Genesis 47

Genesis 47:3

ယောသပ်၏ အစ်ကိုငါးယောက်သည် ဖါရောဘုရင်အားမည်သည့်အလုပ်ကို လုပ်သည်ဟုပြောသနည်း။

အစ်ကိုငါးယောက်က သူတို့သည်သိုးများကို ထိန်းကျောင်းသော အလုပ်ကိုလုပ်သည်ဟု ပြောပါသည်။

အစ်ကိုတို့က သူတို့သည် အဲဂုတ္တုပြည်၌ မည်သို့နေထိုင်မည်ဟု ပြောသနည်း။

အစ်ကိုတို့က သူတို့သည် အဲဂုတ္တုပြည်၌ ယာယီနေထိုင်ပါမည်ဟု ပြောပါသည်။

Genesis 47:5

ဖါရောဘုရင်သည် ယောသပ်အားသူ၏ မိသားစုနှင့်အတူမည်သို့ပြုရန် ပြောသနည်း။

ဖါရောဘုရင်သည် ယောသပ်၏ မိသားစုများအား ဂေါရှင်ပြည်၌ အကောင်းဆုံးသောအရပ်တွင် အခြေချနေထိုင်ရန်ယောသပ်အား ပြောခဲ့သည်။

Genesis 47:7

ယာကုပ်သည် ဖါရောဘုရင်နှင့်တွေ့ပြီး သူ့ရှေ့တော်မှထွက်သောအခါ သူသည်မည်သို့ ပြုသနည်း။

ယာကုပ်သည် ဖါရောဘုရင်နှင့်တွေ့ပြီး သူ့ရှေ့တော်မှပြန်ထွက်သောအခါ သူသည် ဖါရောဘုရင်အား ကောင်းကြီးပေးပါသည်။

ယာကုပ်သည် ဖါရောဘုရင်နှင့်တွေ့သည့်အချိန်တွင် အသက်ဘယ်လောက်ရှိသနည်း။

ယာကုပ်သည် အသက်တရာသုံးဆယ်ရှိပါသည်။

ယာကုပ်က သူ၏ဘိုးဘေးတို့နှင့် နှိုင်းစာလျှင်သူ၏သက်တမ်းကို မည်သို့ ပြောသနည်း။

ယာကုပ်သည် သူ၏ဘိုးဘေးတို့နှင့်နှိုင်းစာလျှင် သူ၏သက်တမ်းသည် သူတို့လောက်မရှည်ပါဟု ပြောပါသည်။

Genesis 47:13

စပါးများရောင်းရသောငွေကို ယောသပ် မည်သို့ပြုလုပ်နိုင်သနည်း။

ယောသပ်သည် အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တို့၌ ရသမျှသောငွေအားလုံးကို စုသိမ်း၍ နန်းတော်သို့ ပေးသွင်းနိုင်ခဲ့ပါသည်။

Genesis 47:15

အဲဂုတ္တုလူမျိုးများ စားမည့်အစာကို မည်သို့လဲလှယ်ရန်ယောသပ် စီစဉ်ခဲ့သနည်း။

ယောသပ်သည် အဲဂုတ္တုအမျိုးသားများထံသို့ အစာကိုအိမ်မွေး တိရစ္ဆာန်များနှင့် လဲလှယ်ခိုင်းပါသည်။

Genesis 47:18

အစာအတွက်လဲလှယ်ရန်ငွေနှင့် တိရစ္ဆာန်များကို ဖါရောဘုရင်အား ပေးအပ်ပြီးနောက် အဲဂုတ္တုပြည်သားတို့သည် အစာကိုပိုမိုရရှိရန် ဖါရောဘုရင်အား မည်သည့်အရာနှင့် လဲလှယ်ဖို့ ကမ်းလှမ်းလာကြသနည်း။

အဲဂုတ္တုပြည်သားတို့သည် အစာပိုမိုရရှိရန် သူတို့၏မြေများနှင့်တကွ သူတို့ကိုယ်တိုင် ဖါရောဘုရင်ထံ ကျွန်ခံကြမည်ဟု ဖါရောဘုရင်အား ကမ်းလှမ်းပါသည်။

Genesis 47:23

ရိတ်သိမ်း၍ ရသမျှ၏ မည်သည့်အဖို့ကို ဖါရောဘုရင်အား ပေးဆက်ရန် ယောသပ်က တောင်းဆို သနည်း။

ရိတ်သိမ်း၍ရသမျှသော ငါးဖို့တဖို့ကို ဖါရောဘုရင်အား ပေးဆက်ရန် ယောသပ်က တောင်းဆိုပါသည်။

Genesis 47:27

ဣသရေလ၏ လူမျိုးတော်သည် အဲဂုတ္တုပြည်၌ မည် သည့် နည်းလမ်းဖြင့် ကြီးပွားသနည်း။

ဣသရေလ၏ လူမျိုးတော်သည် အဲဂုတ္တုပြည်၌ များစွာသောအသီးနှင့် လျင်မြန်စွာ တိုးပွားစေခြင်းတို့အားဖြင့်ကြီးပွားခဲ့ကြသည်။

ယာကုပ်သည် အသက်မည်မျှ ရှင်သနည်း။

ယာကုပ်သည် အသက်တရာလေးဆယ်ခုနစ်နှစ်၌ သေဆုံးပါသည်။

Genesis 47:29

ဣသရေလသည် ယောသပ်အား မည်သို့ပြုလုပ်ပေးရန်ကျိန်ဆိုဖို့ပြောသနည်း။

ဣသရေလသည် ယောသပ်အား ဘိုဘေးတို့သင်္ဂြိုလ်ရာအရပ်၌သူ့အား သင်္ဂြိုလ်ပေးရန် ကျိန်ဆိုဖို့ပြောပါသည်။