Genesis 42

Genesis 42:1

ယာကုပ်သည် အဲဂုတ္တုပြည်၌ စပါးဝယ်ရန် မည်သူကိုစေလွှတ်သနည်း။

ယာကုပ်သည် အဲဂုတ္တုပြည်၌ စပါးဝယ်ရန် ဗင်္ယာမိန်မှလွဲ၍ ယောသပ်၏ အစ်ကိုဆယ်ယောက်ကိုစေလွှတ်ပါသည်။

Genesis 42:5

ယောသပ်၏ အစ်ကိုဆယ်ယောက်သည် စပါးဝယ်ရန်ယောသပ်ထံသို့ ရောက်သောအခါ သူတို့သည် မည်သို့ပြုကြသနည်း။

ယောသပ်၏ အစ်ကိုတို့သည် ယောသပ်အား သူတို့မျက်နှာကို မြေနှင့်ထိ၍ ဦးညွှတ်ကြပါသည်။

Genesis 42:7

အစ်ကိုတို့ကို သိမှတ်သောအခါ ယောသပ်က မည်သို့ပြုသနည်။

ယောသပ်သည် သူတို့အား မသိဟန်ဆောင်၍ ကြမ်းတမ်းသော စကားဖြင့် ပြောဆိုဆက်ဆံ ပါသည်။

Genesis 42:9

ယောသပ်သည် အစ်ကိုတို့ကို မည်သို့ စွပ်စွဲသနည်း။

ယောသပ်သည် သူ၏ အစ်ကိုတို့အား သူလျှိုများဖြစ်သည် ဟု စွပ်စွဲပါသည်။

Genesis 42:12

ယောသပ်အစ်ကိုတို့က သူတို့၏ ညီအငယ်ဆုံးသည် မည် သည့် အရပ်တွင်ရှိသည်ဟု ပြောသနည်း။

ယောသပ်အစ်ကိုတို့က သူတို့၏ ညီအငယ်ဆုံးသည် အဖဖြစ်သူနှင့်အတူ ခါနာန်ပြည်၌ ရှိသည်ဟု ပြောပါသည်။

ယောသပ်အစ်ကိုတို့က သူတို့၏ ပျောက်ဆုံးနေသောညီသည် မည်သည့်အရပ်တွင် ရှိသည်ဟု ပြောသနည်း။

ယောသပ်အစ်ကိုတို့က သူတို့၏ ပျောက်ဆုံးနေသောညီသည် အသက်ရှင်လျက်မရှိပါဟု ပြောပါသည်။

Genesis 42:14

ယောသပ်သည် အစ်ကိုတို့အား သူလျှိုမဟုတ်ကြောင်းဖေါ်ပြဖို့ မည်သို့ စုံစမ်းစစ်ဆေးသနည်း။

ယောသပ်သည် သူတို့၏ညီအငယ်ဆုံးသည် အဲဂုတ္တုပြည်သို့မလာလျှင် သူတို့သည် အဲဂုတ္တုပြည်မှ ထွက်ခွါ မသွားစေရန် စုံစမ်းစစ်ဆေးပါသည်။

ယောသပ်သည် သူ၏အစ်ကိုတို့အား မည်သည့်နေရာတွင်မည်မျှကြာအောင် ထည့်ထားသနည်း။

ယောသပ်က သူ၏အစ်ကိုတို့အား ထောင်ထဲတွင် သုံးရက်ထည့်ထားပါသည်။

Genesis 42:18

ယောသပ်သည် အစ်ကိုတို့အား အသက်ရှင်စေရန်မည်သို့လုပ်ကြရမည်ဟု ပြောသနည်း။

ယောသပ်သည် အစ်ကိုတို့အား တယောက်ကိုထောင်ထဲမှာထားခဲ့လျက်၊ ကျန်သောသူများသည် စပါးကို ခါနာန်ပြည်သို့ သယ်ဆောင်သွားကြပြီးလျှင် အငယ်ဆုံးသောညီအား ပြန်ခေါ်ခဲ့ရမည်ဟု ပြောပါသည်။

Genesis 42:21

ယောသပ်အစ်ကိုတို့က သူတို့အပေါ်၌ ဤဒုက္ခကျရောက်ခြင်းသည် အဘယ်ကြောင့်ဟု ယုံကြည်ကြသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်အားပြုခဲ့သောအမှု ကြောင့် ယောသပ်၏ အသွေးအားဖြင့် သူတို့အပေါ်၌ ဤဒုက္ခကျရောက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြပါသည်။

Genesis 42:23

ယောသပ်သည် သူ့အပေါ်ပြုခဲ့သော အမှုအရာအကြောင်းကို သူ့အစ်ကိုများ ပြောဆိုနေကြသည်ကို ကြားသောအခါ ယောသပ်သည် မည်သို့ပြုသနည်း။

ယောသပ်သည် သူ့အပေါ်ပြုခဲ့သော အမှုအရာအကြောင်းကို အစ်ကိုတို့ ပြောဆိုနေကြသည်ကို ကြားသောအခါ ယောသပ်သည် သူတို့ထံမှ ထွက်သွား၍ ငိုကြွေးပါသည်။

ယောသပ်အစ်ကိုတို့၏ အိတ်တလုံးစီ၌ ယောသပ်သည်မည်သည့်အရာကို ပြန်ထည့်ပေးလိုက်သနည်း။

ယောသပ်သည် သူ့အစ်ကိုတို့၏ အိတ်တလုံးစီ၌ သူတို့၏ ပိုက်ဆံများကို ပြန်ထည့်ပေးလိုက်ပါသည်။

Genesis 42:26

တယောက်က သူ၏ ပိုက်ဆံသည် အိတ်ထဲတွင်ရှိနေသည်ကို သူတို့သိရသောအခါ အခြားသူတို့က မည်ကဲ့သို့တုံ့ပြန်ကြသနည်း။

သူတို့၏ စိတ်နှလုံးသည် အားလျော့လျက် တယောက်ကိုတယောက် ကြောက်ရွံ့တုန်လှုပ်စွာ ပြောဆိုကြပါသည်။

ညီအစ်ကိုတို့က လက်ရှိဖြစ်နေသော ပြဿနာအတွက်မည်သူကို အပြစ်တင်ကြသနည်း။

ညီအစ်ကိုတို့က လက်ရှိဖြစ်နေသော ပြဿနာအတွက် ဘုရားသခင်ကို အပြစ်တင်ကြပါသည်။

Genesis 42:35

အိတ်များမှ စပါးကို ထုတ်ကြသောအခါ ယာကုပ်နှင့်ညီအစ်ကိုတို့က မည်သည့်အရာကို သိရသနည်း။

သူတို့တယောက်စီ၏ အိတ်များ၌ သူတို့၏ ကိုယ်စီပိုက်ဆံများရှိနေသည်ကို သိရပါသည်။

ထိုအခြေအနေကြောင့် မည်သို့ဖြစ်မည်ကို ယာကုပ်ကစိုးရိမ်သနည်း။

ယာကုပ်က ရှိမောင်နှင့် ဗင်္ယာမိန်တို့ကို သူ့ထံမှယူဆောင်သွားကြမည်ကို စိုးရိမ်ပါသည်။

Genesis 42:37

ရုဗင်က ယာကုပ်အား မည်သို့ ကျိန်ဆိုသနည်း။

ရုဗင်က ဗင်္ယာမိန်ကို ယာကုပ်ထံသို့ အဲဂုတ္တုပြည်မှပြန်လည်ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ မဆောင်ခဲ့ပါကသူ၏ သားနှစ်ယောက်ကို အသေသတ်ရန် ကျိန်ဆိုပါသည်။

ယာကုပ်က ရုဗင်သည် ဗင်္ယာမိန်အား အဲဂုတ္တုပြည်သို့ခေါ်သွားရန် ခွင့်ပြုပါသလား။

ယာကုပ်က ရုဗင်သည် ဗင်္ယာမိန်အား အဲဂုတ္တု ပြည်သို့ ခေါ်သွားရန် ခွင့်မပြုပါ။

ဗင်္ယာမိန် သေဆုံးလျှင် သူ၌ မည်သို့ဖြစ်လိမ့်မည်ဟု ယာကုပ်က ပြောသနည်း။

ဗင်္ယာမိန်သေဆုံးလျှင် သူသည် ဝမ်းနည်း၍ မရဏာနိုင်ငံသို့ ရောက်ရလိမ့်မည်ဟု ပြောပါသည်။