Genesis 9

Genesis 9:1

များပြားစွာမွေးဘွားလျက် မြေကြီးပြည့်စေကြလော့

ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ မိမိတို့နှင့် သဏ္ဍာန်တူသော လူများစွာကို မွေးဘွားရန် နောဧနှင့် မိသားစုထံ မိန့်တော်မူခဲ့သည်။ "များပြား" ဟူသည်မှာ မည်ကဲ့သို့ မွေးဘွားရမည်ကို တိကျစေသော ကြိယာဝိသေသနပုဒ် ဖြစ်သည်။ ၁:၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

မြေတိရစ္ဆာန်

မြေတိရစ္ဆာန်ဟု ဆိုရာတွင် တိရစ္ဆာန်အပေါင်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ တိရစ္ဆာန် အမျိုး လေးမျိုးထဲမှ တစ်မျိုးကိုသာ ညွှန်းသည်။

ငှက်

ပျံဝဲတတ်သော တိရစ္ဆာန်များကို ညွှန်းသည်။ ၁:၂၀ မှ ပြန်ဆိုချက်ကို ရှု။

မြေပေါ်မှာ လှုပ်ရှားတတ်သမျှ

တိရစ္ဆာန် အကောင်ငယ်များကို ညွှန်းသည်။ ၁:၂၄ မှ ပြန်ဆိုချက်ကို ရှု။

ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော

"ကြောက်ရွံ့" နှင့် "တုန်လှုပ်" ဟူသည်မှာ တူညီသော ဝေါဟာရဖြစ်ပြီး၊ မည်မျှ ကြောက်ရွံ့သည်ကို ပေါ်လွင်စေရန် ပေါင်းစပ်လိုက်သော စကားစုဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြောက်ရွံ့တုန်လှုပ်" သို့မဟုတ် "လွန်စွာကြောက်ရွံ့ခြင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

မြေတိရစ္ဆာန် . . . ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော ရှိကြလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "မြေတိရစ္ဆာန် ... ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏

လက်ဟု ဆိုရာတွင် အစိုးပိုင်မှု၏ သင်္ကေတ ဖြစ်သည်။ ကတ္တားပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုတိရစ္ဆာန်တို့ကို အစိုးပိုင်သောအခွင့် ငါပေး၏" သို့မဟုတ် "ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်အောက်၌ ငါထား၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 9:3

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

အသက်တည်းဟူသော အသွေး

ဘာသာပြန်ဆိုသူမှ "သွေးသည် အသက်ကို ပုံဆောင်၏" စသဖြင့် မှတ်ချက် ထည့်သွင်းနိုင်သည်။ သို့မဟုတ် အောက်ပါအတိုင်းလည်း မှတ်ချက် ထည့်သွင်းနိုင်သည်။ "သွေးပါသော အသားကို မစားရန် ဘုရားသခင် မိန့်ဆိုသည်။ အသွေးကို ဦးစွာ ရှင်းထုတ်ရမည်။"

Genesis 9:5

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သင်တို့အသွေး

လူ့အသွေးနှင့် တိရစ္ဆာန်အသွေး၏ ခြားနားချက်ကို တွေ့ရသည် (၉:၁)။

အကယ်၍ သင်တို့အသက် တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်

သွေးကို သွန်းလောင်း သို့မဟုတ် စီးကျခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကယ်၍ သင်တို့အသက်တည်းဟူသော သင်တို့အသွေး စီးကျလျှင် ထိုအတွက် အဖိုးအခကို ငါတောင်းမည်" သို့မဟုတ် "အကယ်၍ သင်တို့အသွေးကို သွန်းသောသူ၌ အဖိုးအခ ငါတောင်းမည်" သို့မဟုတ် "အကယ်၍ သင်တို့ကို သတ်သောသူထံ အဖိုးအခ ငါတောင်းမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit နှင့် /WA-Catalog/my_tm?section=translate#figs-metaphor)

အသက်

ခန္ဓာအသက်ကို ညွှန်းသည်။

ငါတောင်းမည်

သူသတ်၏ အသက်ကို တောင်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်၏ အခအတွက် သင်တို့ကို သတ်သောသူထံ ငါတောင်းမည်"

တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်

"သင်တို့အသက်ကို နုတ်ယူသော တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်"

ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်

"သူတပါးကို သတ်သောသူထံ အသက်၏အခကို ငါတောင်းမည်"

ညီအစ်ကို

"ညီအစ်ကို" ဟု ဆိုရာတွင် အရင်းမျှ မဟုတ်ဘဲ၊ ဆွေမျိုး၊ အမျိုးတူ၊ အသိုင်းအဝိုင်းတူ၊ လူမျိုးချင်းတူ သို့မဟုတ် နိုင်ငံချင်းတူသော ပုဂ္ဂိုလ်ကို ညွှန်းဆိုသည်။

အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။

သွေးသွန်းဟူသည်မှာ အသက်နုတ်ယူခြင်းကို ညွှန်း၏။ သို့ဖြစ်၍ တစုံတယောက်က လူကို သတ်လျှင်၊ နောက်တစ်ယောက်က ထိုသူ၏ အသက်ကို နုတ်ယူရန်ဖြစ်သည်။ သို့ရာတွင်၊ "သွေး" ဟူသော ဝေါဟာရမှာ အဓိကကျသဖြင့် ထိုဝေါဟရကို အတတ်နိုင်ဆုံး အသုံးပြု ပြန်ဆိုရမည်။ "အသွေးသွန်း" စသဖြင့် အသွေးပါသော ဝေါဟာရကို အသုံးပြုရပါမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏

"အကြောင်းမူကား ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းတော်မူ၏" သို့မဟုတ် "အကြောင်းမူကား လူကို ငါ၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့ပြီ"

သားကိုဘွား၍ များပြားကြလော့

ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ မိမိတို့နှင့် သဏ္ဍာန်တူသော လူများစွာကို မွေးဘွားရန် နောဧနှင့် မိသားစုထံ မိန့်တော်မူခဲ့သည်။ "များပြား" ဟူသည်မှာ မည်ကဲ့သို့ မွေးဖွားရမည်ကို တိကျစေသော ကြိယာဝိသေသနပုဒ် ဖြစ်သည်။ ၁:၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 9:8

တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား

အစတွင်လည်း နောဧနှင့် သားများထံ မိန့်တော်မူခဲ့သည်။ သို့ရာတွင် မတူညီသော အကြောင်းအရာဖြစ်ကြောင်း သိသာစေရန် အသုံးပြုလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏ သားတို့ကို မိန့်တော်မူ၏" သို့မဟုတ် "တဖန် ဘုရားသခင် မိန့်တော်မူသည်ကား"

ငါသည်ကိုယ်တိုင်

နောဧသည် သူ၏ မိသားစုနှင့်တကွ ဘုရား၏ အမှုအတွက် ပြင်ဆင်ကြောင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏

"ငါကိုယ်တော်တိုင် ပဋိညာဉ်ပြု၏"

Genesis 9:11

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား

"ဤသို့ဖြင့် သင်တို့နှင့်အတူ ငါပဋိညာဉ်ပြုမည်"

ခပ်သိမ်းသော သတ္တဝါ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) လူသားအားလုံး သို့မဟုတ် (၂) လူနှင့်တိရစ္ဆာန် အပါအဝင် သက်ရှိသတ္တဝါအားလုံး။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ

"မြေကြီးကို ဖျက်ဆီးသော ရေလွှမ်းမိုးခြင်း မရှိစေရ။" ရေလွှမ်းခြင်းများစွာ ဖြစ်လာသော်လည်း ၎င်းက တစ်ကမ္ဘာလုံးကို ဖျက်ဆီးခြင်း မပြုနိုင်တော့ပါ။

လက္ခဏာသက်သေ

ကတိပြုထားသော တစုံတရာ၏ သက်သေ အထောက်အထား ဖြစ်သည်။

သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်

အဆိုပါ ပဋိညာဉ်တရားမှာ နောဧနှင့်မိသားစု သာမက၊ နောင်လာလတံ့သော သားစဉ်မြေးဆက် အားလုံးအပေါ် သက်ရောက်သည်။

Genesis 9:14

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သောအခါ

"သောအခါတိုင်း။" အကြိမ်ဖန်များစွာ ဖြစ်ပျက်မည့်အကြောင်းကို ဖော်ပြထားသည်။

သက်တံ့သည် ထင်ရှားလိမ့်မည်

သက်တံ့မှာ ထင်ရှားမည်ဟု ဆိုရာတွင် ယာဝေးဘုရားနှင့် လူတို့ကြား ပြုထားသော ပဋိညာဉ်၏ သက်သေဖြစ်သည်အလျောက် ယာဝေးဘုရားနှင့် လူတို့ မြင်သာအောင် ထင်ရှားမည်ဟူ၍ နားလည်ရပေမည်။ ကတ္တားပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သက်တံ့ကို လူနှင့်တကွ ငါသည် ထင်ရှားစွာ တွေ့ရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သက်တံ့

မိုးရွာပြီးနောက် ကောင်းကင်ပေါ်၌ နေအလင်းကို နောက်ခံပြု၍ အရောင်မျိုးစုံဖြင့် လင်းနေသော ရောင်ခြည်။

ငါတဘက်၊ သင်တို့မှစ၍

"သင်တို့" ဟုဆိုရာတွင် နောဧနှင့်သားများကို ညွှန်းသည်။

အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆာန်ရှိသမျှ

"သက်ရှိသတ္တဝါ အပေါင်းတို့"

သတ္တဝါ၊ တိရစ္ဆာန်ရှိသမျှ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) လူသားအားလုံး သို့မဟုတ် ( ၂) လူနှင့်တိရစ္ဆာန် အပါအဝင် သက်ရှိသတ္တဝါအားလုံး။ ၆း၁၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့်

ထိုသို့ဆိုရာတွင် ဘုရားသခင်က မေ့ပျောက်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၏ ပဋိညာဉ်ကို ထောက်သဖြင့်"

Genesis 9:16

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြား

ဘုရားသခင် မိန့်ဆိုနေသည်ဖြစ်၍ အောက်အတိုင်းလည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါနှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါအပေါင်းတို့ စပ်ကြား"

မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်း

"မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါအပေါင်း။" ၉:၁၄ မှ ပြန်ဆိုချက်ကို ရှု။

ငါအောက်မေ့မည်

"သတိရအောင့်မေ့မည်" သို့မဟုတ် "ငါသည် အစဉ်အောက်မေ့မည်"

နောဧကို ဘုရားသခင်မိန့်တော်မူ၏

ဘုရားသခင်သည် နောဧကို မကြာခဏ စကားပြောသည်။ ဤစာကြောင်းမှာမူ ဘုရားသခင်၏ နောက်ဆုံးသော ပြောဆိုချက် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် နောဧထံသို့ စကားပြောခြင်းကို လက်စသတ်သည်" သို့မဟုတ် "ထို့ကြောင့် ဘုရားသခင်သည် နောဧကို ပြောသည်"

Genesis 9:18

ယေဘုယျ အချက်အလက်

အငယ် ၁၈-၁၉ တွင် နောင်လာမည့် မှတ်တမ်း၌ အရေးပါသော နောဧ၏ သားသုံးယောက်ကို မိတ်ဆက်ပေးထားသည်။

အဘ

ဖခင်အရင်း

Genesis 9:20

လယ်လုပ်သောအတတ်ကို ပြုစု၍

"လယ်သမားလုပ်၍"

သောက်၍ယစ်မူးသဖြင့်

"များစွာသောက်၍ ယစ်မူးသဖြင့်"

အဝတ်မခြုံဘဲ

မည်မျှထိ အဝတ်မခြုံဘဲ ရှိနေကြောင်း တိကျစွာ ဖော်ပြထားခြင်းမရှိ။ သို့ရာတွင်၊ သားများက ဖုံးပေးရသည်အထိ ရှက်ရွံ့ဖွယ် ကောင်းခဲ့ပေမည်။

Genesis 9:22

မိမိအဘ

နောဧကို ညွှန်း၏။

Genesis 9:24

ယေဘုယျ အချက်အလက်

အငယ် ၂၅-၂၇ တွင် နောဧသည် ဟာမ၏ သားကို ကျိန်၍ ဟာမ၏ ညီအစ်ကိုတို့ကို ကောင်းချီးပေး၏။ UDB မူပြန်ကျမ်းတွင် ဖော်ပြထားသည်အတိုင်း နောဧ ဆိုခဲ့သော အရာများမှာ နောင်လာမည့် မျိုးဆက်များအပေါ် အမှန်တကယ် သက်ရောက်သွားခဲ့သည်။

ယေဘုယျ အချက်အလက်

လာမည့်အပိုဒ်များကို စာကြောင်းတိုများဖြင့် ဖော်ပြလေရာ၊ ကဗျာဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့်၊ ကဗျာဖြစ်ကြောင်း ထင်ရှားစေသော စာကြောင်းပုံစံဖြင့် တတ်နိုင်သလောက် ပြန်ဆိုပေးရမည်။

ယစ်မူခြင်းပျောက်၍ နိုးသောအခါ

"သတိရလာသောအခါ"

မိမိ၌သားငယ်

ဟာမကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားငယ် ဟာမ"

ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ

"ခါနာန်ကို ငါကျိန်၏" သို့မဟုတ် "ခါနာန်သည် ဘေးဒုက္ခခံပါစေ"

ခါနာန်

ဟာမ၏ သားများထဲ၌ တစ်ဦးအပါအဝင် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟာမသား ခါနာန်"

အစ်ကိုတို့၏ ကျွန်တို့၌ကျွန်

"အစ်ကိုတို့၏ အနိမ့်ဆုံးကျွန်" သို့မဟုတ် "အစ်ကိုတို့၏ ကျွန်တကာ့ကျွန်"

အစ်ကိုတို့

ခါနာန်၏ ညီအစ်ကိုများ သို့မဟုတ် ဆွေမျိုးသားချင်းတို့ကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

Genesis 9:26

ယေဘုဘျ အချက်အလက်

ကဗျာဖြစ်ကြောင်း ထင်ရှားစေသော စာကြောင်းပုံစံဖြင့် တတ်နိုင်သလောက် ပြန်ဆိုပေးရမည်။

ရှေမ၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း

"ရှေမ၏သခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း" သို့မဟုတ် "ထာဝရဘုရား ရှေမ၏သခင်သည် မင်္ဂလာရှိတော်မူစေသတည်း" သို့မဟုတ် "ရှေမ၏သခင် ထာဝရဘုရားကို ငါချီးမြှောက်၏" (UDB)

ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ

"ခါနာန်သည် ရှေမ၏ကျွန် ဖြစ်စေ။" ခါနာနှင့် ရှေမတို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။

ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ (၁) "ဘုရားသခင်သည် ယာဖက်၏ မြေကို ကျယ်စေတော်မူသဖြင့်" (UDB) သို့မဟုတ် (၂) "ဘုရားသခင်သည် ယာဖက်အမျိုးကို များပြားစေတော်မူသဖြင့်"

ရှေမ၏တဲတို့တွင် နေပါစေ

"ရှေမနှင့်အတူ အေးချမ်းစွာ နေပါစေ။" ယာဖက်နှင့် ရှေမတို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။

ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေ

"ခါနာန်မူကား၊ ယာဖက်၏ကျွန်ဖြစ်ပါစေ။" ခါနန်နှင့် ယာဖက်တို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။