Genesis 38

Genesis 38:1

ထိုကာလအခါ ယုဒသည်

ယုဒအကြောင်းကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ဟိရအမည်ရှိသော၊ အဒုလံအမျိုးသား

ဟိရမှာ အဒုလမ်အရပ်တွင် နေထိုင်သော လူတစ်ယောက်ဖြစ်သည်။ အဒုလံအမျိုးသား ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရှုအာအမည်ရှိသော

ယုဒနှင့် ထိန်းမြားသော ခါနာနိ အမျိုးသမီး၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 38:3

မိန်းမသည် ပဋိသန္ဓေယူ၍

"ထိုမယားသည် ပဋိသန္ဓေယူ၍"

ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသားကို ဧရဟု မှည့်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဧရ . . . ဩနန် . . . ရှေလ

ယုဒသားများ၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အမည်ဖြင့် မှည့်လေ၏

"သူ့ကို မှည့်လေ၏"

ခေဇိပ်မြို့

အရပ်ဒေသ၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 38:6

ဧရ

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈:၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍

"ရှေ့၌" မှာ ထာဝရဘုရား အမြင်၌ဟု ညွှန်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား အမြင်၌ ဆိုးညစ်သူဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူ့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏

ဆိုးညစ်သူဖြစ်သောကြောင့် ကွပ်မျက်တော်မူ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆိုးသောသူဖြစ်၏။ ထို့ကြောင့်၊ ထာဝရဘုရား ကွပ်မျက်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 38:8

ဩနန်

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈:၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အစ်ကိုအမျိုးကို ဆက်နွှယ်လော့

အစ်ကိုနှင့်မရီးတို့၌ သားမထွန်းကားဘဲ အစ်ကိုဖြစ်သူ သေဆုံးလျှင်၊ နောက်အကြီးဆုံး ညီက မရီးကို ထိန်းမြားရသည်။ ထိုသို့ဖြင့် သားမွေးလျှင်၊ ပထမဆုံး မွေးသောသားကို ဆုံးသွားသော အစ်ကို၏ သားအဖြစ် မှတ်ယူရပြီး၊ အစ်ကို၏အမွေကို ဆက်ခံရသည်။

ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်

ထာဝရဘုရား အမြင်၌ ဆိုးညစ်သောအမှုဖြစ်ကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအမှုမှာ ထာဝရဘုရား အမြင်၌ ဆိုးညစ်သောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏

ဆိုးညစ်အမှုကို ပြုသောကြောင့် ကွပ်မျက်တော်မူ၏။ ၎င်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို တဖန် ကွပ်မျက်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 38:11

မိမိချွေးမ

"သားကြီး၏မယား"

သင်သည် သင့်အဘအိမ်၌

သူမ၏ ဖခင်၌ ပြန်နေရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အဖအိမ်သို့ ပြန်ပြီး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ငါ့သားရှေလ မကြီးမှီ

တာမာအား ရှေလနှင့် ပေးစားရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊" ငါ့သားရှေလ ကြီး၍ သူနှင့် ထိမ်းမြားချိန် မရောက်မှီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ရှေလ

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈:၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်

ရှေလက တာမာနှင့် ထိမ်းမြားလျှင် အစ်ကိုများကဲ့သို့ သေမည်ကို ဖခင်ဖြစ်သူ ယုဒက စိုးရိမ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေလသည် သူမနှင့် ထိမ်းမြားလျှင် အစ်ကိုတို့ ကဲ့သို့ သေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 38:12

ရှုအာ

ယောက်ျားအမည် ဖြစ်သည်။ ၃၈:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ယုဒသည် နှစ်သိမ့်ပြီးမှ

"ယုဒသည် ပူဆွေးခြင်း ရပ်နား၍"

မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနမြို့

"မိမိလူတို့ သိုးမွှေးညှပ်ရာ တိမနမြို့"

တိမနမြို့ . . . ဧနိမ်မြို့

အရပ်ဒေသများ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ

"အဒုလံမှလာသော မိတ်ဆွေ ဟိရနှင့်အတူ" (UDB)

အဒုလံအမျိုး ဟိရ

"ဟိရ" မှာ ယောက်ျားအမည် ဖြစ်ပြီး၊ "အဒုလံ" မှာ သူနေသော ဒေသအမည် ဖြစ်သည်။ ၃၈:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

တာမာကြားလျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တာမာအား လူတို့ ကြားပြောလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ယောက္ခမ

"အမျိုးသား၏ ဖခင်"

မုတ်ဆိုးမအဝတ်

"မုဆိုးမ အဝတ်"

မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်

ခေါင်းနှင့်မျက်နှာကို ဖုံးရန် ပါးလွှာသော အထည်

ကိုယ်ကိုလည်းခြုံရုံလျက်

သူတပါးတို့ မမှတ်မိနိုင်ရန် မိမိကိုယ်ကို အဝတ်ဖြင့် ဖုံးထားခြင်းဖြစ်သည်။ ထုံးတမ်းစဉ်လာအရ၊ ထိုသို့သော အဝတ်မှာ အမျိုးသမီးတို့ ဝတ်လေ့ရှိသော ဝတ်ရုံမျိုးဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့ အမှတ်မပြုနိုင်ရန် ကိုယ်ကိုလည်း ဝတ်လုံဖြင့် ပတ်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လမ်းအနား

"လမ်းတလျှောက်" သို့မဟုတ် "လမ်းမပေါ်"

မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမအား ပေးစားခြင်း မပြုသည်ကို" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 38:15

သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်

မျက်နှာကို ဖုံးသောကြောင့် သက်သက် မဟုတ်ဘဲ၊ ထိုခေတ်တွင် ပြည့်တန်ဆာတို့က မြို့၏ တံခါး၌ ထိုင်လေ့ရှိသောကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် မိမိမျက်နှာကိုဖုံး၍ မိန်းမဆိုးများ ရှိရာ မြို့တံခါး၌ ထိုင်သောကြောင့်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်

တာမာမှာ လမ်းဘေး၌ ထိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လမ်းဘေးရှိ သူမ အနားသို့ ချဉ်းကပ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ယုဒသည် ထိုမိန်းမကိုမြင်သောအခါ

"တာမာကို ယုဒ မြင်သောအခါ"

his daughter-in-law

Not applicable

Genesis 38:17

တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့

"တံဆိပ်" မှာ ဖယောင်းရည်ပေါ်၌ တံဆိပ်ခတ်ရာတွင် သုံးသော ပုံစံတုံးဖြစ်သည်။ "စလွယ်" တွင် တံဆိပ်ကို ထည့်၍ လည်ပင်းတွင် လွယ်ရသည်။ "တောင်ဝှေး" မှာ မြေနေရာ ကြမ်းတမ်းရာ၌ လမ်းလျှောက်သောအခါ ထောက်ရန် သစ်လုံးရှည်တစ်ချောင်း ဖြစ်သည်။

သူသည် ပဋိသန္ဓေ စွဲယူလေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမသည် ပဋိသန္ဓေ စွဲလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 38:19

မျက်နှာဖုံး

ခေါင်းနှင့် မျက်နှာကို ဖုံးရန် ပါးလွှာသော အထည်ဖြစ်သည်။ ၃၈:၁၂ မှ ပြန်ဆိုချက်ကို ရှု။

မုတ်ဆိုးမအဝတ်

"မုဆိုးမ အဝတ်။" ၃၈:၁၂ မှ ပြန်ဆိုချက်ကို ရှု။

အဒုလံအမျိုးသား

"အဒုလံ" မှာ ဟိရ နေထိုင်သောအရပ်၏ အမည်ဖြစ်သည်။ ၃၈:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဥစ္စာကို ရွေးယူခြင်းငှါ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဥစ္စာကို သွားယူခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မိန်းမ၌ပေါင်သော

သူမထံ အပ်ထားကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိန်းမထံ ပေါင်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 38:21

အရပ်သားတို့

"ဒေသခံတို့"

ပြည်တန်ဆာမ

"နတ်ဘုရားကျောင်းများတွင် အခစားနေသော ပြည်တန်ဆာ"

ဧနိမ်မြို့

အရပ်ဒေသ အမည်ဖြစ်သည်။ ၃၈:၁၂ မှ ပြန်ဆိုချက် ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အရှက်မကွဲမည်အကြောင်း

လူတို့က ဖြစ်ကြောင်းစုံကို သိလျှင် ကဲ့ရဲ့မည် ဖြစ်သည်။ ၎င်းကို တိကျစွာနှင့် အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတပါး၏ ကဲ့ရဲ့ပြုခြင်း မခံရမည်အကြောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 38:24

ထိုနောက်

အကြောင်းအရာသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

သူတပါးက . . . ယုဒအားပြောဆိုလျှင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သူတပါးက ယုဒအား ကြားပြောလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင်၏ချွေးမတာမာ

"သင့်သားကြီး၏ မယား တာမာ"

ကိုယ်ဝန်ဆောင်လျက် နေပြီတကား

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်ဝန် လွယ်ရပြီတကား" သို့မဟုတ် "ယခု ကိုယ်ဝန်ရှိလေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သူ့ကို ထုတ်၍

"သူမကို ထုတ်၍"

မီးရှို့စေ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးရှို့ခြင်း ခံစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထုတ်သောအခါ

အကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အထုတ်ခံရသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ယောက္ခမ

"ခင်ပွန်း၏ ဖခင်"

တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့

"တံဆိပ်" မှာ ဖယောင်းရည်ပေါ်၌ တံဆိပ်ခတ်ရာတွင် သုံးသော ပုံစံတုံးဖြစ်သည်။ "စလွယ်" တွင် တံဆိပ်ကို ထည့်၍ လည်ပင်းတွင် လွယ်ရသည်။ "တောင်ဝှေး" မှာ မြေနေရာ ကြမ်းတမ်းရာ၌ လမ်းလျှောက်သောအခါ ထောက်ရန် သစ်လုံးရှည်တစ်ချောင်း ဖြစ်သည်။ ၃၈:၁၇ မှ ပြန်ဆိုချက်ကို ရှု။

ရှေလ

ယုဒ သားများအနက် တစ်ဦးဖြစ်သည်။ ၃၈:၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 38:27

ထိုနောက် . . . ရောက်လျှင်

အကြောင်းအရာသစ်ကို အစဖွင့်ထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

. . . စဉ်တွင်

အကြောင်းအရာတစ်ခု၏ အရေးပါသော အခန်းကို အမှတ်ပြုသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သားတယောက်သည် လက်ကို ထုတ်ဆန့်၍

"သားတယောက်က လက်ကို ထုတ်ဆန့်၍"

ဝမ်းဆွဲ

သားဖွားရာ၌ ကူညီပေးသော အမျိုးသမီးဖြစ်သည်။ ၃၅:၁၆ မှ ပြန်ဆိုချက်ကို ရှု။

နီသောကြိုးနှင့်

"ချည်မျှင် နီဖြင့်"

လက်ကိုကိုင်၍

"လက်ကောက်ကို"

Genesis 38:29

သင်သည် အဘယ်ကြောင့် အနိုင်အထက် ပြုရသနည်း။ အနိုင်အထက်ပြုသော ဤအမှုသည် သင်၌စွဲစေ

ဒုတိယကလေးက ဦးစွာမွေးသောကြောင့် မိမိ၏ အံ့ဩပုံကို ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ဤသို့ ထိုးထွက်ပါပြီ တကား" သို့မဟုတ် "သင်သည် ဦးစွာ ထိုးထွက်ပါပြီ တကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အမည်ဖြင့် မှည့်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသသော ဘာသာပြန်ဆိုချက်၊ "... ဟု ခေါ်တွင် စေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဖါရက်

ယောက်ျားလေးအမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူများ အနေဖြင့် "ဖေရဇ် သို့မဟုတ် ဖါရက် အနက်ကား 'ထိုးထွက်' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဇာရ

ယောက်ျားလေးအမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇာရ အနက်ကား 'နီရဲထွန်းတောက်' တည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)