Genesis 44

Genesis 44:1

ယောသပ်သည် သူ့အစ်ကိုတို့ မထွက်သွားမှီ၊ သူတို့၏ အိတ်များကို မည်သို့ပြုရန် ဘဏ္ဍာစိုးအား ပြောသနည်း။

ယောသပ်သည် ဘဏ္ဍာစိုးအား သူတို့၏အိတ်များတွင် စပါးအပြည့်နှင့်တကွ သူတို့ပိုက်ဆံကိုထည့်ပြီး၊ ညီအငယ်ဆုံး၏ အိတ်တွင်သူ၏ငွေဖလားကို ထည့်ရန်ပြောပါသည်။

Genesis 44:3

ညီအစ်ကိုတို့ မြို့ပြင်ရောက်သောအခါ ယောသပ်သည်ဘဏ္ဍာစိုးအား သူတို့ကိုအမှီလိုက်၍ မည်သို့ အကွက်ဆင်၍ ပြောခိုင်းသနည်း။

ယောသပ်သည် ဘဏ္ဍာစိုးအား သူတို့ပြန်သွားသောအခါ အဘယ်ကြောင့် မကောင်းသောစိတ်နှင့်ပြန်ကြပြီး၊ သူတို့သည် ယောသပ်၏ ခွက်ဖလားကို ခိုးယူသွားကြသည်ဟု စွပ်စွဲရန် အကွက်ဆင်ခဲ့ပါသည်။

Genesis 44:8

ယောသပ်၏ညီအစ်ကိုတို့က အကယ်၍သူတို့တွင် တစ်ယောက်သောသူ ခိုးယူလျှင်သူတို့အား မည်သို့ပြုလုပ်ရန်ကျိန်ဆိုသနည်း။

ညီအစ်ကိုတို့က ခွက်ဖလားကိုခိုးသောသူအား တွေ့ရှိလျှင်အသေသတ်ခြင်းခံစေပြီး၊ အခြားသူအားလုံးသည် ကျွန်အဖြစ်ခံကြပါမည်ဟု ကျိန်ဆိုကြပါသည်။

အကယ်၍ ခွက်ဖလားခိုးသူအားတွေ့လျှင် သူသည်မည်သို့ပြစ်ဒဏ်ခံရမည်ဟု ဘဏ္ဍာစိုးကပြောသနည်း။

ဘဏ္ဍာစိုးသည် ခွက်ဖလားခိုးသူအား ရှာတွေ့လျှင် ထိုသူသည်ကျွန်အဖြစ်ခံရပြီး၊ ကျန်သောသူများအား အပြစ်မှလွတ်စေမည်ဟု ပြောပါသည်။

Genesis 44:11

ဘဏ္ဍာစိုးသည် မည်သို့ရှာတွေ့ပြီး၊ ညီအစ်ကိုတို့က မည်သို့တုံ့ပြန်ကြသနည်း။

ဘဏ္ဍာစိုးသည် ခွက်ဖလားကို ဗင်္ယာမိန်၏ အိတ်၌ရှာတွေ့ပြီး၊ ညီအစ်ကိုတို့က မိမိတို့၏ အဝတ်ကိုဆုတ်ဖြဲလျက် တုံ့ပြန်ကြပါသည်။

Genesis 44:14

ညီအစ်ကိုတို့သည် ယောသပ်၏ အိမ်သို့ပြန်ရောက်ကြသောအခါ သူတို့သည် မည်သို့ပြုကြသနည်း။

ညီအစ်ကိုတို့သည် ယောသပ်၏ရှေ့၌ မြေပေါ်မှာဦးညွှတ်ကြပါသည်။

Genesis 44:16

အစ်ကိုတို့၏ ဒုစရိုက်အပြစ်ကို မည်သူသည်ရှာဖွေတွေ့ရှိသည်ဟု ယုဒ ပြောသနည်း။

ဘုရားသခင်သည် သူတို့၏ ဒုစရိုက်အပြစ်ကိုရှာဖွေတွေ့ရှိသည်ဟု ယုဒက ပြောသည်။

ယုဒသည် ညီအစ်ကို အားလုံးမည်သို့ဖြစ်လိမ့်မည်ဟု ပြောသနည်း။

ယုဒသည် အစ်ကိုတို့အားလုံး ယောသပ်၏ ကျွန်ဖြစ်ကြလိမ့်မည်ဟု ပြောပါသည်။

ယောသပ်သည် မည်သည့်ပြစ်ဒဏ်ချမှတ်ရန် လိုအပ်လိမ့်မည်ဟု အစ်ကိုတို့အား ပြောသနည်း။

ခွက်ဖလားကို ရှာဖွေတွေ့ရှိရာ အိတ်ပိုင်ရှင်သည် ယောသပ်၏ကျွန်ဖြစ်ပြီး၊ ကျန်သောသူအားလုံး ငြိမ်သက်စွာသွားကြရန် ပြောခဲ့သည်။

Genesis 44:20

အဖသည် ညီအငယ်ဆုံးအား ချစ်သည့်အတွက် မည်သည့်အကြောင်းပြချက်ကို ယုဒ ပေးသနည်း။

အဖ အသက်ကြီးမှရသည့် ညီအငယ်ဆုံးသည် သူ၏မိခင်မှမွေး၍ကျန်ခဲ့သော တဦးတည်းသားဖြစ် သည်ဟု ယုဒက အကြောင်းပြချက်ပေးပါသည်။

အကယ်၍ ညီအငယ်ဆုံး ကျန်ခဲ့လျှင် သူတို့အဖသည်မည်သို့ဖြစ်လိမ့်မည်ဟု အစ်ကိုတို့ စိုးရိမ်ကြသနည်း။

အကယ်၍ ညီအငယ်ဆုံးကျန်ခဲ့လျှင် သူတို့အဖသည်သေဆုံးလိမ့်မည်ဟု အစ်ကိုတို့ စိုးရိမ်ကြပါသည်။

Genesis 44:23

ယုဒက ညီအစ်ကိုတို့သည် ဗင်္ယာမိန်အား အဲဂုတ္တုပြည်သို့ အတင်းခေါ်ဆောင်လာခဲ့သည်မှာ အဘယ်ကြောင့်ဖြစ်သည်ဟု ပြောသနည်း။

သူတို့သည် ဗင်္ယာမိန်အားအတင်းခေါ်ဆောင်လာရခြင်းအကြောင်းမှာ ယောသပ်က သူတို့၏ ညီပါမလာလျှင် သူ၏မျက်နှာကိုနောက်တခါ မမြင်ရဟု ပြောခဲ့သောကြောင့်ဖြစ်ပါသည်။

Genesis 44:27

ဣသရေလသည် ယောသပ်မည်သို့ ဖြစ်သည်ဟု ထင်သနည်း။

ဣသရေလက ယောသပ်သည် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကို ဧကန်အမှန်ခံရသည်ဟု ထင်ပါသည်။

ဣသရေလက သူ့ထံမှဗင်္ယာမိန်ကို ခေါ်ဆောင်သွားလျှင်မည်သို့ဖြစ်လိမ့်မည်ဟု ပြောသနည်း။

ဣသရေလက သူတို့သည် သူ၏ဆံပင်ဖြူကိုဝမ်းနည်းခြင်းနှင့်အတူ မရဏာနိုင်ငံသို့ ပို့ဆောင်ရလိမ့်မည်ဟု ပြောပါသည်။

Genesis 44:30

ဗင်္ယာမိန်မပါဘဲ သူတို့ပြန်သွားလျှင် သူ၏ အဖမည်သို့ ဖြစ်လိမ့်မည်ဟု ယုဒက ပြောသနည်း။

ယုဒသည် သူ၏ အဖသေဆုံးလိမ့်မည်ဟု ပြောပါသည်။

ယုဒသည် ဗင်္ယာမိန်အတွက် မည်သို့ အာမခံလာရသည်ဟုပြောသနည်း။

ယုဒသည် ဗင်္ယာမိန်အား အဖထံသို့ပြန်မခေါ်သွားလျှင် သူသည် အဖ၏အပြစ်တင်ခြင်းကို တသက်လုံးခံပါမည်ဟု အာမခံလာရသည်ဟု ပြောပါသည်။

Genesis 44:33

ဗင်္ယာမိန်သည် သူ၏အဖထံပြန်သွားရန် ယုဒက မည်သို့ပြုလုပ်ပေးမည်ဟု ယောသပ်အား ပြောသနည်း။

ဗင်္ယာမိန်သည် သူ၏အဖထံပြန်သွားရန် ယုဒက ယောသပ်ထံတွင် ကျွန်ခံ၍နေခဲ့မည်ဟု ပြောပါသည်။