Genesis 40

Genesis 40:1

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။

မိမိတို့အရှင် . . . ကို ပြစ်မှားကြ၏

"မိမိတို့အရှင် ... အပေါ် ပြစ်မှားကြ၏"

ဖလားတော်ဝန်နှင့်စားတော်ဝန်တို့

"ဖလားတော်မှူးနှင့် စားတော်မှူးတို့"

ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏

"ကိုယ်ရံတော်မှူး၏ အချုပ်ခန်း၌ သွင်းတော်မူ၏"

ချုပ်ထားတော်မူ၏

ဘုရင်ကြီး ကိုယ်တိုင်က အချုပ်ခန်း၌ မသွင်းဘဲ၊ ငယ်သားတို့ထံ သွင်းခိုင်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သွင်းစေတော်မူ၏" သို့မဟုတ် "သွင်းရန် အမိန့်ပေးလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ယောသပ်အချုပ်ခံရာ ထောင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် အကျဉ်းကျရာ ထောင်" သို့မဟုတ် "ပေါတိဖါက ယောသပ်ကို သွင်းရာ ထောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 40:4

သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက် နေရကြ၏

"သူတို့လည်း အတန်ကြာအောင် အချုပ်ခံရကြ၏"

Genesis 40:6

ယောသပ်သည် သူတို့ ထံသို့ဝင်၍

"ယောသပ်သည် ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ထံ သွားလေရာ"

ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်

ယောသပ်၏ အံ့အားသင့်မှုကို ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြည့်ရှုလော့၊ သူတို့သည် ဝမ်းနည်းလျက်ရှိကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မိမိနှင့်အတူ အချုပ်ခံနေရသော ဖါရောမင်း၏ အမတ်တို့

ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို ညွှန်းသည်။

မိမိသခင်အိမ်၌

"မိမိသခင် အကျဉ်းထောင်၌။" "မိမိသခင်" ဟူရာတွင်၊ ယောသပ်၏သခင် ကိုယ်ရံတော်မှူးကို ညွှန်းသည်။

အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မဟုတ်လော

ဆိုလိုရင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်အနက်များကို ဘုရားသခင် ပိုင်တော်မူ၏" သို့မဟုတ် "အိပ်မက်များကို ဘုရားသခင် အနက်ဖွင့်နိုင်၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါ

မြင်မက်သော အိပ်မက်တို့ကို ပြောပြရန် တောင်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ပြောပြပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 40:9

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင်ရှိ၏

"အိပ်မက်ထဲတွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင်ရှိ၏။" ပြောလိုသောစကားကို အာရုံစိုက်စေရန် "ကြည့်ရှုလော့" ဟူသော စကားလုံးကို ထည့်သုံးနိုင်သည်။

အသီးပြွတ်တို့လည်း မှည့်သော စပျစ်သီး ဖြစ်လေ၏

"အသီးပြွတ်တို့လည်း စပျစ်သီးအဖြစ် မှည့်လေ၏"

ညှစ်ပြီးမှ

အရည်ကို ညှစ်ထုတ်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရည်ညှစ်ပြီးမှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 40:12

သင်၏အိပ်မက်အနက် ဟူမူကား

"သင့်အိပ်မက်၏ အနက်သည်"

စပျစ်နွယ် သုံးလက်တို့သည် သုံးရက်ဖြစ်၏

"စပျစ်နွယ်သုံးလက်မှာ သုံးရက်ဖြစ်၏"

သုံးရက်လွန်မှ

"နောက်သုံးရက်တွင်"

သင်၏ဦးခေါင်းကို ချီးမြှောက်၍

ထောင်ထဲမှာ ချီးမြှောက်ခြင်းကို ဦးခေါင်း မြှောက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကို ထောင်ထဲမှ ချီးမြှောက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်၏အရာကို ပြန်ပေးတော်မူသဖြင့်

"သင့် တာဝန်ကို ပြန်ပေးတော်မူသဖြင့်"

သင်သည်အထက်က . . . ဖြစ်၍ ပြုဘူးသည် နည်းတူ

အခြားသော ဘာသာပြန်ဆိုချက်၊ "... အဖြစ် ဆောင်ရွက်ဖူးသည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 40:14

ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့

"ကျွန်ုပ်အပေါ် ဂရုဏာပြပါလော့"

ဖါရောဘုရင်ကို လျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ

ထောင်မှ ကယ်နှုတ်ရန် ဖါရောမင်းထံ လျှောက်ရန် တောင်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံ တင်ပြ၍ ကျွန်ုပ်ကို ဤထောင်မှ ကယ်နှုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကယ်စင်စစ် ကျွန်ုပ်ကို . . . ခိုးယူခဲ့ကြ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကယ်စင်စစ် ကျွန်ုပ်သည် ... ခိုးယူခြင်းခံရ၏" သို့မဟုတ် "အကယ်စင်စစ် ဣရှေမလလူတို့က ကျွန်ုပ်ကို ... ဆောင်ယူခဲ့ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဟေဗြဲပြည်

"ဟေဗြဲလူတို့နေထိုင်ရာ ပြည်"

ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်

"ဤပြည်၌လည်း အပြစ်မပြုဖူးသော ကျွန်ုပ်ကို ထောင်ထဲမှာ လှောင်ထားကြသည်" (UDB)

Genesis 40:16

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ငါသည်လည်း . . . သည်ကို မြင်မက်၏

"ငါသည်လည်း ...အိပ်မက်တွင်မြင်မက်၏"

ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်

"ငါ့ဦးခေါင်းပေါ်မှာ မုန့်တောင်းသုံးလုံးကို ရွက်နေသည်။" အံ့အားသင့်မှုကို ဖော်ပြရန် "ကြည့်ရှုလော့" ဟူသော စကားလုံးကို ထည့်သွင်းနိုင်သည်။

ဖါရောမင်း စားတော်ခေါ်ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ်

"ဖါရောမင်းအတွက် ပြင်ဆင်ထားသော စားဘွယ်"

Genesis 40:18

သင်၏အိပ်မက်အနက် ဟူမူကား

"သင့်အိပ်မက်၏ အနက်ကား"

တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏

"တောင်းသုံးလုံးမှာ သုံးရက်ဖြစ်၏"

သင်၏ဦးခေါင်းကို ကိုယ်နှင့် ခွါမြှောက်လျှက်

၄၀:၁၂ ၌ ယောသပ် ဆိုခဲ့သော အသုံးအနှုန်းဖြင့် ပြန်လည် ပြောဆိုသည်။ ဖြစ်နိုင်ချေများမှာ၊ (၁) "သင့်လည်ကို ကြိုးဖြင့် ပတ်၍" သို့မဟုတ် (၂) "သင့်ဦးခေါင်းကို ကိုယ်မှ ဖြတ်လျက်"

အသား

ကိုယ်ခန္ဓာ၏ နုသောအပိုင်း အားလုံးကို ညွှန်းသည်။

Genesis 40:20

ထိုနောက် သုံးရက်လွန်သောအခါ

"သို့ဖြင့်၊ သုံးရက်မြောက်သော်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ပွဲကိုခံ၍ . . . ကျွေးမွေးတော်မူစဉ်တွင်

"... ကျွေးမွေးရန် ပွဲကျင်းပလေရာ"

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်ပြုတ်ပေးသောသူ ဖြစ်သည်။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ဖလားတော်ဝန်ကို အထက်အရာ၌ တဖန်ခန့်ထားတော်မူသဖြင့်

"အထက်အရာ" ဟူရာတွင် သူ၏ တာဝန်ဖြစ်သော ဖလားတော်ဝန်အရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖလားတော်ဝန်ကို မိမိအရာကို တဖန်ခန့်ထားသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏

ဖါရောမင်း ကိုယ်တိုင် စားတော်ဝန်ကို ကြိုးဆွဲခြင်း မပြုဘဲ ငယ်သားတို့ကို အမိန့်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စားတော်ဝန်ကိုမူကား၊ ကြိုးဆွဲလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အိပ်မက်အနက်ကို ယောသပ် ဘတ်သည်အတိုင်း

ယောသပ်၏ အိပ်မက် အနက်ပြန်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်အနက်ကို ယောသပ် ဖတ်ခဲ့သည့်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)