Genesis 48

Genesis 48:1

ယောသပ်သည် သူ့အဖေအကြောင်း သတင်းကြားရပြီးနောက် မည်သို့ပြုသနည်း။

ယောသပ်သည် အဖနေမကောင်းသည့် သတင်းကိုကြားရပြီးနောက် သူသည် သားနှစ်ယောက်ကိုခေါ်သွားခဲ့သည်။

Genesis 48:3

ဘုရားသခင်ထံမှ မည်သည့်ကတိတော်ကို ယာကုပ်သည် ယောသပ်အား ပြောပြသနည်း။

ဘုရားသခင်သည် ယာကုပ်အားတိုးပွါးများပြားစေမည်၊ သူ့အားများစွာသော လူမျိုးတော်ဖြစ်စေမည်၊ သင်၏အမျိုးအနွယ်ကို ခါနာန်ပြည်အား အစဥ်အမြဲပိုင်စေမည်ဟု ကတိပေးခဲ့သည်။

Genesis 48:5

ယောသပ်၏ သားနှစ်ယောက်အား အမွေဆက်ခံနိုင်ရန်ယာကုပ်က မည်ကဲ့သို့စဥ်းစားသည်ဟု ပြောသနည်း။

ယာကုပ် စဥ်းစားမိသည်မှာ ယောသပ်၏သားနှစ်ယောက်သည် သူ၏သားအရင်းကဲ့သို့ ဖြစ်ရမည်ဟု ပြောပါသည်။

Genesis 48:8

ဣသရေလသည် ယောသပ်၏သားနှစ်ယောက်အား အဘယ်ကြောင့် မမှတ်မိသနည်း။

ဣသရေလသည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် ယောသပ် သားနှစ်ယောက်ကို မမှတ်မိရခြင်းဖြစ်ပါသည်။

Genesis 48:14

မည်သူသည် ယောသပ်၏ သားဦးဖြစ်သနည်း။

မနာရှေသည် ယောသပ်၏ သားဦးဖြစ်ပါသည်။

ဣသရေလသည် မည်သူ့အပေါ်သို့ ညာဖက်လက်တင်ပြီး၊ မည်သူ့အပေါ်သို့ ဘယ်ဖက်လက်တင်သနည်း။

ဣသရေလသည် ညာဖက်လက်ကို ဧဖရိမ်အပေါ်သို့ တင်၍၊ ဘယ်ဖက်လက်ကို မနာရှေအပေါ်သို့ တင်ပါသည်။

Genesis 48:17

ယောသပ်သည် အဘယ်ကြောင့် ဣသရေလ၏လက်ကိုပြောင်းရန် ကြိုးစားသနည်း။

ယောသပ် မျှော်လင့်သည်မှာ မနာရှေသည် သားဦးဖြစ်သောကြောင့် ဣသရေလ၏ ညာဖက်လက်ကို သူ့အပေါ်သို့တင်မည်ဟု မျှော်လင့်သည်။

Genesis 48:19

ယောသပ်၏ သားနှစ်ယောက်အပေါ်မှာရှိသော ဣသရေလ၏ လက်နှစ်ဖက်ကို သူသည် အဘယ်ကြောင့်ပြောင်းရန်ငြင်းပယ်သနည်း။

ဣသရေလ ငြင်းပယ်ရခြင်းအကြောင်းမှာ ညီအငယ်သည်သားဦးထက်သာ၍ ကြီးမြတ်သောကြောင့် ဖြစ်ပါသည်။

ဣသရေလ အမျိုးသားတို့က မည်သို့ကောင်းကြီးပေးမည်ဟု ဣသရေလ ပြောသနည်း။

ဣသရေလအမျိုးသားတို့က "ဘုရားသခင်သည် ဧဖရိမ်ကဲ့သို့လည်းကောင်း၊ မနာရှေကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ " ဟု ကောင်းကြီးပေးမည်ဖြစ်ကြောင်း ဣသရေလ ကပြောပါသည်။

Genesis 48:21

ဣသရေလက ယောသပ်သည် မည်သို့ဖြစ်လိမ့်မည်ဟုပြောသနည်း။

ဣသရေလက ယောသပ်သည် သူ၏ဘိုးဘေးတို့၏ပြည်သို့ပြန်လည် ခေါ်ဆောင်ခြင်း ခံရလိမ့်မည်ဟုပြောပါသည်။