Genesis 12

Genesis 12:1

သင်၏ပြည်နှင့်တကွ အမျိုးသားချင်း ပေါက်ဘော်များထဲက ထွက်ပြီးလျှင်

"သင့်ပြည်၊ သင့်ဆွေမျိုးများထံမှ ထွက်သွားလော့။"

ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်

"သင်" ဟုဆိုရာတွင် အာဗြံ တစ်ဦးတည်းကို ညွှန်းသော်လည်း၊ သူ၏ သားစဉ်မြေးဆက်တို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အားဖြင့် လူမျိုးကြီးကို ပေါက်ဖွားစေမည်" သို့မဟုတ် "ငါသည် သင့်အမျိုးကို လူမျိုးကြီး ဖြစ်စေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သင်၏နာမကို ကြီးမြတ်စေမည်

"နာမ" ဆိုသည်မှာ လူတစ်ဦး၏ ဂုဏ်ပုဒ်ကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကို ဂုဏ်ကြီးစေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် သူတပါးအတွက် ကောင်းချီး ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်

"သင့်အား နှိမ်သောသူကို ငါကျိန်ဆဲမည်" သို့မဟုတ် "သင့်အား မထီမဲ့မြင်ပြုသူကို ငါကျိန်ဆဲမည်"

သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အားဖြင့် လူမျိုးအပေါင်းကိုလည်း ကောင်းချီးပေးမည်"(ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင်အားဖြင့်

"သင့်ကြောင့်" သို့မဟုတ် "သင့်ကို ကောင်းချီးပေးသဖြင့်"

Genesis 12:4

ဥစ္စာ

ခြံမွေးတိရစ္ဆာန်နှင့် သက်မဲ့ပစ္စည်းအားလုံး ပါဝင်သည်။

ခါရန်မြို့၌ရသော လူ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "ခါရန်မြို့၌ရသော ကျွန်" (UDB) သို့မဟုတ် (၂) "ခါရန်မြို့၌ စုရုံးနိုင်ခဲ့သော လူ"

Genesis 12:6

အာဗြံသည် ထိုပြည်ကို ရှောင်သွား၍

ဤကျမ်းပိုဒ်တွင် အာဗြံကိုသာ ဖော်ပြထားရခြင်းမှာ သူသည် မိသားစု ဦးခေါင်းဖြစ်သောကြောင့်ပင်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြံနှင့် မိသားစုသည် ထိုပြည်ထဲသို့ သွား၍"

ထိုပြည်

"ခါနာန်ပြည်"

မောရသပိတ်ပင်

မောရမှာ အရပ်ဒေသအမည် ဖြစ်နိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့

"ထိုသို့ ထာဝရဘုရား ထင်ရှားတော်မူသောကြောင့်"

Genesis 12:8

တဲကိုဆောက်၍

အာဗြံနှင့်အတူ လိုက်ပါလာသောသူမှာ များပြားလှပေမည်။ ထိုသို့ သူတပါးအိမ်၌ နေ၍မရသောကြောင့် တဲများ ဆောက်ခဲ့ဟန် ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဲများ ဆောက်ကြ၍"

ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏

"ယာဝေးဘုရား၏ နာမတော်ကို အစွဲပြု၍ ဆုတောင်း၏" သို့မဟုတ် "ထာဝရဘုရားကို ကိုးကွယ်၏"

အာဗြံသည် ခရီးသွားလျက်

"အာဗြံသည် တဲကိုဖျက်၍ ခရီးဆက်ရာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တောင်မျက်နှာသို့

"နေဂဲဘ်အရပ်သို့" သို့မဟုတ် "တောင်ဘက် နေဂဲဘ် ကန္တာရသို့"

Genesis 12:10

ခါနာန်ပြည်၌

"ထိုပြည်၌" သိုမဟုတ် "အာဗြံ နေထိုင်သောပြည်၌"

အစားခေါင်းပါးခြင်းဖြစ်၏

ကောက်ပဲသီးနှံများ မထွက်သောကာလ ဖြစ်ပေမည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာ ပြတ်လတ်ခြင်း ဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သွားလေ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "ဆင်းသွားလေ၏" သို့မဟုတ် (၂) "ခါနာန်ပြည်မှ ထွက်သွား၏။" ကုန်းမြင့်ရာမှ မြေနိမ့်ရာသို့ ဆင်းသွားကြောင်း ထင်ရှားစေသော ဝေါဟာရကို အသုံးပြုသင့်သည်။

ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်

အာဗြံကို သတ်ရမည့်အကြောင်းရင်းအား တိကျစွာ ဖော်ပြနိုင်သည်။ "သင့်ကို ယူဆောင်ခြင်းငှါ ငါ့ကို သတ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့လျှင်၊ ငါသည် သင့်အားဖြင့် အသက်ချမ်းသာခြင်းရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 12:14

ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍

"ဖါရောဘုရင်၏ မင်းညီမင်းသားတို့လည်း မြင်၍" သို့မဟုတ် "ဖါရောမင်း၏ မှူးမတ်တော်တို့လည်း မြင်၍" (UDB)

နန်းတော်သို့သွင်းရကြ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကလည်း မိမိအိမ်တော်သို့ သွင်းလေ၏" သို့မဟုတ် "နန်းတော်သို့ ခေါ်သွင်းရန် မင်းကြီး မိန့်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

နန်းတော်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "ဖါရောအိမ်သားအဖြစ်" သို့မဟုတ် (၂) "ဖါရောအိမ်တော်" သို့မဟုတ် "ဖါရောနန်းတော်။" ဖါရောဘုရင်၏ မိဖုရားဖြစ်စေကြောင်း ယဉ်ကျေးစွာ ဖော်ပြထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ထိုမိန်းမ

စာရဲ

ထိုမိန်းမအတွက်

"စာရဲအတွက်" သို့မဟုတ် "ထိုမိန်းမအဘို့"

Genesis 12:17

အာဗြံ၏မယား စာရဲအတွက်ကြောင့်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းက အာဗြံ၏မယား စာရဲကို မိမိမယားဖြစ်စေရန် ကြံသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍

"ဖါရောဘုရင်သည်လည်း အာဗြံကို ရှေ့သို့ ခေါ်၍" သို့မဟုတ် "ဖါရောဘုရင်သည်လည်း ရှေ့သို့လာရန် အာဗြံကို ခေါ်၍"

သင်သည် ငါ၌ပြုသောအမှုကား အဘယ်သို့နည်း

ဖါရောမင်း၏ အမျက်ဒေါသကို ထင်‌ရှားစေရန် တမင်တကာ မေးခြင်းဖြစ်သည်။ ၎င်းကို အာမေဍိတ်ပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၌ပြုသောအမှုကား ပြင်းထန်လှပြီတကား" (UDB)။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ထိုသို့ အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်

"ထိုသို့ အာဗြံနှင့် သက်ဆိုင်၍ မိမိလူတို့အား အမိန့်ပေးသဖြင့်"

သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏

"မှူးမတ်တို့ကလည်း အာဗြံတို့ လင်မယားမှအစ ပိုင်ဆိုင်သမျှသော ဥစ္စာတို့ကို ဖါရောမင်းထံမှ ဝေးရာသို့ နှင်လွှတ်ကြ၏"