Genesis 45

Genesis 45:1

ယောသပ်သည် အစ်ကိုတို့ကို သူ့အကြောင်းပြောပြီးနောက် အဲဂုတ္တုလူတို့ ကြားနိုင်အောင်မည်သို့ ပြုသနည်း။

ယောသပ်သည် အစ်ကိုတို့ကို သူ့အကြောင်းပြောပြီးနောက် ကျယ်လောင်စွာ ငိုကြွေးပါသည်။

ယောသပ်သည် မိမိအကြောင်းကို ထုတ်ဖေါ်ပြောပြီးနောက် အစ်ကိုတို့က မည်သို့တုံ့ပြန်သနည်း။

အစ်ကိုတို့သည် စိတ်လှုပ်ရှားကြသည့်အတွက် ယောသပ်အား မဖြေကြားနိုင်ဘဲ ဖြစ်ကြပါသည်။

Genesis 45:7

ယောသပ်၏အဆိုအရ ဘုရားသခင်က သူ့အားအဘယ်ကြောင့် အဲဂုတ္တုပြည်သို့ ပို့ဆောင်သနည်း။

ဘုရားသခင်သည် ယောသပ်အား အဲဂုတ္တုပြည်သို့ပို့ဆောင်ရခြင်းအကြောင်းမှာ သူ့အားအသက်ချမ်းသာရစေရန်နှင့် သူ၏မိသားစုများကို မြေကြီးပေါ်မှာကျန်ကြွင်းစေရန်ဖြစ်ပါသည်။

အဲဂုတ္တုပြည်တွင် ဘုရားသခင်သည် ယောသပ်အားမည်သို့ ဖြစ်စေသနည်း။

ဘုရားသခင်သည် ယောသပ်အား ဖါရောဘုရင်၏ အဖအရာ၌လည်းကောင်း၊ ဖါရောဘုရင်အိမ်သားအားလုံး၏ သခင်အဖြစ်လည်းကောင်း၊ အဲဂုတ္တုတပြည်လုံးကို အုပ်စိုးရသောအရာ၌လည်းကောင်း ဖြစ်စေပါသည်။

Genesis 45:9

ယောသပ်သည် သူ၏မိသားစုအား ကြည့်ရှုရန် မည်ကဲ့သို့စီစဥ်သနည်း။

ယောသပ်က သူ၏မိသားစုအား ဂေါရှင်အရပ်၌ နေစေ၍ ထိုအရပ်၌သူသည် သူတို့အားကျွေးမွေး ကြည့်ရှုမည်ဟု စီ စဥ်ခဲ့သည်။

Genesis 45:12

ယောသပ်သည် အစ်ကိုတို့အား မည်သို့အလျင်အမြန်ပြုရန်ပြောသနည်း။

ယောသပ်သည် အစ်ကိုတို့အား အလျင်အမြန်ပြန်၍ အဖအား အဲဂုတ္တုပြည်သို့ ခေါ်ဆောင်လာရန် ပြောပါသည်။

Genesis 45:16

ယောသပ်၏ အစ်ကိုတို့ အဲဂုတ္တုပြည်သို့လာသည်ကို ဖါရောဘုရင်သည်ကြားသောအခါ မည်ကဲ့သို့ တုံ့ပြန်သနည်း။

ဖါရောဘုရင်သည် နှစ်သက်၍၊ ယောသပ်အား သူ၏အစ်ကိုတို့ကို သူတို့၏အဖနှင့်တကွ အိမ်သားများကိုခေါ်ဆောင်လာလျက် အဲဂုတ္တုပြည်၏ကောင်းသောနေရာတွင် နေထိုင်ကြရမည်ဟု ပြောခိုင်းပါသည်။

Genesis 45:21

မည်သူသည် အပိုလက်ဆောင်ပစ္စည်းနှင့်လမ်းခရီးအတွက် အထောက်အပံ့ရရှိသနည်း။

ဗင်္ယာမိန်သည် ငွေကျပ်သုံးရာ၊ လမ်းခရီးအတွက်အဝတ်လဲစရာ အဝတ်ငါးစုံ နှင့်တကွ အဖဣသရေလသည်ဝန်ဆောင်သော မြည်းအကောင်တဆယ်ရရှိပါသည်။

Genesis 45:24

ဣသရေလက ယောသပ်သည် အသက်ရှင်လျက် အဲဂုတ္တုတပြည်လုံးကိုအစိုးရသောသူဖြစ်ကြောင်းကိုကြားလျှင် သူသည်မည်ကဲ့သို့ တုံ့ပြန်သနည်း။

ဣသရေလ၏ သားတို့သည် သူ့အားပြောပြသောအခါ အံ့အားသင့်သောစိတ်ဖြင့် သူ၏သားတို့သူ့အား ပြောကြသည်ကိုမယုံကြည်နိုင်အောင် ဖြစ်ပါသည်။

Genesis 45:27

ဣသရေလက သူမသေမှီ၊ မည်သို့ပြုလိုသည်ဟု ပြောသနည်း။

ဣသရေလသည် သူမသေမှီ၊ ယောသပ်ကို တွေ့မြင်လိုသည်ဟု ပြောပါသည်။