Genesis 50

Genesis 50:1

ဣသရေလသေဆုံးပြီးနောက် သူ၏ခန္ဓာအား ယောသပ်ကမည်သို့ပြုသနည်း။

ယောသပ်သည် ဣသရေလ၏ခန္ဓာကိုယ်အား အမွှေးနံ့သာများဖြင့် မပုပ်သိုးအောင် ပြုပါသည်။

Genesis 50:4

ယောသပ်သည် ဖါရောဘုရင်အား သူ့အဖကို သင်္ဂြိုလ်ရန်အတွက်မည်သို့တောင်းဆိုသနည်း။ သူသည်အဘယ်ကြောင့် ထိုသို့တောင်းဆိုရသနည်း။

ယောသပ်သည် သူ့အဖကို ခါနာန်ပြည်၌ သင်္ဂြိုလ်ဖို့ သွားခွင့်ပြုရန် တောင်းဆိုပါသည်။ ထိုသို့တောင်းဆိုရခြင်းမှာ ယောသပ်၏ အဖသည် သူ့အား တောင်းဆိုခဲ့သောကြောင့် ဖြစ်ပါသည်။

Genesis 50:7

ဣသရေလကို သင်္ဂြိုလ်ရန် ယောသပ်နှင့်အတူ မည်သူသွားသနည်း။

ဖါရောဘုရင်၏ အရာရှိများ၊ နန်းတွင်းသားများ၊ အဲဂုတ္တုပြည်၏အရာရှိကြီးများ၊ ယောသပ်၏အိမ်သားများ၊ ယောသပ်အစ်ကိုတို့၏ အိမ်သားများ၊ ယောသပ်အဖ၏ အိမ်သားများ၊ မြင်းရထားများနှင့် မြင်းစီးသူရဲများတို့ လိုက်သွားကြပါသည်။

Genesis 50:10

ခါနာန်မြို့သားတို့သည် ယောသပ်နှင့်တကွ သူနှင့်ပါလာသူများကိုမြင်သောအခါ သူတို့သည် မည်သို့ပြောကြသနည်း။

ခါနာန်မြို့သားတို့သည် အဲဂုတ္တုပြည်သားများအတွက်အလွန်ဝမ်းနည်းစရာကောင်းသော ချိန်ခါဖြစ်သည်ဟု ပြောကြပါသည်။

Genesis 50:12

ယောသပ်နှင့်အစ်ကိုတို့သည် သူတို့အဖအား သင်္ဂြိုလ်ပြီးနောက် မည်သည့်အရပ်သို့သွားကြသနည်း။

ယောသပ်နှင့်အစ်ကိုတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားကြပါသည်။

Genesis 50:15

ဣသရေလသေဆုံးပြီးနောက်၊ ယောသပ်အစ်ကိုတို့သည်မည်သည့် အကြောင်းကို စိုးရိမ်ကြသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်အား မကောင်းသောအမှုပြုခဲ့သည်ကို ယောသပ်ကပြန်လည်၍ ကလဲ့စားချေမည်ကို စိုးရိမ်ကြပါသည်။

ယောသပ်အစ်ကိုတို့သည် ယောသပ်အပေါ် သူတို့ ကျူး လွန်ခဲ့သောအပြစ်များအတွက် ယောသပ်အားမည်သို့ တောင်းဆိုကြသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်အပေါ်သူတို့ကျူးလွန်ခဲ့သောအပြစ်များအတွက် ခွင့်လွှတ်ပေးပါရန် တောင်းဆိုကြပါသည်။

Genesis 50:18

ယောသပ်အစ်ကိုတို့သည် ယောသပ်ထံလာကြသောအခါ မည်သို့ပြုကြသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်ထံလာကြသောအခါ ယောသပ်ရှေ့မှာ ပြပ်ဝပ်ကြပါသည်။

ယောသပ်အစ်ကိုတို့ပြုကြသော မကောင်းမှုဖြင့် ဘုရားသခင်သည် မည်သည့်ကောင်းသောအရာကိုလုပ်ဆောင်သည်ဟု ယောသပ်ပြောသနည်း။

ယောသပ်က ဘုရားသခင်သည် လူအပေါင်းတို့ အသက်ရှင်စေရန် ကောင်းသောအရာကို လုပ်ဆောင်သည်ဟုပြောပါသည်။

Genesis 50:22

ယောသပ် မည်မျှ အသက်ရှင်သနည်း။

ယောသပ်သည် အသက်တရာတဆယ် ရှင်ပါသည်။

Genesis 50:24

ယောသပ်က သူ၌မည်သို့ ဖြစ်မည်အကြောင်းကို ပြောသနည်း။

ယောသပ်က သူသေရမည့်အကြောင်းကို ပြောပါသည်။

ဘုရားသခင်သည် ဣသရေလ၏ မျိုးနွယ်တို့အတွက်မည်သည့် ကတိတော်ပြည့်စုံလိမ့်မည်ဟု ယောသပ်ကပြောသနည်း။

ယောသပ်က ဘုရားသခင်သည် အာဗြဟံ၊ ဣဇက်နှင့်ယာကုပ်တို့အား ကတိထားတော်မူသည့်အတိုင်း၊ ဣသရေလမျိုးနွယ်တို့ကို ကတိထားသောပြည်သို့ ပြန်လည်ဆောင်သွားလိမ့်မည်ဟု ပြောပါသည်။

ဣသရေလအမျိုးသားတို့အား မည်သို့လုပ်ဆောင်ရလိမ့်မည်ဟု ယောသပ်က ကျိန်ဆိုခြင်းကို ပြုစေသနည်း။

ဣသရေလ အမျိုးသားတို့သည်အဲဂုတ္တုပြည်မှပြန်ထွက်သွားသောအခါ၊ သူ၏ အရိုးတို့ကိုသယ်ဆောင်သွားရလိမ့်မည်ဟု ယောသပ်က ကျိန်ဆိုခြင်းကို ပြုစေပါသည်။

ယောသပ် သေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ် မည်သို့ စီမံထားသနည်း။

ယောသပ်၏ ခန္ဓာကိုယ်အား အမွှေးနံ့သာဖြင့် မပုပ်သိုးအောင်ပြင်ပြီးမှ အဲဂုတ္တုပြည်တွင် အခေါင်းနှင့်ထားရှိပါသည်။