Genesis 14

Genesis 14:1

ယေဘုယျ အချက်အလက်

၁၄:၁ တွင် ဖော်ပြထားသော အရပ်အမည်များမှာ လွတ်လပ်သော မြို့ပြများ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုရောအခါ

အကြောင်းအရာသစ်တစ်ခုကို အဖွင့်မိတ်ဆက်ပေးသော အသုံးအနှုန်းဖြစ်သည်။ ပြန်ဆိုမည့်ဘာသာစကား၌ အသုံးပြုသည်အတိုင်း ထည့်သွင်းပါ။

စစ်တိုက်ကြ၏

"စစ်ပွဲဝင်ကြ၏" သို့မဟုတ် "စစ်ဆင်နွှဲကြ၏" သို့မဟုတ် "စစ်တိုက်ရန် ပြင်ကြ၏"

Genesis 14:3

တဆယ်နှစ်နှစ်ပတ်လုံး

အငယ် ၄-၇ မှ ဖြစ်ရပ်မှာ အငယ် ၃ မတိုင်မီ ဖြစ်ပျက်ခဲ့သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်

ဤမင်းထံ အခွန်ဆောင်၍ စစ်အကူအညီများ ပေးသည်ဟု ဆို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခေဒေါရလောမာမင်းကြီး လက်အောက်ခံ ဖြစ်ပြီးလျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ပုန်ကန်ကြ၏

"သူ့လက်အောက်မှ ထွက်ကြ၏" သို့မဟုတ် "သူ့ကို အာခံကြ၏"

လာ၍ . . . လုပ်ကြံ၍ . . . လိုက်ကြ၏

ပုံကန်သော မင်းများကို တိုက်ထုတ်ကြသည်။

ရေဖိမ်လူများ . . . ဇူဇိမ်လူများ . . . ဧမိမ်လူများ. . . ဟောရိလူများ

လူမျိုးစုများ၏ အမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အာရှတရုတ်ကာနိမ်မြို့ . . . ဟာမမြို့ . . . ကိရယသိမ်ချိုင့် . . . စိရတောင် . . . ဧလပါရန်မြို့

နေရာဒေသအမည်များ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

တောနားမှာရှိသော ဧလပါရန်မြို့

ဧလပါရန်မြို့၏ တည်နေရာကို ဖော်ပြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဝါကျကို ခွဲ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧလပါရန်မြို့ တိုင်အောင် ...။ ဧလပါရန်မြို့သည် ကန္တာရ နားတွင် ရှိသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

Genesis 14:7

ယေဘုယျ အချက်အလက်

၁၄:၃ မှ အဖြစ်အပျက်ကို အငယ် ၈ နှင့် ၉ တွင် ထပ်မံရေးသားထားပြီး၊ မင်းများ စုပေါင်းလျက် စစ်တိုက်သည့်အကြောင်းကို ဆက်လက် ဖော်ပြထားသည်။

တဖန်ပြန်လာ၍

ခါနာန်ဒေသကို တိုက်သော ပြည်ပမင်း လေးဦးကို ညွှန်းသည်။ ထိုမင်း အမည်များမှာ အံရဖေလ၊ အာရုတ်၊ ခေဒေါရလောမာ၊ တိဒလ တို့ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန်ပြန် လှည့်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများ

မည်သည့်အရပ်နေ အာမောရိလူများ စစ်ရှုံးကြောင်း ထင်ရှားစေရန် ဖြစ်သည်။ သို့လျှင် တခြားအရပ်များတွင်လည်း အာမောရိလူများ ရှိကြောင်း ထင်ရှား၏။

ဇောရတည်းဟူသော ဗေလာမင်းကြီး

ဗေလာမြို့ကို ဇောရမြို့ဟူ၍လည်း ခေါ်သည်။ အဆိုပါ အချက်အလက်ကို နောက်ဝါကျဖြင့်လည်း ဖော်ပြနိုင်သည်။ "ဗေလာမင်းကြီးတို့သည် ...။ ဗေလာကို ဇောရဟုလည်း ခေါ်သတည်း"

စစ်ပြိုင်ကြ၏

"စစ်တိုက်ကြ၏" သို့မဟုတ် "စစ်ဆင်နွှဲကြ၏။" UDB မူပြန်ကျမ်း၌ အငယ် ၉ တွင် ဖော်ပြထားသည့်အတိုင်း၊ ဘာသာပြန်သူတချို့က ထိုစစ်တပ်များ တိုက်ခိုက်ကြသည်ဟု ဖော်ပြ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏

မင်းကြီးငါးပါးကို ရှေ့ဦးစွာ စာရင်းပြုသောကြောင့် "မင်းကြီးငါးပါးနှင့် မင်းကြီးလေးပါးတို့သည် စစ်ပြိုင်ကြ၏။"

Genesis 14:10

ရေညှိအကျိအချွဲ

ရေနံချေးအစရှိသော မြေမှ ထွက်သည့် ထူထပ်၊ စေးကပ်၊ မဲနက်သည့် အရည်တစ်မျိုး။ ၁၁:၃ မှ ပြန်ဆိုချက်ကို ရှု။

ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏

"ရေနံချေးတွင်းများရှိ၏။" ရေနံချေးထွက်သော တွင်းများ ဖြစ်သည်။

သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်

မင်းနှင့် ၎င်းတို့အပိုင် စစ်တပ်ကိုပါ ခြုံငုံထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရ မင်းကြီးတို့သည် မိမိစစစ်တပ်နှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုတွင်းများ၌ ကျလေ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "တချို့မှာ ထိုတွင်းများ၌ ကျလေ၏" သို့မဟုတ် (၂) မင်းတို့မှာ ထိုတွင်းများ၌ ကျလေ၏။" သို့ရာတွင် ၁၄:၁၇ တွင် သောဒုံမင်းကြီးက အာဗြံကို တွေ့ရန် သွားသည်ဆိုသဖြင့်၊ ပထမ ဖွင့်ဆိုချက်မှာ ပို၍ ဖြစ်နိုင်ချေရှိ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကြွင်းသောသူတို့သည်

"စစ်ပွဲ၌မသေ တွင်း၌ မကျသော သူတို့သည်"

အောင်သောမင်း

သောဒုံနှင့် ဂေါမောရမြို့ကို တိုက်သော ခေဒေါရလောမာမင်းကြီးနှင့် အဖွဲ့ကို ညွှန်းသည်။

သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာ

"သောဒုံ" နှင့် "ဂေါမောရ" ဟု ဆိုရာတွင် ထိုမြို့၌ နေသော လူတို့ကိုလည်း ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရမြို့၌ နေထိုင်သူတို့၏ ဥစ္စာရှိသမျှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မြို့ရိက္ခာ

"အစာရေစာ"

သွားကြ၏

"ထွက်သွားကြ၏"

သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏

"သောဒုံမြို့၌နေသာ" နှင့် "အာဗြံအစ်ကိုသား" ဟူရာတွင် လောတ၏ အကြောင်းကို ပြန်လည်အမှတ်ရစေရန် သုံးထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။ လောတသည် အာဗြံအစ်ကို သားဖြစ်၍ သောဒုံမြို့၌ နေသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

Genesis 14:13

ထိုဘေးမှ လွတ်၍ပြေးသော သူတယောက်သည်

"စစ်ဘေးမှ လွတ်သော သူတစ်ယောက်သည်"

နေသော အာဗြံထံသို့

"အာဗြံနေသော အရပ်သို့။" ထိုအချိန်၏ နောက်ကြောင်းကို ဖော်ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

အာဗြံနှင့် မိဿဟာယဖွဲ့သောသူ

"အာဗြံ၏ မိတ်ဆွေများ" သို့မဟုတ် "အာဗြံနှင့် မိတ်ဖက်ဖြစ်သော"

မိမိအစ်ကိုသား

အာဗြံ၏ အမျိုးဖြစ်ကြောင်း ညွှန်းလိုက်သည်။

သွန်သင်သော လူ

"စစ်တိုက်နည်း၌ သွန်သင်ထားသောလူ"

မိမိအိမ်၌ ဘွား၍

"မိမိအိမ်ထောင်၌ မွေးဘွား၍။" အာဗြံ ကျွန်တို့၏ သားသမီးများဖြစ်သည်။

လိုက်လေ၏

"နှင်ထုတ်လေ၏"

ဒန်မြို့

အာဗြံတို့နေရာ အရပ်မှ ဝေးရာတွင် ရှိသော ခါနာန်ပြည်မြောက်ဖျားပိုင်းရှိ မြို့တမြို့။

Genesis 14:15

ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်

စစ်နည်းဗျူးဟာတစ်မျိုးကို ညွှန်းသည်။ "ညဉ့်အခါ၊ မိမိလူတို့ကို အဖွဲ့ငယ်ခွဲ၍ အဖက်ဖက်မှ တိုက်ကြပြီးလျှင်" (UDB)

ဥစ္စာရှိသမျှကို၎င်း

သောဒုံနှင့် ဂေါမောရမြို့မှ သိမ်းယူလိုက်သော ဥစ္စာပစ္စည်းများကို ညွှန်းသည်။

လောတနှင့် သူ၏ဥစ္စာကို၎င်း

"လောတထံမှ သိမ်းယူသော ဥစ္စာ"

မိန်းမများနှင့် လူများကို၎င်း

"မိန်းမများနှင့် တခြားလူများကို"

Genesis 14:17

ပြန်လာသောအခါ

ပြန်သွားသည့်အရပ်ကို တိကျစွာ ထည့်သွင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိနေရပ်သို့ ပြန်လာသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ရှာလင်မင်းကြီး မေလခိဇေဒက်

မင်းကြီးအမည်ကို ပထမဆုံးအကြိမ် ဖော်ပြသည်။

မုန့်နှင့် စပျစ်ရည်

လူတို့သည် မုန့်နှင့် စပျစ်ရည်ကို ပုံမှန်စားသုံးကြ၏။ ၃:၁၇ ရှိ "အစာ" နှင့် ၉:၂၀ ရှိ "စပျစ်ရည်" မှ ပြန်ဆိုချက်ကို ရှု။

Genesis 14:19

အာဗြံကို ကောင်းကြီးပေး၍

မင်းကြီး မေလခိဇေဒက်သည် အာဗြံကို ကောင်းကြီးပေး၍

ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသော

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းခြင်းမင်္ဂလာ ပေးတော်မူပါစေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကောင်းကင်

ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ညွှန်းသည်။

အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်

"အပ်နှံတော်မူသဖြင့် အမြင့်ဆုံးသော ဘုရားသခင်။" "အပ်နှံတော်မူသော" ဟူသည်မှာ မည်သို့သော ဘုရားသခင်ဖြစ်ကြောင်း ပေါ်လွင်စေရန် အသုံးပြုသော နာမဝိသေသနပုဒ်ဖြစ်သည်။

အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်း

ဘုရားသခင်ကို ချီးမွမ်းသောနည်းလမ်း တစ်မျိုးဖြစ်သည်။ ၉:၂၆ မှ ပြန်ဆိုချက်ကို ရှု။

သင်၏လက်၌

"သင့်ကို" သို့မဟုတ် "သင့်အား"

Genesis 14:21

လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ

ရန်သူ သိမ်းသွာသော သောဒုံမြို့သားတို့ကို ညွှန်း၏။ လောတကို ကယ်ရန် အာဗြံသွားခဲ့စဉ် ထိုသူတို့လည်း လွတ်မြောက်ခြင်းရ၏။

လုလင်တို့သည် စားပြီးသော အရာကို၎င်း . . . အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ . . . တစုံတခုကိုမျှ ငါမယူ

"လုလင်တို့ စားပြီးသောအရာနှင့် ... အဘို့မှတပါး၊ မင်းကြီး၏ဥစ္စာ ... တစုံတခုကိုမျှ ငါမယူ။" မင်းကြီး၏ ဥစ္စာကို မယူသည့်အကြောင်း ဆိုထားသော်လည်း မိမိလူတို့အတွက် စားစရာများကို ယူခဲ့ကြောင်း ဝန်ခံသည့် သဘော သက်ရောက်၏။

ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ . . . သူတို့ယူသော အဘို့ကို၎င်း

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်နှင့်အတူ ဤဥစ္စာများ ပြန်ယူပေးသောသူ၊ ... သူတို့အဘို့ကို၎င်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အာနေရ၊ ဧရှကောလ၊ မံရေ

အာဗြံ၏ မိတ်ဆွေများ ဖြစ်သည်။ (ရှု၊ ၁၄:၁၃)။ စစ်တိုက်ရာတွင် အာဗြံကို အကူအညီ ပေးခဲ့ကြသည်။ ဤအကြောင်းကို ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ မိတ်ဆွေ အာနေရ၊ ဧရှကောလ၊ မံရေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဌာန်ပြုပါပြီ

"ကျွန်ုပ်သည် သန္ဓိဌာန်ချပြီးပါပြီ" သို့မဟုတ် "ကျွန်ုပ်သည် ကတိသစ္စာ ပြုပါပြီ"