Genesis 43

Genesis 43:1

ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍

"ပြည်တွင်း၌" ဟူ၍လည်း ဖော်ပြနိုင်သည်။ တိကျစွာ ဖော်ပြထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တပြည်လုံး၌ အလွန်အစာ ခေါင်းပါးသည် ဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

စားကုန်ပြီးမှ

"ယာကုပ်နှင့် မိသားစုတို့ စားကုန်ပြီးမှ"

ဆောင်ခဲ့သော

"ယာကုပ်သားများ ဆောင်ခဲ့သော"

ငါတို့ . . . ဝယ်ကြပါဦး

"ငါတို့" ဟူရာတွင် ယာကုပ်၊ သားများနှင့် အိမ်သားတို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

Genesis 43:3

ယုဒကလည်း . . . ဟု အဘအား ပြန်ဆိုလေ၏

"ယုဒကလည်း .... ဟု ဖခင်အား ဆိုလေ၏"

ထိုသူသည်

ယောသပ်ကို ညွှန်းသော်လည်း၊ ယောသပ်ဖြစ်မှန်း မသိကြ။ ၄၂:၂၉ တွင် ဖော်ပြသကဲ့သို့ "ထိုပြည်၏ သခင်" ဟုလည်း ညွှန်းဆိုနိုင်သည်။

ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြိမ်းချောက်လျက်၊ ကျွန်ုပ်ညီ မပါလျှင် သူနှင့် တွေ့ရမည် မဟုတ်ဟု ပြောထားပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်

"ကျွန်ုပ်တို့ကို အပြင်းအထန် ခြိမ်းခြောက်လျက်"

ငါ့မျက်နှာကို မမြင်ရ

၄၃:၃-၅ တွင် ဗင်္ယာမိန် မပါလျှင် အဲဂုတ္တုပြည်သို့ ပြန်မသွားနိုင်ကြောင်း ဖခင်ထံ ရှင်းပြသော ယုဒ၏ စကားဖြစ်သည်။ "ငါ့မျက်နှာ" မှာ ယောသပ် ဟူသော အထက်ပါပုဂ္ဂိုလ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို မမြင်ရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သင်တို့ညီမပါလျှင်

ရာခေလ မသေမီ မွေးသော သားငယ် ဗင်္ယာမိန်ကို ညွှန်းသည်။

မသွားပါ

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် မြေနိမ့်ရာဖြစ်သောကြောင့် "ဆင်းသွား" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:6

အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြသနည်း

"အဘယ်ကြောင့် ငါ့ကို သောကများ စေကြသနည်း"

ထိုသူသည် . . . ကျပ်ကျပ်မေးလျက်

"ထိုသူက ... သေချာစွာမေးလျက်"

ကျွန်ုပ်တို့၏အကြောင်းအရာ

"ကျွန်ုပ်တို့" ဟူရာတွင် အဲဂုတ္တုပြည်သို့ ဆင်းသွားသော ညီအစ်ကိုတို့ကိုသာ ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

ထိုသူသည် . . . သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူက ... ကျွန်ုပ်တို့အဖ အသက်ရှင်သောအကြောင်းနှင့် ညီအစ်ကိုများအကြောင်း မေးသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏

"ကျွန်ုပ်တို့အား မေးသမျှကို ပြန်ဖြေရပါ၏"

သင်တို့ညီ . . . ဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလော

ထိုသူက ဤကဲ့သို့ ပြောမည်ကို မသိခဲ့ကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ညီ ... ဟု သူပြောမည်ကို ကျွန်ုပ်တို့ မသိခဲ့ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည်

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ညီကို ဆောင်ယူရန် စေခိုင်းမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သင်တို့ညီကို ဆောင်ခဲ့ကြ

ခါနာပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် မြေနိမ့်ရာဖြစ်သောကြောင့် "ခေါ်၍ဆင်းလာခဲ့ကြ" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:8

သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍သွားကြပါမည်

"မသေ" နှင့် "အသက်ရှင်" မှာ အဓိပ္ပါယ်ချင်း တူသည်။ အသက်ရှင်နိုင်ရန် အဲဂုတ္တုပြည်သို့ သွား၍ အစာဝယ်ရမည်ဖြစ်ကြောင်း ယုဒက ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ ကျွန်ုပ်တို့ တမိသားစုလုံး အသက်ရှင်ရမည်အကြောင်း၊ အဲဂုတ္တုပြည်သို့ ယခုသွားကြပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ကျွန်ုပ်တို့ ထ၍

"ကျွန်ုပ်တို့" ဟူရာတွင် အဲဂုတ္တုပြည်သို့ သွားမည့် ညီအစ်ကိုများကို ညွှန်းသည်။

အဘမှစ၍ ကျွန်ုပ်တို့နှင့်

"အဘ" မှာ ဣသရေလကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

သူငယ်များတို့သည်

ညီအစ်ကိုတို့၏ သားသမီးများကို ညွှန်းသည်။ အစာခေါင်းပါးမှု ဒဏ်ကြောင့် သေမည့် ကလေးငယ်များ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

ကျွန်ုပ်သည် သူ၏အာမခံ ဖြစ်ပါမည်

စိတ္တဇနာမ် "အာမခံ" ကို ကြိယာပုဒ် "ကတိပေး" နှင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ပြန်ခေါ်ရန် ကျွန်ုပ် ကတိပေးပါသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ကျွန်ုပ်တွင် သူ့ကိုတောင်းပါ

ယုဒက အပြည့်အဝ တာဝန်ယူမည်ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်အပေါ် ဖြစ်သမျှကို ကျွန်ုပ် တာဝန်ယူပါသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အပြစ်ကို ခံပါစေ

"အပြစ်" ဟူရာတွင် တစုံတယောက်အပေါ် တင်ရသောအရာဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို အပြစ်တင်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဤမျှလောက် မဖင့်နွှဲ့လျှင်

ဖြစ်နိုင်ခဲ့သော်လည်း မဖြစ်သောအရာကို ဖော်ပြထားသည်။ ယုဒက အဲဂုတ္တုပြည်၌ အစာကို ဝယ်ရန် အလွန်အချိန်ယူသော ယာကုပ်အား အပြစ်တင်ကြောင်း သိရသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-hypo)

အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီ

"ဒုတိယအကြိမ် ပြန်ရောက်ခဲ့ပါလိမ့်မည်"

Genesis 43:11

သို့ဖြစ်လျှင် ဤသို့ပြုကြလော့

" ဤရွေးချယ်စရာတစ်ခုသာ ရှိလျှင် ထိုသို့ ပြုပါ"

ယူကြလော့

"ယူ၍ ဆင်းသွားလော့" ဟုလည်း ဖော်ပြနိုင်သည်။

ဗလစံစေး

အရေပြား ပြုပြင်ထိန်းသိမ်းရာ၌ အသုံးပြုသော ဆေး သို့မဟုတ် ပရုတ်ဆီ ဖြစ်သည်။ ၃၇:၂၅ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပရုတ်ဆီ"

နံ့သာမျိုး

"ဟင်းခတ် အမွှေးအကြိုင်။" ၃၇:၂၅ မှ ပြန်ဆိုချက်ကို ရှု။

သစ်အယ်သီး

သေးငယ်၍ စိမ်းနုဝါရောင်ရှိသော အခွံမာသီးတစ်မျိုး (pistachio nuts)။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

ဗာတံသီး

ဗာဒံသီး။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့

"လက်" သည် လူကိုလည်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၌ ငွေနှစ်ဆကိုလည်း ယူကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန် လက်၌ ဆောင်သွားကြဦးလော့

"လက်" သည် လူကိုလည်း ညွှန်းသည်။ "ဆောင်ခဲ့သော" ကို ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိတ်ထဲတွင် တစုံတယောက် ပြန်ထည့်သောငွေကို တဖန်ယူသွားကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 43:13

သင်တို့ညီကိုလည်းယူ၍

"ဗင်္ယာမိန်ကိုလည်း ယူ၍"

တဖန် . . . ထသွားကြလော့

"... နောက်တစ်ခါပြန်သွားပါ"

သင်တို့သည် သူ့စိတ်နှင့် တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော

စိတ္တဇနာမ် "စိတ်နှင့်တွေ့ရသောအခွင့်" ကို "ညှာတာ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် သင်တို့ကို ညှာတာစိတ်ရှိရန် အနန္တတန်ခိုးရှင် ဘုရားသခင် ပြုတော်မူပါစေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

သင်တို့ အစ်ကိုတယောက်

"ရှိမောင်"

သို့ရာတွင် ငါသည် သားဆုံးခြင်းကို ခံရလျှင် ခံရတော့မည်

"သို့လျှင်၊ ငါ့သားများကို ဆုံးရလျှင် အဆုံးခံရပေတော့မည်။" မိမိသားများအပေါ် ဖြစ်သမျှကို လက်ခံရတော့မည်ဟု ဆိုလိုသည်။

မိမိလက်၌

"လက်" သည် လူကိုညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့နှင့်အတူ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အဲဂုတ္တုပြည်သို့သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သောကြောင့် "ဆင်းသွား" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:16

သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်

"အစ်ကိုတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်"

ဝန်စာရေး

အိမ်မှုကိစ္စကို တာဝန်ယူသောသူ ဖြစ်ပြီး၊ "အိမ်တွင်းမှူး" ဟူလည်းခေါ်သည်။

သူတို့ကို . . . ခေါ်သွား၏

"ခေါ်" ကို "ဆောင်" ဟုလည်း ဖော်ပြနိုင်သည်။

ယောသပ်အိမ်သို့

"ယောသပ်၏ အိမ်သို့"

Genesis 43:18

သူတို့သည် . . . ဟု ဆိုကြပြီးလျှင်

"အစ်ကိုတို့သည် ... ဟူ၍ ကြောက်ရွံ့သဖြင့်"

ယောသပ်အိမ်သို့ ခေါ်သွားသောအခါ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောသပ် အိမ်သို့ ရောက်သောအခါ" သို့မဟုတ် "ယောသပ်အိမ်သို့ ဆောင်သွားသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခင်၌ ငါတို့ အိတ်တွင်ရှိသောငွေကြောင့် အခေါ်ခံရပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သူသည် အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့်

ဝါကျနှစ်ကြောင်းဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငါတို့ကို အပြစ်တင်ခြင်းငှါ အမှုရှာသဖြင့်"

ယမန်က အကျွန်ုပ်တို့သည် . . . အမှန်လာပါ၏

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာနိမ့်သဖြင့် "ဆင်းလာ" ဟု ဖော်ပြနိုင်သည်။

Genesis 43:21

ဆက်စပ်မှု ဖော်ပြချက်

အိမ်တွင်းမှူးထံ ဆက်လက် ပြောဆိုနေသည်။

စားခန်းသို့ရောက်၍

"နားရပ်သို့ရောက်၍"

လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏

"အယောက်တိုင်း၏ငွေသည် မလျော့ဘဲ အိတ်ထဲတွင် ရှိနေပါ၏"

ထိုငွေကို တဖန်ဆောင်ခဲ့ကြပါပြီ

လူကို ကိုယ်စားပြုသော "လက်" ကို ထည့်သွင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုငွေကို လက်၌ တဖန်ယူလာကြပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ယခုလည်း အစာကိုဝယ်ခြင်းငှါ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏

"ကိုယ်" ကို "လက်" ဟူ၍လည်း ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "ယခုလည်း အစာကိုဝယ်ခြင်းငှါ အခြားသောငွေကို လက်၌ဆောင်ခဲ့ကြပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ဆောင်ခဲ့ကြပါ၏

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာနိမ်သဖြင့် "ဆင်းယူခဲ့" ဟူ၍ ဖော်ပြနိုင်သည်။

ချမ်းသာပါစေ

ကြိယာပုဒ် "ချမ်းသာ" ကို စိတ္တဇနာမ်ဖြင့် အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိတ်လျှော့ပါ" (UDB) သို့မဟုတ် "အေးချမ်းမှု ရှိပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်

တူညီသော ဘုရားသခင်ကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ ဘုရားသခင် တည်းဟူသော သင်တို့ အဖ၏ ဘုရားသခင်" (UDB)

Genesis 43:24

ခြေဆေးစေ၏

ခရီးဝေးမှ ရောက်လာသူများ အမောပြေစေရန် အထောက်ပြုသော ဓလေ့တခုဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မြည်းတို့ကိုလည်း ကျွေးလေ၏

တိရစ္ဆာန်တို့ စားသော အစာခြောက်ကို ညွှန်းသည်။

Genesis 43:26

သူတို့သည် ကိုယ်၌ပါသော လက်ဆောင်

"ကိုယ်" ဟူရာတွင် လူကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် မိမိ၌ပါသော လက်ဆောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သူ့ရှေ့မှာ ဦးညွှတ်ချလျက်နေကြ၏

ရိုသေမှု သဘောကို ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 43:28

ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ

ရိုသေမှုသဘောကို ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်ဖြစ်သော ကျွန်ုပ်အဖ"

ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏

ရှေ့နှင့်နောက် ဆိုလိုရင်း တူသည်။ ရိုသေမှုကိုပြသခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိခိုးလျက်နေကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ယောသပ်သည် မြော်ကြည့်၍

"ကြည့်ရှု၍" ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

မိမိအမိ၏သား မိမိညီရင်း ဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား

ဝါကျနှစ်ကြောင်း ခွဲနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမိ၏သား မိမိညီရင်း ဗင်္ယာမိန်ကို မြင်လေ၏။ ထို့ကြောင့် ဤသူကား"

ဤသူကား . . . သင်တို့ညီဖြစ်သလော

ဖြစ်နိုင်ချေများမှာ၊ ၁) ဗင်္ယာမိန် ဟုတ်မဟုတ် သေချာလိုသဖြင့် မေးခြင်းဖြစ်သည်။ သို့မဟုတ် ၂) ပြောလိုသောအရာ ထိရောက်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသူကား ... သင်တို့ညီ ဖြစ်ပေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါ့သား

မိမိထက် အဆင့်အတန်းနိမ့်သောသူကို ရင်းနှီးစွာ ညွှန်းခေါ်သော စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူငယ်" (UDB)

Genesis 43:30

အလျင်အမြန် ထသွားလေ၏

"အလျင်အမြန် ထွက်သွား၏"

ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ် ရှိသောကြောင့်

"ကြင်နာသောစိတ်" မှာ တစုံတခုကြောင့် စိတ်ခံစားမှု ပြင်းပြခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိညီရင်းကြောင့် ကရုဏာသက်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အမိန့်ရှိ၏

မည်သူထံ ပြောဆိုကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစေခံတို့အား အမိန့်ရှိ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

စားပွဲကို ပြင်ကြ

အစာစားရန် ပြင်ဆင်ခြင်းကို ဆိုလိုသည်။

Genesis 43:32

ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏

ယောသပ်၊ အစ်ကိုများနှင့် အခြားအဲဂုတ္တုလူတို့က ခန်းမတခုတည်းတွင် သုံးနေရာ၌ သီးခြား စားသုံးကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ဖို့ တပွဲ၊ အစ်ကိုတို့ ဖို့တပွဲ၊ ယောသပ်နှင့် စားသော အဲဂုတ္တုလူတို့ဖို့ တပွဲ အသီသီး ပြင်ပေးကြ၏"

ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဘို့တပွဲ

အဲဂုတ္တု မှူးမတ်တချို့က ယောသပ်နှင့်အတူ ရှိသော်လည်း၊ သီးခြားစားပွဲတွင် ထိုင်ကြပေမည်။

အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူတို့က ဟေဗြဲလူတို့နှင့်အတူ စားခြင်းကို ဂုဏ်နိမ့်သည်ဟု မှတ်သောကြောင့်၊ သူတို့နှင့်အတူ မစားကြ"

ညီအစ်ကိုတို့သည် . . . ယောသပ်ရှေ့မှာ ထိုင်နေကြ၏

ညီအစ်ကိုတို့ ထိုင်ရမည့်နေရာကို ယောသပ် စီစဉ်ပေးကြောင်း ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့သည် ... စီစဉ်ပေးသော နေရာအသီးသီးတွင် ထိုင်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက်

အသက်အလိုက် နေရာချပေးကြောင်း ထင်ရှားစေရန် "အကြီး" နှင့် "အငယ်" ကို သုံးနှုန်းထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏

"အစ်ကိုတို့လည်း အံ့ဩခြင်း ရှိကြ၏"

ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း

"ငါးဆ" ကို ယေဘုယျသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်၏ အဖို့သည် အစ်ကိုတို့အဖို့ထက် သာ၍ ပိုများသတည်း"