Genesis 49

Genesis 49:1

ယာကုပ်က မည်သည့်အတွက်ကြောင့် မိမိ၏သားများကိုစည်းဝေးစေသနည်း။

ယာကုပ်သည် မိမိ၏သားများနှင့် သူတို့မှဆင်းသက်သောမျိုးနွယ်များ၏ အနာဂတ်ကိုပြောရန် စည်းဝေးစေခြင်း ဖြစ်ပါသည်။

Genesis 49:3

ရုဗင်၌ မည်သည့်အရည်အချင်းရှိသနည်း။

ရုဗင်၌ ထူးချွန်သော အစွမ်းနှင့်တန်ခိုးရှိပါသည်။

ရုဗင်သည် သားဦးဖြစ်သော်လည်း အဘယ်ကြောင့် အထွဋ်အထိပ်၌မရှိသနည်း။

ရုဗင်သည် အထွဋ်အထိပ်၌ မရှိရခြင်းအကြောင်းမှာ အဖ၏ အိပ်ယာကို ညစ်ညူးစေသောကြောင့် ဖြစ်ပါသည်။

Genesis 49:7

ရှိမောင်နှင့် လေဝိကို ယာကုပ်က မည်သည့်အတွက်ကြောင့် ကျိန်ဆဲသနည်း။

ရှိမောင်နှင့် လေဝိတို့၏ အမျက်ဒေါသကို ယာကုပ်က ကျိန်ဆဲခြင်း ဖြစ်ပါသည်။

Genesis 49:8

ယာကုပ်သည် ယုဒ၏ရှေ့မှောက်တွင် အခြားသောသားများသည် မည်သို့ပြုရမည်ဟုပြောသနည်း။

ယုဒ၏ရှေ့မှောက်တွင် ယာကုပ်၏ သားများသည် ဦးညွှတ်ကြရမည်ဟု ပြောပါသည်။

Genesis 49:10

အနာဂတ်နှင့်ပတ်သက်၍ မည်သည့်ကတိတော်ကိုယုဒအားပြုသနည်း။

ရှိလောမရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှလည်းကောင်းမရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြရမည်ဟု ကတိပြုပါသည်။

Genesis 49:13

ဇာဗုလုန်၏ အမျိုးအနွယ်တို့သည် မည်သည့်အရပ်၌ နေရမည်ဟု ယာကုပ်ကပြောသနည်း။

ယာကုပ်က ဇာဗုလုန်အမျိုးအနွယ်တို့သည် ပင်လယ်ကမ်း နားမှာ နေရမည်ဟု ပြောပါသည်။

Genesis 49:16

ယာကုပ်က ဒန်သည် မည်သည့်တိရစ္တာန်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောသနည်း။

ယာကုပ်က ဒန်သည် အဆိပ်ရှိသောမြွေကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောပါသည်။

Genesis 49:19

အာရှာကို မည်သည့်အတွက် လူသိများမည်ဟု ယာကုပ်ကပြောသနည်း။

ယာကုပ်သည် အာရှာကို မင်း၏ အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်တို့ကို စီစဥ်ပေးသည့်အတွက် လူသိများမည်ဟုပြောပါသည်။

Genesis 49:22

ယောသပ်သည် မည်သည့်အပင်မျိုး ဖြစ်မည်ဟု ယာကုပ်ကပြောသနည်း။

ယာကုပ်က ယောသပ်သည် အုတ်ရိုးပေါ်မှာ တွယ်တက်သည့် သန်မာသောပျိုးပင်ဖြစ်လိမ့်မည်ဟု ပြောပါသည်။

Genesis 49:24

ယာကုပ်က မည်သူသည် ယောသပ်၏ လေးကို အားမလျော့စေဘဲ လက်ကိုကျွမ်းကျင်စေရန် ထိန်းသိမ်းပေးသည်ဟု ပြောသနည်း။

ယာကုပ်က တန်ခိုးကြီးသော ဘုရားသခင်၏ လက်ဖြင့်လည်းကောင်း၊ ဣသရေလအမျိုး၏ကျောက်ဖြင့်လည်းကောင်း ယောသပ်၏လေးကို အားမလျော့စေဘဲ၊ သူ၏လက်ကို ကျွမ်းကျင်စေရန် ထိန်းသိမ်းပေးသည်ဟု ပြောပါသည်။

Genesis 49:31

ယာကုပ် လဲလျောင်းလိုသည့်နေရာတွင် မည်သူတို့ကိုသင်္ဂြိုလ်ခဲ့သနည်း ။

အာဗြဟံ၊ စာရာ၊ ဣဇက်၊ ရေဗက္ကနှင့် လေအာတို့ကိုသင်္ဂြိုလ်ခဲ့သည့် နေရာ၌ဖြစ်ပါသည်။

ယာကုပ်သည် သားများအား ကောင်းကြီးမင်္ဂလာနှင့်လမ်းညွှန်မှုများ ပေးပြီးနောက် မည်သို့ပြုသနည်း။

ယာကုပ်သည် အသက်ကုန်ဆုံး၍ သူ၏လူမျိုးများ ရှိရာသို့သွားပါသည်။