်

ဘေးဒုက္ခဖြစ်ကြောင်းကို ရောက်လာနိုင်သော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်

"သက်ရောက်" ဟူရာတွင် မရဏာနိုင်ငံ ခေါ် ရှေဩလပြည်သို့ ‌ဆင်းသက်စေမည်ဟု အဓိပ္ပါယ်ရသည်။ မရဏာနိုင်ငံမှာ မြေအောက်တွင် ရှိသည်ဟူသော အတွေးအခေါ်ကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အိုမင်းသော ငါ့ကို ဝမ်းနည်းခြင်းနှင့်တကွ သေစေလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါ့ဆံပင်ဖြူ

အိုပြီဖြစ်သော ယာကုပ်ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုမင်းသော ငါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 44:30

သို့ဖြစ်၍ ကျွန်တော်သည် . . . ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်

ဗင်္ယာမိန် မပါလျှင် ဖြစ်လာနိုင်မည့် အခြေအနေကို သုံးသပ်တင်ပြခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-hypo)

ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ ရောက်သောအခါ

"ရောက်" ကို "သွား" သို့မဟုတ် "ပြန်" ဟူ၍လည်း ပြန်ဆိုနိုင်သည်။

သူငယ်မပါလျှင်

"လုလင်မပါလျှင်"

အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်

သူငယ်မရှိလျှင် ဖခင်သေမည်အကြောင်းကို အသက်နှစ်ခု ဆက်နွယ်နေသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီငယ်နှင့် အသက်ချင်း ဆက်ထားသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်

"သက်ရောက်" ဟူရာတွင် မရဏာနိုင်ငံ ခေါ် ရှေဩလပြည်သို့ ‌ဆင်းသက်စေမည်ဟု အဓိပ္ပါယ်ရသည်။ မရဏာနိုင်ငံမှာ မြေအောက်တွင် ရှိသည်ဟူသော အတွေးအခေါ်ကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့သည်၊ ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အဖကို ဝမ်းနည်းခြင်းကြောင့် သေစေကြပါလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ကိုယ်တော်ကျွန်တော်တို့

ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်တို့" သို့မဟုတ် "ကျွန်တော်မျိုးတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူ

"ဆံပင်ဖြူ" က ယာကုပ်နှင့် အိုမင်းသော သူ၏ အသက်ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် တည်းဟူသော အိုမင်းသော ကျွန်ုပ်တို့အဖ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ကိုယ်တော်ကျွန်က . . . အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏

စိတ္တဇနာမ် "အာမခံ" ကို ကြိယာပုဒ် "ကတိပေး" ဖြင့် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်က ... ဖခင်အား ကတိပေးခဲ့ပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ကိုယ်တော်ကျွန်

ယုဒက မိမိကိုယ်ကို ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်" သို့မဟုတ် "ကျွန်တော်မျိုး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

အဘရှေ့မှာ အပြစ်ကိုခံပါစေ

"အပြစ်ကိုခံ" ဟူ၍ အပြစ်တရားကို လူတယောက် သယ်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်၏ အပြစ်တင်ခြင်းကို ခံပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 44:33

ကိုယ်တော်ကျွန်

ယုဒက မိမိကိုယ်ကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်" သို့မဟုတ် "ကျွန်တော်မျိုး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သခင်ထံ

ယောသပ်ကို ခေါ်ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ သခင်" သို့မဟုတ် "ကိုယ်တော့်ထံ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

သူငယ်သည် ကျွန်တော်၌ မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း

ဗင်္ယာမိန် ပြန်မသွားလျှင် ဝမ်းနည်းပူဆွေးသဖြင့် အထက်ပါအတိုင်း ပြုနိုင်မည်မဟုတ်ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်နှင့်အတူ ညီငယ် မပါလျှင်၊ ဖခင်ထံ ပြန်သွားနိုင်မည် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သို့ပြုလျှင် ကျွန်တော်အဘ၌ ရောက်လတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကား

ဘေးဥပါဒ်ကို တစုံတယောက်အပေါ် သက်ရောက်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော့်ဖခင် ခံရမည့် သောကကို မမြင်ဝံ့ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)