Genesis 39

Genesis 39:1

ဣရှမေလလူတို့သည် ယောသပ်ကို ဆောင်သွား၍ အဲဂုတ္တုပြည်သို့ ရောက်သောအခါ

ဓမ္မဟောင်းခေတ်တွင် အဲဂုတ္တုပြည်သို့ သွားလျှင် "ဆင်း"၊ ကတိတော်ပြည်သို့ သွားလျှင် "တက်" ဟူ၍ မှတ်ယူကြသည်။ ၎င်းကို အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣ‌ရှမေလလူတို့က ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆင်းခေါ်သွား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော်မူသဖြင့်

ထာဝရဘုရားက ယောသပ်ကို ကူညီလျက် အနားတွင် အမြဲရှိတော်မူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားက ယောသပ်ကို မစလျက်၊ ကူညီတော်မူသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အိမ်၌ နေရလေ၏

သခင်၏ အိမ်တွင် အစေခံကြောင်းကို အိမ်၌ နေသကဲ့သို့ တင်စားထားသည်။ ယုံကြည်စိတ်ချမှု အခံရဆုံး အစေခံတို့သာ သခင်၏အိမ်တွင် နေထိုင်လုပ်ကိုင်ခွင့်ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်၌ အစေခံရလေ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အဲဂုတ္တုအမျိုးသား မိမိသခင်

ယောသပ်မှာ ပေါတိဖါ၏ အစေကို ခံရသည်။

Genesis 39:3

သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍ . . . ကို သခင်လည်း သိမြင်၏

ထာဝရဘုရားက ယောသပ်ကို ကူညီနေခြင်းကို သခင်က တွေ့မြင်‌ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ထာဝရဘုရား ကူညီမစ၍ ... ကို သခင်လည်း သိမြင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူပြုလေရာရာ၌ အောင်စေတော်မူကြောင်း

"သူပြုသမျှ၌ အောင်စေတော်မူကြောင်း"

ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍

"မျက်နှာရ" ဟူရာတွင် ထောက်ခံအားပေးမှု ရရှိကြောင်း ဆိုလိုသည်။ ဖြစ်နိုင်ချေများမှာ၊ (၁) "ထို့ကြောင့် သခင်သည် ယောသပ်အားဖြင့် ကျေနပ်ခြင်းရှိ၍" သို့မဟုတ် (၂) "ထို့ကြောင့် ယောသပ်သည် သခင်၏ ကျေနပ်မှုကို ရရှိ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ခစားလျက်နေရ၏

ပေါတိဖါ၏ ကိုယ်ပိုင် အစေခံဖြစ်ကြောင်း ဆိုလိုသည်။

သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို

"သခင်ကလည်း ယောသပ်အား မိမိအိမ်နှင့် ဥစ္စာရှိသမျှကို စီမံခန့်ခွဲ၍"

အပ်လေ၏

တစုံတရာကို တစုံတဦးထံ အပ်ခြင်းဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိန်းသိမ်းပြုစု စေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 39:5

ထိုသို့ . . . ကာလမှစ၍

အကြောင်းအရာတခု၏ နောက်အခန်းကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

အိမ်နှင့် ဥစ္စာရှိသမျှကို‌ အုပ်စိုးစေသည်

"အိမ်နှင့် ဥစ္စာရှိသမျှကို ထိန်းသိမ်းစေသော"

ကောင်းကြီးပေးတော်မူသဖြင့်

"ကောင်းကြီး" မှာ တစုံတဦး သို့မဟုတ် တစုံတရာ အပေါ်မှာ ကောင်းခြင်းတရားနှင့် ပြည့်စုံစေခြင်း ဖြစ်သည်။

ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် . . . အပေါ်မှာလည်း သက်ရောက်လေ၏

ကောင်းကြီးမင်္ဂလာကို တစုံတရာပေါ် ဖုံးအုပ်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... အပေါ်မှာ ကောင်းကြီးမင်္ဂလာ သက်ရောက်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှ

အိမ်တွင်း ဥစ္စာများနှင့် အိမ်ပြင် တိရစ္ဆာန်စသည်များကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အတွင်းနှင့် အပြင်၊ ဥစ္စာရှိသမျှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍

"လက်သို့ အပ်" ဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်းလည်း မည်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပေါတိဖါကလည်း မိမိပိုင်သမျှကို ယောသပ်လက်သို့ အပ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

မိမိစားသော အစာမှတပါး အခြားသောဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏

မိမိ စားလိုသော အစာမှလွဲ၍ အိမ်ကိစ္စအတွက် စိတ်ပူစရာ မရှိကြောင်း ဆိုလိုသည်။ ၎င်းကို အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိစားလိုသော အစာမှတပါး၊ ဥစ္စာအတွက် စိတ်ပူပန်စရာ ကင်းမဲ့လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit နှင့် /WA-Catalog/my_tm?section=translate#figs-doublenegatives)

ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှသောသူဖြစ်၏

ဆိုလိုရင်း အဓိပ္ပါယ်ချင်း တူသည်။ ယောသပ်၏ နှစ်လိုဖွယ် အရုပ်အဆင်းကို ညွှန်းသည်။ ချောမော၍ သန်မာခဲ့ပေမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဆင်းလှ၍ သန်မာသောသူဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

Genesis 39:7

ထိုနောက်မှ

"ထို့ကြောင့်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ကျွန်တော်၌ အဘယ်ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ပါ

"သို့ရာတွင် စိတ်ပူပန်စရာ မရှိခဲ့ပါ။" ၎င်းကို အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို စိတ်ချစွာဖြင့် အပ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ

"လက်သို့ အပ်" ဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်သည် အိမ်၌ ရှိသမျှသောဥစ္စာကို ကျွန်တော့်ထံ အပ်ပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဤအိမ်တွင်လည်း ကျွန်တော်ထက် သာ၍ကြီးသောသူ မရှိပါ

အခွင့်အာဏာကို ကြီးမြတ်ခြင်းဖြင့် တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအိမ်တွင်လည်း ကျွန်တော်ထက် အာဏာကြီးသူ မရှိပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ

အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်မ မှတပါး အရာအားလုံးကို ကျွန်ုပ်၌ အပ်ထားပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-litotes)

သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း

ပြောလိုသောအရာကို ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ ဘုရားသခင်ကို ဆန့်ကျင်သော အပြစ်ကို မပြုနိုင်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 39:10

ထိုသို့ သခင်မသည် နေ့တိုင်း သွေးဆောင်သော်လည်း

မိမိနှင့်အတူ အိပ်ရန် သွေးဆောင်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ သခင်မက နေ့တိုင်း သွေးဆောင်သော်လည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သူနှင့်အတူ အိပ်ခြင်း၊ နေခြင်းအမှုကို

"သူမ အနီးအနားမှ"

တနေ့သ၌

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

အိမ်သားယောက်ျား တယောက်မျှ

"အိမ်၌ အစေခံယောက်ျား တယောက်မျှ"

ပြင်သို့ ထွက်ပြေးလေ၏

"အပြင်သို့ ပြေးထွက်လေ၏" သို့မဟုတ် "ပြင်သို့ အလျင်အမြန် ထွက်လေ၏"

Genesis 39:13

ထိုသို့ . . . တို့ကို ခေါ်၍

"ထိုသို့ဖြင့် ... တို့ကို ခေါ်၍။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ပြင်သို့ ထွက်ပြေးသည်

"အပြင်သို့ ပြေးထွက်သည်"

အိမ်သားယောက်ျားတို့

"အိမ်တွင်း အစေခံ ယောက်ျားတို့"

သင်တို့ ကြည့်ကြ

"ကြည့်ကြလော့။" အစေခံတို့ အာရုံစိုက်ရန် အသုံးပြုသော စကားလုံးဖြစ်သည်။

သူသည် ငါနှင့်အတူ အိပ်ခြင်းငှါ ဝင်လာ၍

ယောသပ်က မိမိကို ဖျားယောင်းကြောင်း ပေါတိဖါကတော်က စွပ်စွဲထားသည်။

ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည်

"ထိုသို့ အော်ဟစ်သောအခါ၊ သူသည်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

Genesis 39:16

သခင်

"ယောသပ်သခင်။" ပေါတိဖါကို ညွှန်းသည်။

ဟူသော စကားဖြင့် ကြားပြောလေ၏

"ဟူ၍ ဖြေရှင်းချက်ပေးလေ၏"

သွင်းထားသော

ရှေ့တွင် ပေါတိဖါ၊ သူ့မယားနှင့် အိမ်သားတို့ထံ ပါဝင်သော "ကျွန်မတို့ထံ" ကို ထည့်သွင်းဖော်ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

ကျွန်ုပ်ကို မရိုမသေပြုခြင်းငှါ ဝင်လာပါ၏

"ကျွန်မကို ကဲ့ရဲ့ခြင်းငှါ ဝင်လာပါ၏။" "မရိုမသေပြုခြင်း" ဟူ၍ "အဓမ္မပြုခြင်း" ကို ယဉ်ကျေးစွာ သုံးနှုန်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မကို အဓမ္မပြုခြင်းငှါ ဝင်လာပါ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ကျွန်ုပ်သည် . . . သောအခါ

"ထိုအခါ ကျွန်မလည်း ... လေရာ။" ယောသပ်က မိမိကို အဓမ္မပြုရန် ကြိုးစားပြီးနောက် အဖြစ်အပျက်ကို ရှင်းပြခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ပြင်သို့ ထွက်ပြေးပါသည်

"အပြင်သို့ ပြေးထွက်ပါသည်"

Genesis 39:19

ကို . . . လျှင်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

သခင်

"ယောသပ်၏သခင်။" ပေါတိဖါကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်သခင် ပေါတိဖါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မယားပြောသောစကားကို သခင်ကြားလျှင်

"မယား၏စကားကို သူကြားလျှင်။" "သခင်" နှင့် "သူ" မှာ ပေါတိဖါကို ညွှန်းသည်။

...ကို အမျက်ထွက်၍

"....ပေါ် အမျက်ထွက်၍"

ရှင်ဘုရင် ချုပ်ထားသောသူတို့ နေရာ ထောင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်၏ အကျဉ်းသားတို့ နေရာ ထောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ယောသပ်သည် . . . နေရ၏

"သူသည် ... နေရ၏"

Genesis 39:21

သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ရှိ၍

ထာဝရဘုရားက ယောသပ်ကို ကာကွယ်စောင့်ရှောက်၍ ဂရုဏာပြသကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ယောသပ်ကို ညှာတာ၍" (UDB) သို့မဟုတ် "သို့သော်လည်း ထာဝရဘုရားသည် သူ့ကို ကာကွယ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထောင်မှူးထံ မျက်နှာရစေတော်မူ၏

ယာဝေးဘုရားက ယောသပ်ကို ထောင်မှူး၏ စိတ်ကျေနပ်မှုရစေကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထောင်မှူး၏ စိတ်နှင့် တွေ့စေတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထောင်မှူး

"ထောင်အုပ်" သို့မဟုတ် "ထောင်ကို ကွပ်ကဲသောသူ"

ယောသပ်လက်သို့အပ်၍

"လက်" မှာ စိတ်ချစွာ အပ်ပေးမှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ထံသို့အပ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ် စီရင်ရ၏

"ထောင်ထဲတွင် ဖြစ်သမျှအမှုကို ယောသပ် စီရင်ရ၏"

အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာ ရှိ၍

ယာဝေးဘုရားက ယောသပ်ကို ကူညီမစကြောင်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ဖက်မှာ ထာဝရဘုရား ရှိတော်မူသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူပြုလေရာရာ၌ အောင်စေတော်မူသတည်း

"သူပြုသမျှ၌ အောင်မြင်သတည်း"