Genesis 37

Genesis 37:1

မိမိအဘ တည်းခိုရာ ခါနာန်ပြည်

"မိမိအဖ နေထိုင်ရာ ခါနာန်ပြည်"

ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား

ကမ္ဘာဦးကျမ်း ၃၇:၁-၅၀:၂၆ တွင် ဖော်ပြမည့် ယာကုပ် သားများ၏ သမိုင်းမှတ်တမ်းကို အစဖွင့်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသည်မှာ ယာကုပ် မိသားစု၏ အတ္ထုပ္ပတ္တိဖြစ်သတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အသက်တဆယ်ခုနစ်နှစ်

"အသက် ၁၇ နှစ်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ဗိလဟာ

ရာခေလ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉:၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉:၂၃ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မယား

"မယားငယ်" (UDB)။ သားသမီး ရဖို့အတွက် ယာကုပ်ကို ပေးလိုက်သော လေအာနှင့်ရာခေလတို့၏ အစေခံများ ဖြစ်သည်။

သူတို့အပြစ်

"အစ်ကိုတို့၏ အပြစ်"

Genesis 37:3

ချစ်၏

ညီအစ်ကိုကြား၊ မိတ်ဆွေကြား၊ သို့မဟုတ် မိသားစုကြား ချစ်ခြင်းမေတ္တာကို ညွှန်းသည်။ မိတ်ဆွေ သို့မဟုတ် မိသားစုအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာတရား ဖြစ်သည်။

အသက်ကြီးစဉ်အခါ

ဣသရေလ အသက်ကြီးပြီးမှ ယောသပ် မွေးဖွားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ကြီး ပြီးနောက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ချုပ်၍ ပေး၏

"ချုပ်ပေး လေ၏"

အဆင်းအရောင် ထူးခြားသော အင်္ကျီ

"အဆင်းလှသော ဝတ်လုံ"

မေတ္တာစကားကို သူ့အား မပြောနိုင်ကြ

"မေတ္တာဖြင့် စကားပြောခြင်း မပြုနိုင်ကြ"

Genesis 37:5

ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏

၃၇:၆-၁၁ ဖြစ်ရပ်ကို အကျဉ်းချုပ် မိတ်ဆက်ခြင်း ဖြစ်သည်။

သူတို့သည် သာ၍မုန်းကြ၏

"ယခင်ထက် ပို၍ မုန်းကြ၏"

ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့

"ကျွန်ုပ်မြင်သော အိပ်မက်ကို နားထောင်ပေးကြပါ" (UDB)

Genesis 37:7

ယေဘုယျ အချက်အလက်

ယောသပ်က အစ်ကိုတို့ထံ မိမိအိပ်မက် အကြောင်းကို ပြောသည်။

Behold

Not applicable

ကျွန်ုပ်တို့သည်

ယာကုပ်နှင့် အစ်ကိုတို့အားလုံး ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-inclusive)

လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်

စပါးသီးနှင့် ကောက်ရိုးကို ခွဲရန်အတွက် စပါးပင်များကို စည်းခြင်းဖြစ်သည်။

and behold

Not applicable

ကျွန်ုပ်ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်

ကောက်လှိုင်းများက လူကဲ့သို့ မတ်တတ်ရပ်၍ ထူးထောက်ကြောင်း တွေ့ရသည်။ ယောသပ်တို့ ညီအစ်ကိုများကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လော

ရှေ့နှင့်နောက် အဓိပ္ပါယ်ချင်း တူသည်။ ယောသပ်ကို ကဲ့ရဲ့လိုသဖြင့် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါတို့၌ မင်းပြုရမည် မဟုတ်။ သင့်ကို ဦးညွှတ်မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism နှင့် /WA-Catalog/my_tm?section=translate#figs-rquestion)

ငါတို့၌ မင်းပြုလိမ့်မည်

"ငါတို့" က ယောသပ်မှလွဲ၍ မိမိညီအစ်ကိုများကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့်

"သူ၏ အိပ်မက်နှင့် ပြောစကားတို့ကြောင့်"

Genesis 37:9

တဖန်အိပ်မက်ကို မြင်ပြန်၍

"နောက်တဖန် အိပ်မက်ကို မြင်၍"

ကြယ်ဆယ်တလုံး

"ကြယ် ၁၁ လုံး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အဘက . . . ဟူ၍၊ သူ့ကို ဆုံးမလေ၏

"အဖက ... ဟူ၍၊ ဆုံးမလေ၏"

သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ . . . ဦးညွှတ်ချရမည်လော

ယောသပ်ကို သွန်သင်ရန် အသုံးပြုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်မြင်သော အိပ်မက်မှာ အမှန်မဟုတ်။ သင့်အမိ၊ သင့်အစ်ကိုများနှင့် ငါသည် သင့်ထံ ဦးညွှတ်မည် မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငြူစူ

မိမိထက် ပို၍အောင်မြင် သို့မဟုတ် ကျော်ကြားသဖြင့် ထိုသူအား မနာလိုဖြစ်ခြင်းကို ဆိုလိုသည်။

ထိုအရာကို မှတ်လေ၏

ယောသပ် မြင်သော အိပ်မက်ကို အမြဲစဉ်းစားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအိပ်မက်၏ ဆိုလိုရင်းကို ဆင်ခြင်၍ နေလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 37:12

သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြသည် မဟုတ်လော

စကားစရန်အတွက် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ အစ်ကိုတို့က သိုး၊ ဆိတ်များကို ရှေခင်မှာ ထိန်းနေကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

လာပါ

အစ်ကိုတို့ထံ သွားရန်အတွက် အသင့်ပြင်ခိုင်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်ဆင်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်ုပ်ရှိပါသည်

ထွက်ခွာရန် အသင့်ရှိသည်။ "ကျွန်ုပ် အသင့်ရှိပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အဘက . . . ဟု မှာလိုက်လျက်

"အဘက ယောသပ်ထံ ... ဟု မှာလျက်"

ငါ့အား သိတင်းကြားပြောပါ

မိမိအစ်ကိုတို့ထံ သွားပြီးနောက် အကြောင်းစုံ ပြန်လည် တင်ပြရန် ပြန်လာစေလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ ပြန်လာ၍ ကြားပြောပါ" သို့မဟုတ် "ငါ့ထံ သတင်း ပြန်ပို့ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ချိုင့်မှ

"ချိုင့်ထဲမှ"

Genesis 37:15

တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက်သောသူနှင့် တွေ့၍

"တော၌ လှည့်လည်သော ယောသပ်ကို တစုံတယောက်က တွေ့၍"

သင်သည် ဘာကိုရှာသနည်း

"ဘာကို သင်ရှာနေသနည်း"

အဘယ်မှာထိန်းကြသည်ကို ပြောပါ

"သိုးဆိတ်များ ထိန်းရန် အဘယ်သို့ သွားသည်ကို ကျေးဇူးပြု၍ ပြောပြပါ"

ထိန်းကြသည်

"သိုးဆိတ်များ ထိန်းကျောင်းသည်"

ဒေါသန်မြို့

ရှေခင်မှ ၂၂ ကီလိုမီတာ ကွာဝေးရာတွင် ရှိသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 37:18

အဝေး၌ရှိစဉ်ပင်၊ အစ်ကိုတို့သည် မြင်လျှင်

"အဝေး၌ ရှိစဉ်ပင်၊ ယောသပ်၏ အစ်ကိုတို့က မြင်လျှင်"

သတ်ခြင်းငှါ တိုင်ပင်လျက်

"သတ်ခြင်းငှါ ဆွေးနွေးလျက်"

အိပ်မက်ဆရာလာပြီ

"အိပ်မက်မြင်သောသူ လာပြီ"

ကိုင်ကြ

တိုင်ပင်ချက်အတိုင်း လုပ်ဆောင်ရန် ပြင်ဆင်ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ယခု" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ဆိုးသောသားရဲ

"တောရိုင်းကောင်" သို့မဟုတ် "သားရဲ"

ကိုက်စားပြီ

"ဖမ်းစားပြီ"

ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့

ယောသပ်သေလျှင် သူမြင်ခဲ့သော အိပ်မက်များ အမှန်တကယ် ဖြစ်မဖြစ်ကို ကြည့်ရန် ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ပြုလျှင်၊ သူ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာတော့မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-irony)

Genesis 37:21

ထိုစကားကို . . . ကြားလျှင်

"ထိုသို့ပြောသည်ကို ... ကြားလျှင်"

သူတို့လက်မှ

သတ်ရန် ကြံစည်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ ထံမှ" သို့မဟုတ် "သူတို့ အကြံအစည်မှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သူ့ကို မသတ်ဘဲ နေကြစို့

သတ်ခြင်းကို ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့အသက်ကို မနှုတ်ဘဲ နေကြစို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

သူ၏အသွေးကို မသွန်းကြနှင့်

"အသွေး" သွန်းခြင်းမှာ သတ်ခြင်းကို ယဉ်ကျေးစွာ ဖော်ပြသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသွေးကို သွန်းခြင်း မပြုနှင့်" သို့မဟုတ် "သူ့ကို မသတ်ကြနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-litotes နှင့် /WA-Catalog/my_tm?section=translate#figs-euphemism)

ကိုယ်လက်နှင့်မပြုဘဲ

ထိခိုက်မှု မပြုရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို မထိခိုက်ဘဲ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ယောသပ်ကို နှုတ်ယူ၍

"ယောသပ်ကို ကယ်တင်၍"

သူတို့လက်မှ

သတ်ရန် ကြံစည်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ထံမှ" သို့မဟုတ် "သူတို့ အကြံအစည်မှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တဖန်အပ်မည် အကြံရှိသည်နှင့်

"ပြန်အပ်မည် အကြံဖြင့်"

Genesis 37:23

သောအခါ

အကြောင်းအရာတစ်ခု၏ အရေးကြီးသော အခန်းကို အမှတ်ပြုခြင်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသော အင်္ကျီကို ချွတ်ပြီးမှ

"သူ၏ အဆင်းလှသော ဝတ်လုံကို ချွတ်ပြီးမှ"

အဆင်းထူးခြားသော အင်္ကျီ

"အဆင်းလှသော ဝတ်လုံ။" ၃၇:၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 37:25

ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ်

"မုန့်မှာ" ထိုခေတ် "အစာ" ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် မုန့်စားခြင်းငှါ ထိုင်ကြစဉ်" သို့မဟုတ် "ထို့နောက် အစာစားခြင်းငှါ ထိုင်ကြစဉ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် . . . ခရီးသွားကြသည်ကို မြင်လျှင်

မော့ကြည့်၍ ဟူလည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မျှော်ကြည့်၍ ... သွားသော ဣရှမေလကုန်သည် အဖွဲ့ကို မြင်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

တင်ဆောင်လျက်

"သယ်ဆောင်လျက်"

နံ့သာမျိုး

"ဟင်းခတ် အမွှေးအကြိုင်"

ဗာလစံစေး

အသားအရေ ကာကွယ်ရန်နှင့် အနာပေါ်တွင် လိမ်းရန် အသုံးပြုသော နံ့သာလိမ်းဆေး တစ်မျိုး။ "ပရုတ်ဆီ"

အဲဂုတ္တုပြည်သို့

"အီဂျစ်ပြည်သို့။" ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်တွင် ရောင်းရန်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ငါတို့သည် ညီကိုသတ်၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း

ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ့်ညီကို သတ်၍ အသွေးကို ဖုံးခြင်းဖြင့် အကျိုးမရနိုင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သေကြောင်းကို ဖွက်ထားလျှင်

အသွေးကို ဖုံးခြင်းဟူ၍လည်း တင်စားဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသွေးကို ဖုံးခြင်းဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 37:27

ဣရှမေလ လူတို့အား

"ဣရှမေလ အမျိုးတို့အား" (UDB)

ကိုယ်တိုင်မညှဉ်းဆဲဘဲ

ထိခိုက်ခြင်းမပြုရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို မထိခိုက်ဘဲ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏

"အမျိုး" ကို "အသွေးအသား" ဖြင့် ကိုစားပြုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် တို့အသွေးနှင့်အသား ဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ညီအစ်ကိုတို့သည် ဝန်ခံကြ၏

"ယုဒ၏ ညီအစ်ကိုတို့က ထောက်ခံကြ၏" သို့မဟုတ် "ညီအစ်ကိုတို့က ထောက်ခံကြ၏"

မိဒျန်အမျိုးသား . . . ဣရှမေလလူတို့

ယောသပ်၏ အစ်ကိုတို့တွေ့သည့် ထိုကုန်သည်အဖွဲ့ကိုသာ ညွှန်းသည်။

ငွေ အကျပ်နှစ်ဆယ် အဘိုးနှင့်

"ငွေကျပ် ၂၀ ဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏

"ယောသပ်ကို အီဂျစ်ပြည်သို့ ခေါ်သွားကြ၏" (UDB)

Genesis 37:29

ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်

"ရုဗင်ကလည်း တွင်းသို့ ပြန်လာ၍၊ ယောသပ်ကို မတွေ့လျှင်"

မိမိအဝတ်ကို ဆွဲဆုတ်လျက်

ဝမ်းနည်း ကျေကွဲမှုကို ပြသခြင်း ဖြစ်သည်။ ပို၍ ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဝမ်းနည်းသဖြင့် မိမိအဝတ်ကို ဆွဲဆုတ်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါမည်နည်း

ယောသပ် မရှိသော ပြသနာကို ထင်သာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်မရှိပါတကား။ ယခု အိမ်ပြန် နိုင်တော့မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 37:31

ယောသပ်အင်္ကျီ

ဖခင် ချုပ်ပေးသည့် အဆင်းလှသော ဝတ်လုံကို ညွှန်းသည်။

အသွေး

"ဆိတ်သွေး"

ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ ဆောင်ခဲ့လျက်

"အဖထံ ယူဆောင်လျက်"

သူ့ကို . . . ကိုက်စားပြီ

"သူ့ကို ... စားလေပြီ"

အကယ်၍ ယောသပ်ကို အပိုင်းပိုင်း ကိုက်ဖြတ်ပါပြီတကား

တောရိုင်း တိရစ္ဆာန်က ယောသပ်ကို ကိုက်စားသည်ဟု ယာကုပ် ထင်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ကို အမှန် ကိုက်ဖြတ်လိုက်ပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 37:34

မိမိအဝတ်ကို ဆွဲဆုတ်၍

ဝမ်းနည်းကြေကွဲမှု လက္ခဏာကို ပြသည်။ ပို၍ ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အလွန်ဝမ်းနည်းသဖြင့် မိမိအဝတ်ကို ဆွဲဆုတ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်

ခါးကို ဖုံးရန် စည်းရသော အဝတ်မျိုးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါးစည်းကို ဝတ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

နှစ်သိမ့်စေခြင်းငှါ ကြိုးစားသော်လည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ကြိုးစား၍ နှစ်သိမ့်ကြသော်လည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နှစ်သိမ့်စကားကို မခံဘဲ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာ ညည်းတွားလျက် ဆင်းသက်တော့မည်

သေသည့်အချိန်ထိ ငိုကြွေးရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သားရှိရာ ရှေဩလပြည်သို့ ‌ရောက်သည်တိုင် ညည်းတွားလျက်နေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ယောသပ်ကိုကား၊ မိဒျန်လူတို့သည် . . . ရောင်းကြ၏

"မိဒျန်လူတို့သည် ယောသပ်ကို ... ရောင်းကြ၏"

ကိုယ်ရံတော်မှူး

"ဘုရင့်ကိုယ်ရံတော်တပ်မှူး