Genesis 43

Genesis 43:1

ဣသရေလက သူ၏သားတို့အား အဲဂုတ္တုပြည်၌ အစာရေစာဝယ်ရန် ထပ်သွားဖို့ အဘယ်ကြောင့် ပြောသနည်း။

တပြည်လုံး အစာခေါင်းပါးသဖြင့် အဲဂုတ္တုပြည်မှ ပထမဝယ်ယူခဲ့သော စပါးများစား၍ ကုန်သွားသောကြောင့်ဖြစ်ပါသည်။

Genesis 43:3

ယုဒသည် အဲဂုတ္တုပြည်သို့ ထပ်သွားရလျှင်၊ သူတို့မည်သို့ လုပ်ရမည်ဟု ပြောသနည်း။

ယုဒသည် အဲဂုတ္တုပြည်သို့ ထပ်သွားရလျှင် သူတို့နှင့်အတူ ညီဗင်္ယာမိန်ကို ထည့်လိုက်ရမည်ဟု ပြောပါသည်။

Genesis 43:8

ယုဒသည် သူ၏အ ဖဣသရေလအား မည်သို့ကျိန်ဆိုသနည်း။

ယုဒသည် ညီဗင်္ယာမိန်ကို ပြန်မခေါ်ခဲ့လျှင်၊ သူသည် တသက်လုံး အပြစ်ကို ခံပါမည်ဟု ပြောသည်။

Genesis 43:11

ဣသရေလသည် သားတို့အား အဲဂုတ္တုပြည်သို့ သူတို့နှင့်အတူ မည်သည့်အရာတို့ကို ယူသွားရန် ပြောသနည်း။

ဣသရေလသည် သားတို့အား ခါနာန်ပြည်မှ အကောင်းဆုံးသော ထွက်ကုန်များနှင့်တကွ ပိုက်ဆံနှစ်ဆကို ယူသွားကြရန် ပြောပါသည်။

Genesis 43:13

ခရီးနှင့်ပတ်သက်၍ ဣသရေလသည် ဘုရားသခင်အားမည်သို့တောင်းလျှောက်သနည်း။

ဣသရေလသည် ဘုရားသခင်အား သူ၏သားများသည် အဲဂုတ္တုပြည်၌ စိတ်တော်နှင့် ထိတွေ့လျက်၊ သားများအားလုံးကို ပြန်လည်လွှတ်ပေးစေရန် တောင်းလျှောက်ပါသည်။

Genesis 43:18

သူတို့သည် ယောသပ်၏ အိမ်သို့ခေါ်သွားခြင်း ခံသောအခါ သူတို့သည် မည်သို့ တုံ့ပြန်ကြသနည်း။ အဘယ်ကြောင့်နည်း။

ယောသပ်အစ်ကိုတို့သည် သူတို့အားဖမ်းဆီး၍ ကျွန်ပြုမည်ဟုထိတ်လန့်နေကြပါသည်။ အကြောင်းမှာ ပထမအကြိမ်လာစဥ်က သူတို့၏အိတ်များထဲတွင် ပိုက်ဆံများကျန်ရှိနေသောကြောင့် ဖြစ်ပါသည်။

Genesis 43:21

အစ်ကိုတို့သည် ယောသပ်၏ အိမ်၌ရှိသော ဘဏ္ဍာစိုးအားမည်သို့ပြောကြသနည်း။

အစ်ကိုတို့သည် ဘဏ္ဍာစိုးအား သူတို့၏အိတ်များထဲတွင်ကျန်ရှိနေသောပိုကိဆံများကို ပြန်ယူလာခဲ့ပြီး၊ နောက်ထပ်အစာဝယ်ရန် ပိုက်ဆံကိုလည်း ယူလာပါသည်ဟု ပြောကြပါသည်။

ဘဏ္ဍာစိုးက သူတို့အိတ်များထဲ၌ ကျန်ရှိနေသော ပိုက်ဆံတို့သည် မည်သည့်အရပ်ကလာသည်ဟု ပြောသနည်း။

ဘဏ္ဍာစိုးက သူတို့အိတ်များထဲ၌ ကျန်ရှိနေသော ပိုက်ဆံတို့သည် ဘုရားသခင်ထံမှ ဖြစ်သည်ဟု ပြောပါသည်။

Genesis 43:26

ယောသပ်သည်အိမ်သို့ပြန်လာသောအခါ အစ်ကိုတို့သည်မည်သို့ပြုကြသနည်း။

အစ်ကိုတို့သည် သူတို့သယ်ဆောင်လာသော လက်ဆောင်များကို အိမ်ထဲသို့ချပြီး၊ ယောသပ်၏ ရှေ့မြေပြင်ပေါ်၌ ဦးညွှတ်ကြပါသည်။

ယောသပ်သည် အစ်ကိုတို့အား မည်သူ့အကြောင်းကိုမေးမြန်းသနည်း။

ယောသပ်သည် အစ်ကိုတို့အား သူတို့အဖ၏ အကျိုးအကြောင်းကို မေးမြန်းခဲ့သည်။

Genesis 43:30

ယောသပ်သည် အဘယ်ကြောင့် အခန်းအပြင်သို့ လျင်မြန်စွာ ထွက်ပြီးနောက်၊ မည်သို့ပြုသနည်း။

ယောသပ်သည် ဗင်္ယာမိန်နှင့်ပတ်သက်ပြီး များစွာကြင်နာသောကြောင့် အခန်းအပြင်သို့ လျင်မြန်စွာထွက်သွားရခြင်းဖြစ်ပြီးနောက်၊ သူသည် အခန်းထဲသို့ဝင်၍ ငိုကြွေးပါသည်။

Genesis 43:32

အဲဂုတ္တုအမျိုးသားနှင့် ဟေဗြဲအမျိုးသားတို့သည် အဘယ်ကြောင့် အစာကို အတူမစားကြသနည်း။

အဲဂုတ္တုအမျိုးသားတို့သည် ဟေဗြဲအမျိုးသားတို့နှင့်အတူစားရမည်ကို ရွံရှာကြသောကြောင့် ဖြစ်ပါသည်။

ညီအစ်ကိုတို့သည် စားပွဲ၌မည်သို့ နေရာယူကြသနည်း။

ညီအစ်ကိုတို့သည် စားပွဲ၌ ကြီးစဥ်ငယ်လိုက် နေရာယူကြပါသည်။

ညီအစ်ကိုတို့ ရရှိသော အစာအစိတ်အပိုင်းနှင့်ပတ်သက်၍ မည်သို့ ထူးခြားသနည်း။

ဗင်္ယာမိန်ရရှိသော အစာအစိတ်အပိုင်းသည် အခြားအစ်ကိုများထက် ငါးဆပိုများပါသည်။