Genesis 45

Genesis 45:1

ဣန္ဒြေကို မချုပ်တည်းနိုင်သောကြောင့်

စိတ်ခံစားချက်ကို မချုပ်တည်းနိုင်ကြောင်း ဆိုလိုသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣန္ဒြေကို မထိန်းနိုင်သောကြောင့်"

မိမိထံ၌

"မိမိအနား"

နန်းတော်

နန်းတွင်းသားများအားလုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နန်းတွင်းသားများ ရှိရာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏

"သူ့ရှေ့မှာ ထိတ်လန့်လျက် ရှိကြ၏"

Genesis 45:4

အဲဂုတ္တုပြည်သို့ ရောင်းလိုက်သော

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုသို့ ကျွန်အဖြစ် ကုန်သည်များထံ ရောင်းလိုက်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

စိတ်မညှိုးငယ်ကြနှင့်

"ဝမ်းနည်းခြင်း မရှိကြနှင့်" သို့မဟုတ် "သောက မဖြစ်ကြနှင့်"

သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့်

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းမိသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လူတို့အသက်ကို စောင့်မစေခြင်းငှါ

အစာခေါင်းပါးခြင်းကြောင့် သေသွားရမည်ဖြစ်သော်လည်း ယောသပ်အားဖြင့် ရှင်သွားကြသူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်များစွာကို ကယ်မခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏

"လယ်လုပ်၍ စပါးရိတ်ခြင်း မပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။" "လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း မပြုရသော" ဟူရာတွင် မိုးခေါင်ရေရှားသဖြင့် စပါးမထွက်နိုင်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် ငါးနှစ် အစာခေါင်းပါး အုံးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 45:7

သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း

"သင်တို့ တအိမ်သားလုံးကို အစာခေါင်းပါးခြင်းဒဏ် မခံရစေခြင်းငှါ လည်းကောင်း" သို့မဟုတ် "သင်တို့ မျိုးဆက် ရှင်ကျန်စေခြင်းငှါ လည်းကောင်း" (UDB)

ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း

စိတ္တဇနာမ် "ကယ်တင်ခြင်း" ကို ကြိယာပုဒ်ဖြင် အစားသွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အသက်ကို ချမ်းသာစေခြင်းငှါ ကြီးမားသောနည်းလမ်းဖြင့် ကယ်တင်မည်ကိုလည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ကျွန်ုပ်ကို ဖါရောဘုရင်၏ အဘအရာ၌၎င်း

ဖါရောမင်းကို အကြံပေးသောသူ ဖြစ်သောကြောင့် ဖါရောမင်း၏ ဖခင်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ဖါရောမင်း၏ အကြံပေးအရာ၌ လည်းကောင်း" သို့မဟုတ် "ကျွန်ုပ်ကို ဖါရောမင်း၏ အကြံပေး မှူးမတ်အရာ၌ လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

နန်းတော်အုပ်အရာ၌၎င်း

နန်းတွင်းသားအားလုံး ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နန်းတွင်းသားများအပေါ်၌လည်းကောင်း" သို့မဟုတ် "နန်းတော်တခုလုံးအပေါ်၌လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌၎င်း

အဲဂုတ္တုပြည်သားအားလုံးလည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သား အားလုံးကို အုပ်စိုးသောသခင်အရာ၌လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အုပ်စိုးသောသခင်

အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းပြီးနောက် ဒုတိယအကြီးဆုံး ဖြစ်ကြောင်း ဆိုလိုသည်။ ၎င်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 45:9

အဘထံသို့ သွားကြလော့

အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံသို့ ပြန်ကြလော့"

အဘအားလည်း၊ သားယောသပ်က . . . ဟု ပြောကြလော့

သုံးဆင့် ကိုးကားထားသည်။ နှစ်ဆင့်ဖြင့် ကိုးကားချက်ကို လျှော့ချနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံ၊ ... ဟု ကျွန်ုပ်ဆိုကြောင်း ပြောကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကျွန်ုပ်ထံသို့လာပါ

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ ပိုနိမ့်သဖြင့် "ဆင်း" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ထံသို့ ဆင်းလာပါ"

ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်

ဆင်းရဲခြင်းမှာ သွား၍ရသော အရပ်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆင်းရဲကြလိမ့်မည်" သို့မဟုတ် "ငတ်ပြတ်ကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 45:12

သင်တို့မျက်စိ၊ ကျွန်ုပ်ညီ ဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏

"မျက်စိ" က လူတယောက်လုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန် အပါအဝင် သင်တို့အားလုံး မြင်ခဲ့လေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို

"နှုတ်" က လူတယောက်လုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ယောသပ် ကိုယ်တိုင် သင်တို့နှင့် ပြောဆိုသည်ကို" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်း

"အဲဂုတ္တုပြည်သားတို့၏ ရိုသေချီးမြှောက်မှု"

အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်

အခြားသော ဘာသာပြန်ဆိုချက်၊ "အဖကို ကျွန်ုပ်ထံသို့ ဆောင်ခဲ့ရမည်"

Genesis 45:14

ညီဗင်္ယာမိန် လည်ပင်းကိုဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏

"ညီဗင်္ယာမိန် လည်ပင်းကို ဖက်၍၊ နှစ်ယောက်လုံး ငိုကြ၏"

တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသ၏ နှုတ်ဆက်သော ဓလေ့ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သူတို့နှင့် ငိုသောနောက်

အစ်ကိုတို့အား နမ်းရင်း ငိုခြင်းဖြစ်သည်။

အချင်းချင်း နှုတ်ဆက်ကြ၏

အစပိုင်းတွင် စကားမပြောနိုင်ခဲ့ကြ။ သို့သော် ယခုတွင် လွတ်လပ်စွာ စကားပြောကြသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုများအားလုံး လွတ်လပ်စွာ စကားပြောကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 45:16

ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော်၌ သိတင်းကြား၍

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် အစ်ကိုတို့ ရောက်လာကြောင်း နန်းတွင်းသားတို့ ကြားသိ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

နန်းတော်

ဖါရောမင်း၏ နန်းတော်ကို ညွှန်းသည်။

သင်၏အစ်ကိုတို့အား အဘယ်သို့ ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊ သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့ လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့်မည်

ဆိုစကားကို ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ အစ်ကိုတို့ထံ သူတို့ မြည်းများကို ဝန်တင်၍ ခါနာန်ပြည်သို့ပြန်ပြီး၊ ဖခင်နှင့်အိမ်သားတို့ကို ခေါ်လာရန် ပြောလော့။ ရောက်လာသောအခါ၊ သူတို့အား အဲဂုတ္တုပြည်၏ အကောင်းဆုံးမြေကို ငါပေး၍၊ အကောင်းဆုံးအစာကို စားရမည်အကြောင်း ကြားပြောလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍

"အဲဂုတ္တုပြည်၏ အကောင်းဆုံးမြေကို ငါပေး၍"

သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အကောင်းဆုံးအစာကိုသာ စားရကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 45:19

ယေဘုယျ အချက်အလက်

အစ်ကိုတို့ထံ ပြောရမည့်စကားကို ဖါရောမင်း ဆက်လက်မိန့်မှာသည်။

အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား အမိန့်ပေးခဲ့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲက လှည်းတို့ကို ယူပြီးလျှင် အဘကိုဆောင်၍ လာခဲ့ကြလော့။ သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏

ဆိုစကားကို ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမိန့်တော်အတိုင်း ပြုလော့။ သူတို့မယားနှင့် သားသမီးများနှင့် ဖခင်ကို ဆောင်ရန် အဲဂုတ္တုပြည်၏ လှည်းတို့ကို ပေးလော့။ ပိုင်သမျှဥစ္စာများကို နှမြောခြင်း မရှိရန်လည်း မှာထားလော့။ အဲဂုတ္တုပြည်၏ အကောင်းဆုံး စည်းစိမ်အားလုံးကို သူတို့အား ငါပေး၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

လှည်းတို့ကို ယူပြီးလျှင်

"လှည်း" ဟူရာတွင် ဘီးနှစ်ခု သို့မဟုတ် လေးခု စသည်ဖြင့် တပ်ထားသော တိရစ္ဆာန်ဆွဲ လှည်းမျိုးကို ညွှန်းသည်။

Genesis 45:21

လမ်းခရီး၌ စားစရိတ်များကို၎င်း ပေး၏

"ခရီးစရိတ်များကိုလည်းကောင်း ပေး၏"

အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး၏

အဝတ် ၅ ထည်ရသော ဗင်္ယာမိန်မှအပ အစ်ကိုအားလုံးက အဝတ်ကို တယောက်လျှင် တစ်ထည်စီ ရရှိကြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကျပ်သုံးရာ

"ဒင်္ဂါး ၃၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

မြည်းတဆယ် . . . မြည်းတဆယ်

မြည်းများမှာလည်း ညီအစ်ကို ရရှိသော လက်ဆောင်တွင် ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 45:24

ရန်မတွေ့ကြနှင့်

ဖြစ်နိုင်ချေများမှာ၊ ၁) "ရန်မဖြစ်ကြနှင့်" သို့မဟုတ် ၂) "စိုးရိမ်ခြင်းမရှိကြနှင့်"

အဲဂုတ္တုပြည်လုံးကို အုပ်စိုးရ၏

အဲဂုတ္တုပြည်သားတို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သားတို့သခင် ဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စိတ်နှလုံးလျော့၏

"စိတ်နှလုံး" လူတယောက်လုံးကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အံ့ဩခြင်းရှိ၏" သို့မဟုတ် "အလွန် အံ့ဩလေ၏ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သူတို့စကားကို မယုံနိုင်

"သူတို့ စကားကို လက်မခံနိုင်"

Genesis 45:27

သူတို့သည်လည်း . . . ပြန်ပြောကြ၏

"သူတို့ကလည်း ... ယာကုပ်ထံ ကြားပြော၏"

ယောသပ် ပြောသမျှသော စကားတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် မှာထားသည့်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စိတ်နှလုံး အားဖြည့်ပြန်၏

"စိတ်နှလုံး" က ဝိညာဉ်ကို ကိုယ်စားပြုပြီး လူတစ်ယောက်လုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြန်လည် ခွန်အားဖြစ်လေ၏" သို့မဟုတ် "စိတ်လှုပ်ရှား တက်ကြွလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)