Genesis 42

Genesis 42:1

ယာကုပ် ကြားသိလျှင်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

သင်တို့သည် အဘယ်ကြောင့် တယောက်ကိုတယောက် ကြည့်ရှု၍ နေကြသနည်း

ဆန်စပါး မရှိသော ပြသနာကို ဖြေရှင်းရန် မကြိုးစားကြသဖြင့် ဆုံးမရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုင်၍သာ မနေကြနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ထိုပြည်သို့ သွား၍ . . . သွားကြ၏

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားသောအခါ မြေနိမ့်ရာသို့ ဆင်းရသဖြင့် "ဆင်းသွား" ဟူ၍လည်း ဖော်ပြနိုင်သည်။

စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့

အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်မှ စပါးကို ဝယ်ခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည် မစေမလွှတ်

ယောသပ်နှင့်ဗင်္ယာမိန်တို့မှာ ဖခင်နှင့်မိခင် တူသော ညီအစ်ကိုများ ဖြစ်သည်။ ရာခေလ၏ တဦးတည်း ကျန်ရစ်သောသားကို ဆုံးရှုံးရန် အလိုမရှိကြောင်း သိမြင်ရသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 42:5

အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကို ဝယ်ခြင်းငှါ လာကြ၏

"လာကြ" နေရာ၌ "သွားကြ" ဟု ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလသားတို့သည် အဲဂုတ္တုပြည်သို့ သွားကြသူတို့နှင့်အတူ၊ စပါးကို ဝယ်ခြင်းငှါ သွားကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go နှင့် /WA-Catalog/my_tm?section=translate#figs-ellipsis)

နိုင်ငံ

အဲဂုတ္တုပြည်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနိုင်ငံ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ပြည်သားအပေါင်းတို့

အဲဂုတ္တုပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးဝယ်ရန် ရောက်လာသူ အပေါင်းတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ယောသပ်အစ်ကိုတို့သည် လာ၍

"လာ၍" ကို "သွား၍" ဖြင့် ပြောင်းဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

သူ့ရှေ့မှာ ဦးညွှတ်ချကြ၏

ရိုသေမှုပြသော နည်းလမ်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 42:7

ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင် သိ၏

"ယောသပ်ကလည်း အစ်ကိုတို့ကို မြင်၍ သိ၏"

သို့သော်လည်း မသိဟန်ဆောင်၍

"သို့သော်လည်း မိမိကိုယ်ကို ရုပ်ဖျက်ထားပြီး" သို့မဟုတ် "သို့သော် ညီငယ် ဖြစ်ကြောင်း မသိစေဘဲ"

သင်တို့သည် အဘယ်ကလာကြသနည်း

အဖြေကို သိသော်လည်း တမင်တကာ မေးလိုက်ခြင်းဖြစ်သည်။ အစ်ကိုတို့ မှတ်မိခြင်း မပြုနိုင်ရန် မသိဟန်ဆောင်သော မေးခွန်းဖြစ်သည်။

Genesis 42:9

သင်တို့သည် သူလျှိုဖြစ်ကြ၏

မိမိနိုင်ငံအတွက် အခြားနိုင်ငံသို့ တိတ်တခိုး ဝင်ရောက်ကာ ထောက်လှမ်းသောသူများ ဖြစ်သည်။

ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကွယ်အကွယ်မဲ့သော အရပ်ကို တိုက်ခြင်းငှါ ထောက်လှမ်းရန် လာကြပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သခင်

တစုံတဦးကို ရိုသေစွာ ညွှန်းဆိုသောစကား ဖြစ်သည်။

ကိုယ်တော်၏ ကျွန်တို့သည်

ညီအစ်ကိုတို့က မိမိတို့ကိုယ်ကို "ကျွန်" ဟု ညွှန်းသည်။ အခွင့်အာဏာ ကြီးမြတ်သော သူရှေ့မှာ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်၊ ကျွန်တော်မျိုးတို့သည်" သို့မဟုတ် "ကျွန်တော်မျိုးတို့သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

Genesis 42:12

ယောသပ်ကလည်း . . . ဆိုပြန်၏

"ယောသပ်ကလည်း ... အစ်ကိုတို့အား ဆိုပြန်၏"

မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မဟုတ်ရ။ အကွယ်အကွယ်မဲ့သော အရပ်ကို စုံစမ်းခြင်းငှါ လာကြပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ညီအစ်ကို တကျိပ်နှစ်ယောက်

"ညီအစ်ကို ၁၂ ယောက်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အငယ်ဆုံးသောသူ

"နားဆင်တော်မူပါ၊ အငယ်ဆုံးသောသူ။" ပြောလိုသောအရာကို နားထောင်ရန် တောင်းပန်သော အသုံးအနှုန်းဖြစ်သည်။

အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏

"ညီအငယ်ဆုံးမှာ ယခု အဖနှင့်အတူ ရှိပါ၏"

Genesis 42:14

သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ

"ငါဆိုသည်အတိုင်း သင်တို့မှာ သူလျှိုဖြစ်ကြ၏။" ၄၂:၉ မှ ပြန်ဆိုချက်ကို ရှု။

သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်း ဟူမူကား

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ရာတွင်၊ သင်တို့ကို ဤသို့ စုံစမ်းအုံးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း

သစ္စာတိုင်တည်သောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကြီး၏ သက်တော်ကို တိုင်တည်လျက်" (ရှု၊ rc://*/tw/bible/other/oath)

သင်တို့တွင် တယောက်သောသူကို စေလွှတ်၍ ညီကိုဆောင်ခဲ့စေ

"သင်တို့၌ တယောက်ကို စေလွှတ်၍ ညီကို ခေါ်ဆောင်စေ"

ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်

"ကျန်ရှိသူတို့မှာ ထောင်ထဲတွင် နေရမည်"

သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ

"စကား" မှာ ပြောသမျှသောအရာကို ကိုစားပြုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့စကား အမှန်ဖြစ်ကြောင်း သိစေခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ချုပ်ထားလေ၏

"အကျဉ်းချ လေ၏" (UDB)

Genesis 42:18

သုံးရက်မြောက်သောနေ့၌

"သုံးရက်မြောက်" မှာ အစဉ်ပြကိန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နှစ်ရက်လွန်သော်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှါ ပြုရသောအမှု ဟူမူကား

ဝါကျကို ပုဒ်အပြည့်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ သင်တို့အသက် ချမ်းသာစေခြင်းငှါ ဤသို့ ပြုကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏

ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း ရှိ၍၊ သူ၏ စကားကို နာခံကြောင်း ညွှန်းဆိုသည်။

သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ ညီအစ်ကို တယောက်ကို ထောင်၌ ချုပ်လျက်နေစေပြီးလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကြွင်းသောသူတို့မူကား သွားကြလော့

ထောင်တွင် အချုပ်မခံရသောသူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျန်ရှိသူတို့မူကား သွားကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍ သွားကြလော့

"အိမ်သူအိမ်သား" ကို "မိသားစု" ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးချိန်၌ သင်တို့ မိသားစုအတွက် စပါးကို သွားပို့ကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်

"စကား" ဟူရာတွင် ပြောသမျှအရာကို ကိုစားပြုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ သင်တို့စကား မှန်ကြောင်း ငါသိရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

သင်တို့အသက်လည်း ချမ်းသာရလိမ့်မည်

မိမိအစ်ကိုတို့က အမှန်တကယ် သူလျှိုများ ဖြစ်ခဲ့လျှင် သေမိန့်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 42:21

သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည် မြင်လျက်နှင့်

"စိတ်" မှာ ယောသပ်ကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်၏ စိတ်ဆင်းရဲခြင်းကို ငါတို့ မြင်လျက်နှင့်" သို့မဟုတ် "ယောသပ်၏ ဆင်းရဲခံရခြင်းကို ငါတို့ မြင်လျက်နှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီ

စိတ္တဇနာမ် "ဤအမှု" ကို "ခံ" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဤကဲ့သို့ ငါတို့ ခံရကြပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည် မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲ နေကြသောကြောင့်

မိမိညီတို့ကို ရုဗင် ဆုံးမသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်အပေါ် အပြစ်မပြုရန် ဆိုခဲ့သော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။ ထို့ကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည် မဟုတ်လော

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်ကို မပြစ်မှားရန် ငါဆိုခဲ့သည် မဟုတ်လော" "သူငယ်အပေါ် အပြစ်မပြုရန် ဆိုခဲ့သော်လည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ယခု

"ယုခုချက်ချင်း" ဟု မဆိုလိုဘဲ၊ ပြောလိုသောအရာကို ထင်ရှားစေရန် သုံးနှုန်းသော စကားဖြစ်သည်။

သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်

"အသွေး" က ယောသပ်၏ အသေခံမှုကို ကိုယ်စားပြုသည်။ ယောသပ် သေပြီဟု အစ်ကိုတို့ ထင်မှတ်ကြသည်။ "အစစ်ခံရကြသည်" မှာ မိမိတို့ ပြုသောအမှားအတွက် ပြန်လည် ပေးဆပ်ခြင်းကို ဆိုလိုသည်။ အခြားသော ဘသာပြန်ဆိုချက်၊ "သူ၏ သေခြင်းအတွက် ငါတို့ခံရကြပြီ" သို့မဟုတ် "သူ့ကို သေစေသော အပြစ်ကြွေးကို ငါတို့ ပေးဆပ်ရပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 42:23

သူတို့မထင်ကြ . . . စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း

ယောသပ်က နားလည်နိုင်မည်မဟုတ်ဟု ထင်ရသော အကြောင်းရင်း နောက်ခံအခြေအနေကို ဖော်ပြထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

စကားပြန်

ဘာသာစကား တမျိုးဖြင့် ပြောသမျှအရာကို နောက်ဘာသာစကားသို့ ပြန်ဆိုပေးသောသူ ဖြစ်သည်။ အစ်ကိုတို့ ပြောသောစကားကို နားမလည်ကြောင်း ထင်မှတ်စေရန် စကားပြန်ကို အသုံးပြုခြင်းဖြစ်သည်။

ထိုအခါ ယောသပ်သည် သူတို့ထံမှ ခဏခွါ၍ ငိုလေ၏

အစ်ကိုတို့ ပြောသောစကားကြောင့် စိတ်ထိခိုက်သဖြင့် ငိုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

နှုတ်ဆက်ပြီးလျှင်

စကားပြန်မှတဆင့် ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သူတို့ရှေ့တွင် ချည်နှောင်လေ၏

သူတို့ မျက်စိရှေ့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မျက်စိရှေ့တွင် ချည်နှောင်လေ၏" သို့မဟုတ် "သူတို့ရှေ့တွင် ချည်နှောင်စေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လမ်းခရီး၌ စားစရိတ်ကို ပေးစေခြင်းငှါ၎င်း

"လမ်းခရီးအတွက် လိုအပ်သမျှကို ပေးစေခြင်းငှါလည်းကောင်း"

ထိုသို့လျှင် သူတို့၌ပြုလေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် ထိုသို့ ပြုပေးခြင်း ခံရ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 42:26

စားခန်းသို့ရောက်သောအခါ၊ တယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏

"တည်းခိုရန် နားသောအခါ၊ တယောက်က မြည်းကို အစာကျွေးရန် အိတ်ကို ဖွင့်ရာ၊ အိတ်ထဲ၌ မိမိငွေကို မြင်လေ၏"

ကျွန်ုပ်ငွေကို ပြန်ထားပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ငွေ ပြန်ထားခံရပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကြည့်ပါ

"ကြည့်ပါလော့"

စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်

အလွန်ကြောက်လန့်သဖြင့် စိတ်နှလုံးလျော့ကျ သကဲ့သို့ တင်စားထားသည်။ "စိတ်နှလုံး" ဟူရာတွင် စိတ်ဓါတ်ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြောက်လန့်၍ တုန်လှုပ်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-metonymy

Genesis 42:29

ထိုပြည်ကို အုပ်စိုးသောသူ

"အဲဂုတ္တုပြည်ကို အစိုးရသူ"

ကြမ်းတမ်းစွာ ပြောလျက်

"ခက်ထန်စွာ ပြောလျက်"

ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏

မိမိနိုင်ငံအတွက် အခြားနိုင်ငံသို့ တိတ်တခိုး ဝင်ရောက်ကာ ထောက်လှမ်းသောသူများ ဖြစ်သည်။ ၄၂:၉ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့်မတ်သောသူ ဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက် ဖြစ်ကြပါ၏။ တယောက်ကား မရှိပါ . . . ယခုရှိရစ်ပါသည်ဟု လျှောက်သောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုငသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့မှာ ဖြောင့်မတ်သောသူ ဖြစ်၍၊ သူလျှိုမဟုတ်ကြောင်း။ ဖခင်တဦးတည်း၏ သား၊ ညီအစ်ကို တဆယ့်နှစ်ယောက် ရှိကြသည်အနက်၊ တယောက်မှာ မရှိတော့ကြောင်း ... ယခုရှိရစ်ပါကြောင်း စသည်ဖြင့် လျှောက်သောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

တယောက်ကား မရှိပါ

"ညီ" ဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ညီတယောက်ကား မရှိပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ်ပါသည်

"ညီအငယ်ဆုံးမှာ ယခု ခါနာန်ပြည်၌ အဖနှင့်အတူ ရှိပါသည်"

Genesis 42:33

ထိုပြည်ကို အုပ်စိုးသောသခင်

"အဲဂုတ္တုပြည်၏ သခင်"

သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍

"အိမ်သူအိမ်သား" ကို "မိသားစု" ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးချိန်၌ သင်တို့မိသားစုအတွက် အစာကိုယူ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သွားကြလော့

"ပြန်ကြလော့" သို့မဟုတ် "ထွက်သွားလော့"

သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်

"ပြည်တော်၌ ရောင်းဝယ်ဖောက်ကားရသော အခွင့်ကိုလည်း ငါပေးမည်"

Genesis 42:35

သောအခါ

အကြောင်းအရာတခု၏ အရေးကြီးသော အခန်းကို အမှတ်ပြုသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သင်တို့သည် ငါ့သားတို့ကို လုယူကြပြီ

"ငါ့သားများကို သင်တို့ ယူသွားကြပြီ" သို့မဟုတ် "ငါ့သားနှစ်ယောက်ကို ယူသွားပြီးပြီ"

ဤအမှု အလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက် ဖြစ်သည်တကား

"ဤအမှု အလုံးစုံတို့က ငါ့ကို ဆန့်ကျင်နေပါတကား"

Genesis 42:37

သူ့ကို ကျွန်ုပ်လက်၌အပ်ပါ

ဗင်္ယာမိန်ကို မိမိထံ အပ်ရန်နှင့် သူ့ကို မိမိက ထိန်းသမ်းမည်အကြောင်း တောင်းပန်စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ကျွန်ုပ်ထံအပ်ပါ" သို့မဟုတ် "သူ့ကို ကျွန်ုပ် စောင့်ရှောက်ပါရစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်တို့နှင့်အတူ ငါ့သားမသွားရ

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် နိမ်ရာသို့ ဆင်းသွားသဖြင့် "ဆင်းသွား" ဟုလညည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့နှင့်အတူ ငါ့သား ဗင်္ယာမိန် ဆင်းမသွားရ"

သင်တို့နှင့်အတူ

ယာကုပ်၏ သားကြီးတို့ကို ညွှန်းသည်။ (ရှ၊ /WA-Catalog/my_tm?section=translate#figs-you)

သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန်ရစ်၏

လိုရင်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မယား ရာခေလတွင် သားနှစ်ဦးသာရှိ၏။ သို့ရာတွင်၊ ယောသပ်သေ၍၊ ဗင်္ယာမိန် တယောက်တည်း ကျန်ရစ်လေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်တို့သွားရာ လမ်းခရီးတွင်

"အဲဂုတ္တုပြည်သို့ သွားရာလမ်းတွင်" သို့မဟုတ် "ခရီးလမ်းတွင်။" "လမ်း" က ခရီးထွက်ကြောင်းကို ထင်ရှားစေသည်။

သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်

"မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်" ဟူရာတွင် မိမိကို ဝမ်းနည်းသောက ဖြစ်စေသဖြင့် သေ၍ ရှေဩလ ခေါ် မရဏာနိုင်ငံသို့ ရောက်စေလိမ့်မည်ဟု ဆိုလိုသည်။ ရှေဩလမှာ မြေအောက်တွင် ရှိသည်ဟု ထင်မှတ်ကြသဖြင့် "ကျဆင်း" ဟု သုံးနှုန်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အိုမင်းသောငါ့ကို ဝမ်းနည်းခြင်းဖြင့် သေစေကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါ့ဆံပင်ဖြူ

အိုမင်းကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုမင်းသော ငါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)