Genesis 8

Genesis 8:1

အောက်မေ့၍

"သနားခြင်း ရှိ၍"

သင်္ဘော

ပြင်းထန်သောမုန်တိုင်း တိုက်ခတ်သောအခါ ရေ၌ ပေါ်မည့် သစ်သားတုံးကြီးတစ်ခုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လှေကြီး" သို့မဟုတ် "သင်္ဘောကြီး" သို့မဟုတ် "ဖောင်ကြီး။" ၆:၁၃ မှ ပြန်ဆိုချက်ကို ရှု။

နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍

"မြေအောက်ရေနှင့် မိုဃ်းရေများကို ရပ်တန့်စေ၍။" အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် မြေအောက်ရေနှင့် မိုဃ်းရေများကို ရပ်တန့်စေ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

နက်နဲ ရေပေါက်ရေတွင်းများ

"မြေအောက်ရေများ။" ၇:၁၁ မှ ပြန်ဆိုချက်ကို ရှု။

မိုဃ်းကောင်းကင် ပြွန်ဝများ ဆို့ပိတ်၍

မိုးရွာမှု ရပ်တန့်သွားကြောင်း ညွှန်းသည်။ ကောင်းကင်ကို မိုးရေများ ကျမသွားစေရန် အတားအဆီး ပြုပေးသော အမိုးကဲ့သို့ ခိုင်းနှိုင်းထားသည်။ ထိုအမိုး သို့မဟုတ် တံခါးကို ပိတ်လိုက်သောအခါ မိုးရေများ စီးကျခြင်းမှ ရပ်တန့်သည်ဟု ယူဆကြ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်တံခါးများ ဆို့ပိတ်၍။" ၇:၁၁ ရှိ "မိုဃ်းကောင်းကင်ပြွန်များ" မှ ပြန်ဆိုချက်ကို ရှု။

Genesis 8:4

သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့ . . . ဒသမလ

ဤကျမ်းကို မောရှေ ပြုစုထားသည့်အတွက်၊ ဟေဗြဲ ပြက္ခဒိန်၏ သတ္တမလနှင့် ဒသမလကို ညွှန်းခြင်း ဖြစ်ပေမည်။ သို့ရာတွင်၊ သေချာသည်မဟုတ်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-hebrewmonths နှင့် /WA-Catalog/my_tm?section=translate#translate-ordinal)

တင်လေ၏

"ဆိုက်လေ၏" သို့မဟုတ် "ရပ်လေ၏"

ထိုလဆန်းတရက်နေ့

"ထိုဒသမလ၏ ပထမနေ့ရက်"

ပေါ်ကြ၏

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ "ရေမျက်နှာပြင်မှ ပေါ်ထွက်ကြ၏။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 8:6

နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကို ဖွင့်၍

"လုပ်ခဲ့သော" ဟု ဆိုရာတွင် နောဧ ပြုလုပ်ခဲ့သည့် "ပြတင်းပေါက်" ကို ညွှန်းသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် "သင်္ဘောထဲ၌ မိမိ လုပ်ခဲ့သော ပြတင်းပေါက်ကို ဖွင့်၍၊ နောဧသည်" စသည်ဖြင့် နားလည်နိုင်သည့် အသုံးအနှုန်းမျိုးဖြင့် ပြန်ဆိုရမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

ကျီး

တိရစ္ဆာန်အသေကောင်၏ အသားကို အဓိက စားသုံးသော အနက်ရောင်ငှက်တစ်မျိုး

ရေမခန်းမခြောက် မှီတိုင်အောင်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လေတိုက်၍ ရေမခန်းမှီ တိုင်အောင်" သို့မဟုတ် "ရေခန်းခြောက်ခြင်း မပြုမှီတိုင်အောင်"(ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သွားလာလျက်နေလေ၏

ဤသည်မှာ သင်္ဘောသို့ ပြန်လာတလှည့်၊ ပျံထွက်တလှည့် သွားလာကြောင်း ဆိုလိုခြင်း ဖြစ်သည်။

Genesis 8:8

ခြေဖြင့်နင်း၍ အမောဖြေစရာ

"နားနေစရာ" သို့မဟုတ် "ခိုနားစရာ။" ပျံသန်းရာမှ အမောဖြေရန် ရပ်စရာနေရာကို ဆိုလိုခြင်းဖြစ်သည်။

Genesis 8:10

မိမိဆိတ်ယူသော သံလွင်ရွက်

"သံလွင်ပင်မှ ဆိတ်ယူသော အရွက်"

ဆိတ်ယူ

"ခူးယူ"

တဖန်ခုနစ်ရက်နေပြီးမှ

"တဖန်ခုနစ်ရက် စောင့်ပြီးလျှင်"

နောက်တဖန် ချိုးသည် မပြန်မလာနေ၏

အထက်ပါအတိုင်း ပြန်ဆိုချက်က နားလည်ရန် အခက်အခဲ ဖြစ်လျှင် အကြောင်းရင်းကို ဆက်လက် ဖော်ပြနိုင်သည်။ "သို့ရာတွင် ခြေဖြင့်နင်း၍ အမောဖြေစရာ တွေ့သဖြင့်၊ ချိုးသည် ပြန်လာခြင်း မပြုတော့။

Genesis 8:13

အနှစ်ခြောက်ရာတခု

"နောဧအသက် ခြောက်ရာတစ်နှစ်မြောက်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

ပဌမလဆန်းတရက်နေ့တွင်

ဤကျမ်းကို မောရှေ ပြုစုထားသည့်အတွက်၊ ဟေဗြဲ ပြက္ကဒိန်၏ ပထမလကို ညွှန်းခြင်း ဖြစ်ပေမည်။ သို့ရာတွင်၊ သေချာသည် မဟုတ်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-hebrewmonths နှင့် /WA-Catalog/my_tm?section=translate#translate-ordinal)

မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးကိုလွှမ်းမိုးသော ရေသည် ခန်းခြောက် ခြင်းရှိသော်" သို့မဟုတ် "လေသည် ရေကို မြေကြီးပေါ်မှ ခန်းခြောက်စေသော်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင်္ဘောမိုး

မိုဃ်းရေများ ဝင်မသွားစေရန် အသုံးပြုသော အဖုံးကို ညွှန်းသည်။

ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင်

"ဒုတိယလ၏ နှစ်ဆယ်ခုနစ်ရက်နေ့တွင်။" ဟေဗြဲ ပြက္ကဒိန်၏ ဒုတိယလကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ သို့ရာတွင်၊ သေချာမှုမရှိ။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-hebrewmonths နှင့် /WA-Catalog/my_tm?section=translate#translate-ordinal)

မြေကြီး သွေ့ခြောက်လေ၏

"မြေသည် လုံးလုံးလျားလျား ခြောက်သွေ့လေ၏" (UDB)

Genesis 8:15

အသက်ရှင်သော တိရစ္ဆာန်

"အသက်ရှင်သော သတ္တဝါအပေါင်း။" ၆:၁၁ ရှိ "လူအပေါင်း" ပြန်ဆိုချက်ကို ရှု။

သားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း

ဥပစာစကားဖြစ်သည်။ ၁:၂၈ မှ ပြန်ဆိုချက်ကို ရှု။ ဤစာပိုဒ်မှာ တိရစ္ဆာန်များသာမဟုတ်ဘဲ လူသားတို့ကိုလည်း မျိုးပွားလျက် များပြားရန် ဘုရားသခင် မိန့်တော်မူခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

ထုတ်ဆောင်လော့ ...ထွက်ဆင်းလော့ . .

"ထွက်ခွါလော့ ... ခေါ်ဆောင်လော့။" တချို့ မူပြန်ကျမ်းတွင်၊ "ထွက်လာလော့ ... ခေါ်ထုတ်လော့" ဟူ၍ ပြန်ဆိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

Genesis 8:18

နောဧ ... တို့သည် ထွက်ဆင်းကြ၏

အချို့ မူပြန်ကျမ်းအရ၊ "နောဧ ... တို့သည် ထွက်လာကြ၏။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

မျိုးမျိုး အပေါင်းတို့

"မိမိတို့ အမျိုးအလိုက် စုဖွဲ့၍"

Genesis 8:20

ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ

"ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ" သို့မဟုတ် "ထာဝရဘုရားကို ပူဇော်ခြင်းငှါ ယဇ်ပလ္လင် တည်ပြီးမှ။" ဤယဇ်ပလ္လင်ကို ကျောက်တုံးကျောက်ခဲများဖြင့် တည်ထားခြင်း ဖြစ်ပေမည်။

စင်ကြယ်သောသား၊ စင်ကြယ်သောငှက်

"စင်ကြယ်" ဟု ဆိုရာတွင် ယဇ်အဖြစ် ဘုရားသခင် လက်ခံထားသော အကောင်များကို ဆိုလိုသည်။ အချို့အကောင်များမှ ယဇ်ပူဇော်ရန် မသင့်လျော်သောကြောင့် ၎င်းကို "မစင်ကြယ်" သောသားဟု ခေါ်သည်။

မီးရှို့သောယဇ်ကို ပူဇော်လေ၏

ဘုရားသခင်အဘို့ ယဇ်ကောင်ကိုသတ်၍ မီးရှို့ပူဇော်ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးရှို့သော ယဇ်ကို ထာဝရဘုရားအဘို့ ပူဇော်လေ၏"

မွှေးကြိုင်သောအနံ့

အရှို့ခံရသော ယဇ်ကောင်၏ အနံ့ကို ညွှန်းသည်။

လူတို့အတွက်

ပို၍တိကျပေါ်စွာ ဖော်ပြနိုင်သည်။ "လူတို့ အပြစ်အတွက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မြေကြီးကို မကျိန်

"မြေကြီးကို ဖျက်ဆီးခြင်းမပြု" (UDB)

လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏

"လူတို့သည် ငယ်သောအရွယ်မှ စ၍၊ ဒုစရိုက်အမှုကိုသာ ပြုကြ၏" သို့မဟုတ် "ငယ်ရွယ် ချိန်မှစ၍၊ ဒုစရိုက်အမှုကို ပြုလိုသော ဆန္ဒ ရှိကြ၏"

ငယ်သောအရွယ်

အသက်ရပြီးသော လူကြီးကို ညွှန်းသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငယ်ရွယ်ချိန်"

စိတ်နှလုံးအကြံအစည်

"စိတ်နှလုံး" ဟု ဆိုရာတွင် လူ့အကြံအစည်၊ ခံစားချက်၊ တပ်မက်မှု၊ နှင့် အလိုဆန္ဒကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြုသမျှသည်" သို့မဟုတ် "အကျင့်သည်"

မြေကြိးမကုန်မှီတိုင်အောင်

"မြေကြီး တည်သည့် ကာလပတ်လုံး" သို့မဟုတ် "ကပ်ကမ္ဘာ မကုန်မှီ တိုင်အောင်"

မျိုးစေ့ကြဲရသောကာလ

"စိုက်ပျိုးရသော ကာလ"

ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ

ရာသီဥတုကြီး နှစ်ပါးနှင့် ၎င်းတို့၏ ရသကို ညွှန်းဆိုသည်။ ပြန်ဆိုမည့်ဘာသာ၏ ဒေသိယ အသုံးအနှုန်းကို လိုက်၍ ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

နွေကာလ

တစ်နှစ်တာကာလ၏ ပူလောင်၊ ခြောက်သွေ့သော အချိန်

ဆောင်းကာလ

တစ်နှစ်တာကာလ၏ အေးမြ၊ စိုစွတ် သို့မဟုတ် ချမ်းစိမ့်သော အချိန်

မပြတ်ရ

"ကုန်ဆုံးခြင်းမရှိရ" သို့မဟုတ် "ရပ်တန့်ခြင်းမရှိရ။" ဤစကားစုကို အပြုသဘောဆောင် ပုံစံဖြင့်လည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တည်မြဲစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)