Genesis 46

Genesis 46:1

ဗေရရှေဘအရပ်တွင် ဣသရေလသည် မည်သို့ပြုသနည်း။

ဣသရေလသည် သူ၏အဖဣဇာက်၏ ဘုရားသခင်ကိုယဇ်ပူဇော်ခြင်းပြုပါသည်။

ဗေရရှေဘအရပ်တွင် ဘုရားသခင်သည် ဣသရေလအားမည်သို့ကတိပြုသနည်း။

ဘုရားသခင်သည် ဣသရေလအား သင့်ကိုလူမျိုးကြီးဖြစ်စေမည်၊ အဲဂုတ္တုပြည်သို့ သူနှင့်အတူသွားမည်၊ ဣသရေလကိုအဲဂုတ္တုပြည်မှ တဖန်ပြန်ခေါ်ဆောင်ဦးမည်၊ ယောသပ်သည် သူ၏လက်ကို ဣသရေလအပေါ်မှာ တင်ရလိမ့်မည်ဟု ကတိပြုပါသည်။

Genesis 46:5

မည်သူတို့သည် ဣသရေလနှင့်အတူ အဲဂုတ္တုပြည်သို့သွားကြသနည်း။

ဣသရေလမှ ဆင်းသက်သူများသည် ဣသရေလနှင့်အတူအဲဂုတ္တုပြည်သို့ သွားကြပါသည်။

Genesis 46:12

ခါနာန်ပြည်တွင် သေဆုံးသော ယုဒ၏သား နှစ်ယောက်မှာ မည်သူတို့နည်း။

ခါနာန်ပြည်တွင် သေဆုံးသူနှစ်ယောက်မှာ ဧရနှင့် သြနန်တို့ဖြစ်ကြပါသည်။

Genesis 46:26

အဲဂုတ္တုပြည်သို့လာသော ဣသရေလအမျိုးသည် မည်မျှရှိသနည်း။

အဲဂုတ္တုပြည်သို့လာသော ဣသရေလ၏အမျိုးသားပေါင်းမှာ ခုနစ်ဆယ်ဖြစ်ပါသည်။

Genesis 46:28

ယောသပ်သည် သူ၏အဖကိုတွေ့ရန် မည်သို့ပြုသနည်း။

ယောသပ်သည် သူ၏မြင်းရထားဖြင့် သူ၏အဖ ဣသရေလရှိရာ ဂေါရှင်ပြည်သို့ သွားပါသည်။

ယောသပ်သည် သူ၏အဖကိုမြင်သောအခါ မည်သို့ပြုသနည်း။

ယောသပ်သည် သူ့အဖ၏လည်ပင်းကို ဖက်၍ အချိန်ကြာကြာ ငိုကြွေးပါသည်။

Genesis 46:33

ယောသပ်က သူ၏အစ်ကိုတို့အား ဖါရောဘုရင်က မည် သည့် အလုပ်လုပ်တတ်သနည်းဟု မေးလျှင် မည်သို့ဖြေရန်ပြောသနည်း။

သူတို့သည် ငယ်စဥ်ကတည်းက သိုးနွားတို့ကိုမွေးမြူထိန်းကျောင်းသော အလုပ်ကိုလုပ်သည်ဟု ဖါရောဘုရင်အား ယောသပ်က ပြောပါသည်။