Genesis 10

Genesis 10:1

နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့

"နောဧ သားများ၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။" ကမ္ဘာဦးကျမ်း ၁၀:၁-၁၁:၉ တွင် ဖော်ပြထားသော နောဧ၏ သားစဉ်မြေးဆက် စာရင်းကို မိတ်ဆက်ပေးသော စာကြောင်း ဖြစ်သည်။

Genesis 10:2

ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို . . . အချင်းချင်း ခွဲဝေကြ၏

"ယာဝန်၏ သားတို့သည် ထိုအရပ်မှ ထွက်ခွာလျက် ကမ်းစပ်ဒေသနှင့် ကျွန်းနိုင်ငံတို့၌ ... အခြေချ နေထိုင်ကြ၏"

ဤသူတို့သည်

မူရင်းကျမ်း၌ ပင်လယ်နေလူမျိုးဟု ညွှန်းဆိုထားရာ၊ ဤသူတို့မှာ ကမ်းစပ်ဒေသနှင့် ကျွန်းနိုင်ငံများတွင် အခြေချ နေထိုင်သော လူမျိုးများကို ဆိုလိုသည်။

တကျွန်းတနိုင်ငံ မြေနယ်

ဤစကားစုမှာ ၎င်းတို့ ကျမ်းပြုရေးသားချိန်၌ အခြေချ နေထိုင်သော အရပ်ကို ဆိုလိုသည်။

ဘာသာအသီးအသီး

"ဘာသာစကား အသီးသီး" သို့မဟုတ် "ပြောဆိုသော ဘာသာအလိုက်"

Genesis 10:6

မိဇရိမ်

"အဲဂုတ္တု" ခေါ် "အီဂျစ်" ပြည်၏ ဟေဗြဲအမည် ဖြစ်သည်။

Genesis 10:8

အဦး စွမ်းနိုင်သောသူ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "အားကြီးသော စစ်သူရဲ" သို့မဟုတ် (၂) "အားကြီးသောသူ" သို့မဟုတ် (၃) တန်ခိုးကြီးသော မင်း"

ဘုရားရှေ့

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "ထာဝရဘုရားကို ဆန့်ကျင်သော" သို့မဟုတ် (၂) "ထာဝရဘုရားအားဖြင့်"

ထိုကြောင့် စကားပုံ၌ကား

ပြန်ဆိုမည့် ဘာသာစကား၌ အသုံးပြုသော စကားပုံ၏ အဖွင့်ကို ထည့်သုံးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ... ဟု ဆိုရိုးရှိသတည်း" (ရှု၊ "en:ta:workbench:translate:writingstyles_proverbs)

နိုင်ငံအဦး

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) ပထမတိုင်းပြည် သို့မဟုတ် (၂) ပထမမြို့ပြ

Genesis 10:11

အာရှရိပြည်သို့သွား၍

"နိမ်ရောဒသည် အာရှုရိပြည်သို့ သွား၍"

မိဇရိမ်သားကား

နောဧ၏ သားစဉ်မြေးဆက်စာရင်းကို ဆက်လက်ဖော်ပြသည်။

မိဇရိမ်

ဟာမ၏ သားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏ သားစဉ်မြေးဆက်တို့မှာ အဲဂုတ္တုလူမျိုးများဖြစ်သည်။ မိဇရိမ်ဟူသည် အဲဂုတ္တုပြည်၏ ဟေဗြဲအမည် ဖြစ်သည်။

Genesis 10:15

ယေဗုသိလူ ... အာမောရိလူ ... ဂိရဂါရှိလူ

ခါနာန်၏ သားစဉ်မြေးဆက်မှ အဓိက မျိုးနွယ်စုများဖြစ်သည်။

Genesis 10:19

ပြည်နယ်

"ပိုင်နက်" သို့မဟုတ် "နယ်နိမိတ်"

ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်

ရှိသည့်အရပ်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြောက်ဘက် ဇိဒုန်မြို့မှ တောင်ဘက်‌ ဂေရာမြို့အနီး ဂါဇမြို့တိုင်အောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်

"အရှေ့ဘက်" သို့မဟုတ် "ကုန်းတွင်းဘက်" စoဖြင့် ရှိသည့်အရပ်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန်အရှေ့ဘက် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့နှင့် ဇေဘိုင်မြို့ကို လွန်၍ လာရှမြို့တိုင်အောင်" (ရှု၊ Assumed Knowledge and Implicit Information)

သီးခြားသော ဘာသာအလိုက်

"မတူညီသော ဘာသာစကားအလိုက်"

အပြည်အပြည် အတိုင်းတိုင်း၌ နေသော

ဒေသအသီးသီး၌ အခြေချနေထိုင်သော

ဤသူတို့သည် . . . ဟာမသားများ ဖြစ်သတည်း

"ဤသူတို့" ဟု ဆိုရာတွင် ၁၀:၆ ၌ ဖော်ပြထားသော လူမျိုးနှင့် လူမျိုးပေါင်းစုတို့ကို ညွှန်းသည်။

Genesis 10:24

အာဖာဇဒ်

ရှေမ၏ သားများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

ဖာလက်

ဘာသာပြန်ဆိုသူမှ "ဖာလက်ကို 'ခွဲဝေခြင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

မြေကြီးကို ခွဲဝေကြ၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့သည် မြေကြီးကို ခွဲဝေကြ၏" သို့မဟုတ် "လူတို့သည် နေရပ် အသီးသီးသို့ ခွဲထွက်ကြ၏" သို့မဟုတ် "ဘုရားသခင်သည် လူတို့ကို ခွဲထုတ်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 10:26

ယုတ္တန်

ဟေဗေ၏ သားများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဤသူအပေါင်းတို့

"ဤသူ" ဟု ဆိုရာတွင် ယုတ္တန်၏ သားများကို ညွှန်းသည်။

Genesis 10:30

သူတို့နေရာ

"သူတို့ အစိုးရသောနေရာ" သို့မဟုတ် "သူတို့ နေထိုင်ရာဒေသ"

ဤသူတို့သည် . . . ရှေမသားများ ဖြစ်သတည်း

"ဤသူတို့" ဟု ဆိုရာတွင် ရှေမ၏ သားစဉ်မြေးဆက်ကို ညွှန်းသည် (၁၀:၂၁)

Genesis 10:32

ဤရွေ့ကား မိမိတို့အမျိုးအနွယ်အသီးသီး

၁၀:၁ မှစတင်၍ စာရင်းပြုထားသော လူအပါင်းတို့ကို ညွှန်းသည်။

အလိုက် မှတ်သားထားသော

"အလိုက် ပြုစုထားသော"

ထိုသူတို့သည် . . . မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည်တို့ကို တည်ထောင်ကြလေ၏

".... ထိုသူတို့အားဖြင့် မြေကြီးပေါ်မှာ မတူညီသော တိုင်းပြည်များ ပေါ်ပေါက်လာသတည်း" သို့မဟုတ် "ထိုသူတို့သည် ... အသီးသီး ခွဲခွာ၍ မြေကြီးပေါ်မှာ တိုင်းပြည်များစွာ တည်ထောင်ကြလေ၏။

ရေလွှမ်းမိုးသောနောက်

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေလွှမ်းမိုးပြီးနောက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)