Genesis 15

Genesis 15:1

ထိုနောက်မှ

"ထို" သည် မင်းများနှင့်တိုက်ပြီး လောတကို အာဗြံ ကယ်တင်ခြင်းအကြောင်းအား ညွှန်း၏။

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍

ထာဝရဘုရား အမိန့်တော်ရှိကြောင်း ညွှန်းသော ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ အာဗြံထံ မိန့်တော်မူသည်ကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထာဝရဘုရား၏ နှုတ်ကပတ်တော်

ယာဝေးဘုရား၏ အမိန့်တော်ကို ပုံဆောင်သော ဝင်္ကဝုတ္တိပုဒ်ဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ အမိန့်တော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အကွယ်အကာ . . . အကျိုး

ဘုရားသခင်သခင်သည် မိမိ၏ဝိသေသလက္ခဏာနှင့် အာဗြံအတွက် မည်သို့ပြုမည်အကြောင်း သွယ်ဝိုက်ညွှန်းဆိုသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါသည် သင်၏ အကွယ်အကာဖြစ်၏

စစ်သားများက ရန်သူထံမှ ကာကွယ်ရန် ဒိုင်းကို အသုံးပြုကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်ကိုကွယ်ကာသော ဒိုင်းဖြစ်၏" သို့မဟုတ် "ငါသည် သင်၏ ကွယ်ကာရာဒိုင်းဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်၏အကျိုးသည် အလွန်ကြီးလှ၏

"သင်ရစရာ အခလည်း ဖြစ်၏။" ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "သင်လိုသမျှလည်း ဖြစ်၏" သို့မဟုတ် (၂) "သင်လိုအပ်သမျှကို ငါးပေးမည်"

တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ . . . ဟု လျှောက်ဆို၏

"တဖန်အာဗြံ လျှောက်ဆို၏။ 'အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ ..."

Genesis 15:4

ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား

ဘုရားသခင် အမိန့်တော်ရှိသည်ဟူသော ဒေသိယစကားဖြစ်သည်။ ၁၅:၁ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား မိန့်တော်မူသည်ကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထာဝရဘုရား၏ နှုတ်ကပတ်တော်

ထာဝရဘုရား၏ အမိန့်တော်ကို ပုံဆောင်သော ဝင်္ကဝုတ္တိပုဒ်ဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား၏ အမိန့်တော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဤသူ

ဒမာသက်မြို့သား ဧလျာဇာကို ညွှန်း၏။

သင်၏ ကိုယ်ထဲက ထွက်သောသူ

"သင့်ကို အဘတော်မည့်သူ" သို့မဟုတ် "သင်ထံမှ ဘွားမြင်သောသူ။" အာဗြံ၏သား ကိုယ်တိုင်က အမွေကို ဆက်ခံမည်ဟူ၏။

ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့

"ကြယ်များကို ရေတွက်လော့"

သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်

ကြယ်များကို ရေတွက်လို့မရသကဲ့သို့ အာဗြံ၏ အမျိုးအနွယ်သည်လည်း ရေတွက်မရအောင် များပြားမည်။

Genesis 15:6

အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍

ထာဝရဘုရား ပြောသည့်အတိုင်း ယုံကြည်လက်ခံသည်ဟု ဆိုလို၏။

သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏

"ထိုယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် ယာဝေးဘုရား မှတ်တော်မူ၏" သို့မဟုတ် "ထာဝရဘုရားသည် အာဗြံကို ဖြောင့်မတ်သည်ဟု မှတ်တော်မူ၏"

ငါသည် . . . ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်

ယာဝေးထာဝရအမှတ်ရစေခြင်းဖြင့် အာဗြံကို ဂတိပြုတော်မူသည့်အတိုင်း ဆောင်ရွက်ပေးမည်အကြောင်း နားလည်စေ၏။

သင်အမွေခံစရာဘို့

"သင့်အဘို့" သို့မဟုတ် "သင် ပိုင်စရာဘို့"

အဘယ်သို့ သိရပါအံ့နည်း

ထာဝရဘုရား၏ ကတိတော်ကို စိတ်ချ ယုံကြည်နိုင်ရန် နိမိတ်သက်သေပြရန် အာဗြံ တောင်းဆိုခြင်း ဖြစ်၏။

Genesis 15:9

အသေကောင်တို့

"တိရစ္ဆာန် အသေကောင်တို့"

အာဗြံသည် နှင်လေ၏

"အာဗြံသည် ထိုငှက်တို့အား နှင်ထုတ်၏။" တိရစ္ဆာန်အသေကောင်ကို ငှက်ရဲတို့ မစားနိုင်ရန် အာဗြံ တားဆီးနေခြင်းဖြစ်သည်။

Genesis 15:12

အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်

အီဒီယမ်စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြံသည် နက်နဲစွာ အိပ်ပျော်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထူသောမှောင်မိုက်နှင့်တွေ့၍

"ထိတ်လန့်ဖွယ်သော အမှောင်ထု၏"

ထိတ်လန့်ခြင်းသို့ ရောက်လေ၏

"လွှမ်းမိုးခြင်းကို ခံရလေ၏"

ဧည့်သည်

"သူစိမ်း" သို့မဟုတ် "တိုင်းတစ်ပါးသား"

သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို . . . ခံရကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်ရှင်တို့၏ ကျွန်ဖြစ်လျက်၊ ညှဉ်းပမ်းနှိက်စက်ကို ... ခံရကြလိမ့်မည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 15:14

ယေဘုယျ အချက်အလက်

အာဗြံ၏ အိပ်မက်ထဲတွင် ထာဝရဘုရား ဆက်လက် မိန့်ဆိုသည်။

သူတို့ကို စေခိုင်းသော

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ အမျိုးအနွယ်တို့ ခစားရသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ငါစီရင်မည်

"စီရင်" ဟူသည်မှာ တရားသဖြင့် စီရင်သောအခါ ဖြစ်လာမည့်အကျိုးဆက်ကို ညွှန်းဆိုသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ အပြစ်ပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

များစွာသောဥစ္စာ

အီဒီယမ်စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များစွာသော ပိုင်ဆိုင်မှုဖြင့်" သို့မဟုတ် "ကြီးစွာသော ချမ်းသာမှု" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သင်သည် ဘိုးဘေးတို့ထံသို့ . . . သွားရလိမ့်မည်

"သင်သည် သေလိမ့်မည်" ဟူသည်ကို ယဉ်ကျေးစွာ ပြောလိုက်ခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ဘိုးဘေးတို့

"ဘိုးဘေးတို့" ဟူသည်မှာ ဘိုးစဉ်ဘောင်ဆက် ပုဂ္ဂိုလ်အားလုံးကို ခြုံငုံသော အစုပြုပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်များ" သို့မဟုတ် "မျိုးရိုးဖခင်များ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်

"သက်တမ်းစေ့လျှင် သေရလိမ့်မည်"

လူမျိုးလေးဆက် လွန်သောအခါ

ဤကျမ်းပိုဒ်တွင် မျိုးဆက်တစ်ခုက နှစ်ပေါင်း ၁၀၀ သက်တမ်းကို ညွှန်း၏။ "နှစ်ပေါင်း လေးရာ လွန်သောအခါ"

သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်

"သင်၏ အမျိုးအနွယ်သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။" ယာဝေးဘုရား ကတိတော် ထားခဲ့သောပြည်၊ ယခု အာဗြံ နေထိုင်သောပြည်သို့ မိမိအမျိုးအနွယ်များ ပြန်လာမည်။

အာမောရိ အမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေး

"အာမောရိ အမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် အထွတ်အထိပ် မရောက်သေး" သို့မဟုတ် "အာမောရိ အမျိုးသားတို့ စီရင်ခြင်း မပြုမီ ၎င်းတို့ဒုစရိုက်အပြစ်ကို ဤထက်မက ကြီးမားစေမည်"

Genesis 15:17

ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏

ပဋိညာဉ် ပြုတော်မူမည့်အကြောင်းကို ထင်ရှားစေရန် အာဗြံထံ ဘုရားသခင် ပြသလိုက်ခြင်း ဖြစ်သည်။

ခွဲထားသော အသားအလယ်၌ . . . ရှောက်သွားလေ၏

"ခွဲထားသော အသားအလယ်၌ ... ဖြတ်သွားလေ၏"

ပဋိညာဉ်

ဤပဋိညာဉ်တရားတွင် အာဗြံကို ကောင်းကြီးပေးမည်ဖြစ်ပြီး၊ အမိန့်တော်ကို နားထောင်သည့် ကာလပတ်လုံး ဆက်လက် ကောင်းကြီးပေးမည်ဟု ဘုရားသခင် ကတိတော် ထားခဲ့သည်။

ဤပြည်ကို . . . ငါအပ်ပေးပြီ

ဤသို့ဖြင့်၊ အဆိုပါပြည်ကို အာဗြံ၏ အမျိုးအနွယ်အား ဘုရားသခင် ပေးလိုက်၏။ ယခု ပေးလိုက်သော်လည်း၊ နှစ်ပေါင်းများစွာ မတိုင်မီအထိ ထိုပြည်သို့ ဝင်ခွင့်မရခဲ့ကြပါ။

မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်

"မြစ်မတည်းဟူသော၊ ဥဖရတ်မြစ်။" မြစ်တစ်ခုတည်းကို ညွှန်းသည်။

ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူ

ထိုပြည်၌ နေထိုင်သော လူမျိုးစုတို့၏ အမည်ဖြစ်သည်။ အဆိုပါ လူမျိုးနှင့် ၎င်းတို့ပြည်ကို အာဗြံ၏ အမျိုးအနွယ်ထံ ဘုရားသခင် ပေးအပ်လေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)