Genesis 41

Genesis 41:4

ဖါရောမင်း၏ ပထမအိပ်မက်တွင် ပိန်သောနွားခုနစ်ကောင်တို့သည် ဝသောနွားခုနစ်ကောင်အား မည်သို့ပြုသနည်း။

ပိန်သောနွားခုနစ်ကောင်တို့သည် ဝသောနွားခုနစ်ကောင်ကို စားပါသည်။

Genesis 41:7

ဖါရောမင်း၏ ဒုတိယအိပ်မက်တွင် အလုံးသေးသောစပါးနှံခုနစ်နှံသည် အလုံးကြီးသော စပါးနှံခုနစ်နှံကိုမည်သို့ပြုသနည်း။

အလုံးသေးသော စပါးနှံခုနစ်နှံသည် အလုံးကြီးသောစပါးနှံခုနစ်နှံကို စားပါသည်။

ဗေဒင်နှင့်ပညာရှင်များသည် ဖါရောမင်း၏ အိပ်မက်ကိုမည်ကဲ့သို့ အနက်ဖေါ်ပြကြသနည်း။

ဗေဒင်နှင့်ပညာရှင်များသည် ဖါရောမင်း၏ အိပ်မက်ကိုအနက်မဖေါ်ပြနိုင်ကြပါ။

Genesis 41:12

ဖလားတော်ဝန်သည် ယောသပ်အကြောင်းကို ဖါရောမင်းအား မည်သို့ပြောသနည်း။

ဖလားတော်ဝန်က သူတို့သည် ထောင်ထဲမှာရှိစဥ်အခါ သူ၏မိတ်ဆွေတို့ မြင်သောအိပ်မက်တို့၏အနက်ကို ဟေဗြဲလူငယ်က မှန်ကန်စွာ အနက်ဖေါ်ပြနိုင်ပါသည်ဟု ပြောပါသည်။

Genesis 41:14

ယောသပ်က မည်သူသည် ဖါရောမင်း၏အနက်ကိုဖေါ်ပြနိုင်သည်ဟု ပြောသနည်း။

ယောသပ်က ဘုရားသခင်သည် ဖါရောမင်းအိပ်မက်၏ အနက်ကို ဖေါ်ပြနိုင်ပါသည်ဟု ပြောပါသည်။

Genesis 41:25

ယောသပ်က ဘုရားသခင်သည် ဖါရောမင်းအားမည်သို့ ထုတ်ဖေါ်ပြသသည်ဟု ပြောသနည်း။

ယောသပ်က ဘုရားသခင် ပြုလုပ်မည့်အမှုကို ဖါရောမင်းအား ထုတ်ဖေါ်ပြသသည်ဟု ပြောပါသည်။

အိပ်မက်တွင် ကောင်းသောနွားခုနစ်ကောင်နှင့်ကောင်းသောစပါးနှံခုနစ်နှံတို့သည် မည်သည့်အရာကိုကိုယ်စားပြုသနည်း။

အိပ်မက်တွင် ကောင်းသောနွားခုနစ်ကောင်နှင့်ကောင်းသောစပါးနှံခုနစ်နှံတို့သည် အစာရေစာပေါများကြွယ်ဝသော ခုနစ်နှစ်ကို ကိုယ်စားပြုကြပါသည်။

Genesis 41:27

အိပ်မက်တွင် ပိန်သော နွားခုနစ်ကောင်နှင့် ပိန်သောစပါးနှံ့ခုနစ်နှံတို့သည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။

အိပ်မက်တွင် ပိန်သော နွားခုနစ်ကောင်နှင့် ပိန်သောစပါးနှံခုနစ်နှံတို့သည် အစာရေစာ ရှားပါးသောခုနစ်နှစ်ကိုကိုယ်စားပြုကြပါသည်။

Genesis 41:30

ယောသပ်၏ အဆိုအရ၊ အိပ်မက်နှစ်ခုကိုဖါရောမင်းအား အဘယ်ကြောင့်ပေးသနည်း။

အိပ်မက်နှစ်ခုကို ဖါရောမင်းအားပေးရခြင်းအကြောင်းမှာ ဘုရားသခင်သည် ထိုအမှုအရာကို ခိုင်မြဲစေလျက်၊ အမြန်ဆုံးစီရင်မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

Genesis 41:33

ယောသပ်သည် ဖါရောမင်းအား အစာရေစာပေါများကြွယ်ဝသော ခုနစ်နှစ်တွင် အဲဂုတ္တုတပြည်လုံး၌ ကောက်ပဲသီးနှံ၏ မည်မျှကို ကောက်ယူထားရန် အကြံပြုသနည်း။

ယောသပ်သည် ဖါရောမင်းအား လူတယောက်ကိုရွေးချယ်၍ အစာရေစာ ပေါများကြွယ်ဝသော ခုနစ်နှစ်တွင် ကောက်ပဲသီးနှံ၏ ငါးဖို့တဖို့ကို ကောက်ယူထားရန်အကြံပြုပါသည်။

Genesis 41:37

ဖါရောမင်းက မည်သည့်အရာသည် ယောသပ်၌ ရှိသည်ဟုပြောသနည်း။

ဖါရောမင်းက ဘုရားသခင်၏ ဝိညာဥ်တော်သည် ယောသပ်၌ ရှိသည်ဟု ပြောပါသည်။

Genesis 41:39

ဖါရောမင်းသည် ယောသပ်အား မည်သည့်အခွင့်အာဏာကို ပေးအပ်သနည်း။

ဖါရောမင်းသည် ယောသပ်အား သူ၏အိမ်တော်နှင့်တကွ အဲဂုတ္တုတပြည်လုံးကို အုပ်ချုပ်ရသော အခွင့်အာဏာနှင့် ဖါရောမင်း၏ ဒုတိယလူဖြစ်သောအဆင့်ကို ပေးအပ်ပါသည်။

Genesis 41:48

အစာရေစာပေါများကြွယ်ဝသော ခုနစ်နှစ်တွင် ယောသပ်သည် စပါးမည်မျှသိမ်းဆည်းနိုင်သနည်း။

ယောသပ်သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ မရေတွက်နိုင်သော စပါးတို့ကို သိမ်းဆည်းနိုင်ပါသည်။

Genesis 41:50

အစာရေစာ ခေါင်းပါးသော နှစ်မရောက်မှီ၊ ယောသပ်၏ သားနှစ်ယောက်အမည်မှာ အဘယ်နည်း။

ယောသပ် သားနှစ်ယောက်၏ အမည်များမှာ မနာရှေနှင့် ဧဖရိမ်တို့ ဖြစ်ကြပါသည်။

Genesis 41:53

အစာရေစာ ခေါင်းပါးသော ခုနစ်နှစ်သည် မည်မျှကျယ်ပြန့် သနည်း။

အစာရေစာ ခေါင်းပါးသော ခုနစ်နှစ်သည် အဲဂုတ္တုတပြည်လုံးတိုင်အောင် ကျယ်ပြန့်ပါသည်။

Genesis 41:55

အစာအတွက် အဲဂုတ္တုပြည်သားတို့သည် ဖါရောမင်းထံကြွေးကြော်ကြသောအခါ ယောသပ်သည် မည်သို့ပြုသနည်း။

ယောသပ်သည် စပါးကျီအားလုံးကို ဖွင့်၍ အဲဂုတ္တုအမျိုးသားတို့အား ရောင်းချပေးပါသည်။

မည်သူတို့သည် ယောသပ်ထံမှ စပါးဝယ်ယူရန် အဲဂုတ္တုပြည်သို့လာကြသနည်း။

တပြည်လုံးရှိ ပြည်သားအပေါင်းတို့သည် ယောသပ်ထံမှစပါးဝယ်ယူရန် အဲဂုတ္တုပြည်သို့ လာကြပါသည်။