Genesis 11

Genesis 11:1

မြေကြီးသားအပေါင်းတို့

တစ်ကမ္ဘာလုံး (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်

ဖော်ပြပါ စကားစုနှစ်ခုမှာ အဓိပ္ပါယ်ချင်း တူညီပြီး၊ ဘာသာစကား တစ်မျိုးတည်း အသုံးပြုကြောင်းကို ထင်ရှားစေရန် ဖော်ပြထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

အရှေ့မျက်နှာမှ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) အရှေ့ဘက်တွင်" သို့မဟုတ် ၂) "အရှေ့ဘက်မှ" သို့မဟုတ် ၃) "အရှေ့ဘက်သို့။" သို့ရာတွင် ကျမ်းတတ်ပုဂ္ဂိုလ်များက ရှိနာပြည်သည် နောဧသင်္ဘော ဆိုက်ရာအရပ်၏ အရှေ့အရပ်တွင်ရှိသည်ဟု ဆိုကြသဖြင့် "အရှေ့ဘက်တွင်" ကို ပို၍ အသုံးပြုသင့်သည်။

ခရီးသွားသဖြင့်

"ပြောင်းရွှေ့သဖြင့်" သို့မဟုတ် "သွားလာသဖြင့်"

နေရာချကြ၏

ပြောင်းရွှေ့ခြင်းမပြုတော့ဘဲ အရပ်ဒေသ တစ်နေရာတည်းတွင် အခြေချနေထိုင်သည်။

Genesis 11:3

လာကြ

ပြန်ဆိုမည့် ဘာသာစကားတွင် အမိန့်ပေးသော စကားအဖြစ် ပြန်ဆိုရမည်။

ခိုင်မာစွာ ဖုတ်ကြကုန်အံ့

ရွှံ့ကိုယူပြီး အလွန်ပူပြင်းသော မီးဖိုတွင် ဖုတ်ခြင်းဖြင့် ခိုင်မာတောင့်တင်းသော အုတ်ကို ရရှိနိုင်သည်။

သရွတ်

ထုံးမှုန့်၊ ရွှံ့၊ သဲနှင့် ရေတို့ ပေါင်းစပ်ထားပြီး ကျောက်ခဲ သို့မဟုတ် အုတ်ခဲကို အချင်းချင်း ကပ်ရာ၌ အသုံးပြုသော ကော်တစ်မျိုး

ရေညှိတမျိုး

"ရေနံချေး" အစရှိသော မြေမှ ထွက်သည့် ထူထပ်၊ စေးကပ်၊ မဲနက်သည့် အရည်တစ်မျိုး

မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် မတူညီသော အရပ်သို့ ခွဲသွားမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကျော်စောကိတ္တိ

"ဂုဏ်သတင်း"

ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့

"ဂုဏ်သတင်း ကျော်စောစေခြင်းငှါ ပြုကြကုန်အံ့"

Genesis 11:5

လူသားတို့

"အာဒံ၏ မျိုးဆက်များ"

ကြည့်ရှုခြင်းငှါ

"စစ်ဆေးတော်မူခြင်းငှါ" သို့မဟုတ် "အနီးကပ် ကြည့်ရှုခြင်းငှါ"

ဆင်းသက်တော်မူ၏

အဘယ်အရပ်မှ ဆင်းသက်လာကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "ကောင်းကင်ဘုံမှ ဆင်းသက်တော်မူ၏။" မည်သည့်နည်းလမ်းဖြင့် ဆင်းသက်ကြောင်း ဖော်ပြထားခြင်း မရှိသဖြင့် "ဆင်း" ဟူသည့် ယေဘုယျ အသုံးအနှုန်းဖြင့် ပြန်ဆိုပေးရမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

လူတမျိုးတည်း၊ စကားတမျိုးတည်း

လူသားအပေါင်းသည် လူစုကွဲခြင်းမရှိ၊ ဘာသာစကားလည်း တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့၏။

သူတို့သည် ဤအမှုကို အဦးပြုကြ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "သူတို့သည် ဤအမှုကို ပြုရန် စတင်ကြပြီ" သို့မဟုတ် (၂) "သူတို့ အဦးဆုံးပြုသည်မှာ ဤအမှုဖြစ်၏။" ထိုသို့ ဆိုရာတွင် နောင်တွင် ၎င်းထက် ပိုလွန်ကဲသောအမှုကို ပြုကြမည်ဟု အဓိပ္ပါယ်ရှိသည်။

သူတို့ပြုကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မပြုနိုင်သောအမှု မရှိဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

လာကြ

ပြန်ဆိုမည့် ဘာသာစကားတွ တောင်းဆို သို့မဟုတ် အမိန့်ပေးသော စကားမျိုးဖြင့် ပြန်ဆိုပေးရမည်။ ၁၁း၃ မှ ပြန်ဆိုချက်ကို ရှု။

ဆင်းသက်ကြကုန်အံ့

"ကြ" ဟူသော အများကိန်းမှာ ဘုရားသခင်ကို ညွှန်း၏။ တချို့မူပြန်ကျမ်းတွင် "ဆင်းသက်ပေအံ့" သို့မဟုတ် "ဆင်းသက်အံ့။" ထိုကဲ့သို့ ပြန်ဆိုလျှင်၊ မူရင်းကျမ်း၌ အများကိန်း အသုံးပြုထားကြောင်း မှတ်ချက်ထည့်ပေးရမည်။ ၁:၂၆ ရှိ "ငါတို့ . . . ဖန်ဆင်းကြစို့" မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-pronouns)

သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ

ဘာသာစကား ရှုပ်ထွေးစေလိုသော အကြောင်းရင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့စကားကို အချင်းချင်း နားမလည်စေခြင်းငှါ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့

ဘာသာစကား တစ်မျိုးတည်းကို အသုံးမပြုနိုင်ရန် ဆောင်ရွက်မည်ဟု ယာဝေးဘုရား မိန့်ဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့စကားကို ရောထွေးစေကြကုန်အံ့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 11:8

အရပ်ရပ်

မြို့မှ စ၍

ထာဝရဘုရားသည် . . . ရှုပ်ထွေး . . . စေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း

"ဗာဗဲလ်" ဟူသည်မှာ "ရှုပ်ထွေးသည်" ဟူသော ဝေါဟာရနှင့် အသံနီးစပ်၏။ ထိုအကြောင်းကို ဘာသာပြန်ဆိုသူအနေဖြင့် မှတ်ချက်ပြု ထည့်သွင်းနိုင်သည်။

မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍

လောကသားအပေါင်းကို တူညီသော ဘာသာစကား မသုံးနိုင်ရန် ထာဝရဘုရား ပြုတော်မူသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးသားအပေါင်းတို့၏ စကားကို ရောယှက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 11:10

ယေဘုယျ အချက်အလက်

ဤအခန်း၏ ကျန်ရှိသောအပိုင်းတွင် အာဗြံအထိ ရှေမ၏ သားစဉ်မြေးဆက်စာရင်းကို ပြုစုထားသည်။

ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား

ရှေမ၏ မျိုစဉ်ဆက်စာရင်းကို အစပြုသော စာကြောင်းဖြစ်၏။

ရေလွှမ်းမိုး

နောဧခေတ်၌ ဖြစ်ခဲ့သော ရေလွှမ်းမိုးခြင်းကို ညွှန်းသည်။

သားအာဖာဇဒ်ကို မြင်လေ၏

"အာဖာဇဒ်၏ အဘ ဖြစ်လေ၏" သို့မဟုတ် "သားအာဖာဇဒ် ဖွားမြင်လေ၏"

အာဖာဇဒ်

လူယောက်ျားအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

တရာ . . . နှစ် . . . ငါးရာ

ဘာသာပြန်ဆိုသူအနေဖြင့် "၁၀၀၊" "၂၊" "၅၀၀" အစရှိသော ကိန်းဂဏန်းဖြင့် ပြန်ဆိုနိုင်သည်။ (ULB နှင့် UDB တွင် ဂဏန်း နှစ်လုံးအောက်ကို စာဖြင့် ဖော်ပြပြီး သုံးလုံးအထက် ကိန်းများကို ဂဏန်းဖြင့် ဖော်ပြသည်။) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:12

သားရှာလကို မြင်လေ၏

"သားရှာလ ဖွားမြင်လေ၏"

ရှာလ

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 11:14

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:16

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:18

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:20

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:22

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 11:24

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁:၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁:၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အာဗြံ၊ နာခေါ်၊ ခါရန်

မွေးဖွားသည့်အစဉ် ဟုတ်မဟုတ် သေချာခြင်း မရှိပါ။

Genesis 11:27

တေရ၏ သားစဉ်မြေးဆက်ဟူမူကား

ကမ္ဘာဦးကျမ်း ၁၁:၂၇-၂၅:၁၁ မှာ တေရ သားစဉ်မြေးဆက်တို့၏ သမိုင်းမှတ်တမ်းဖြစ်သည်။

ခါရန်သည်၊ အဘတေရမသေမှီ၊ . . . သေလေ၏

ခါရန်သည် မိမိအဘ သက်ရှိထင်ရှားနေစဉ် သေဆုံးသည်ဟု ဖော်ပြခြင်းဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါရန်သည်၊ အဘတေရ အသက်ရှင်စဉ်၊ ... သေလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 11:29

မယားကိုယူ၍

"အိမ်ထောင်ပြု၍"

ဣသခ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မူကား

နောင်လာမည့် အခန်းများ၌ အချက်အခြာကျမည့် စာရဲ၏ အကြောင်းကို မိတ်ဆက်ရန် အသုံးပြုထားသည်။

သားသမီးမရှိ

မြုံသည်ဟု ဆိုလိုခြင်းဖြစ်၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

Genesis 11:31

သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲ

"ချွေးမဖြစ်သော သားအာဗြံ၏မယား စာရဲ"

ခါရန်မြို့ . . . ခါရန်မြို့

အဆိုပါ အမည်နှစ်ခု ကွဲပြားပြီး ဟေဗြဲစကား၌ အသံထွက်ပုံလည်း ခြားနားသည်။ တစ်ခုမှာ လူအမည်ဖြစ်၍ နောက်တခုမှာ မြို့အမည်ဖြစ်သည်။ (ဟေဗြဲစကားတွင် လူအမည်၏ "ခ သို့မဟုတ် ဟ" အသံထက် မြို့အမည်၏ "ခ သို့မဟုတ် ဟ" အသံမှာ ပို၍စူးရှသည်) ပြန်ဆိုမည့် ဘာသာစကားတွင် ထိုသို့ သံကွဲသင်္ကေတရှိလျှင် အသုံးပြုနိုင်သည်။