Genesis 40

Genesis 40:1

အဲဂုတ္တုဘုရင်သည် ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို အဘယ်ကြောင့် ထောင်ထဲသို့ပို့သနည်း။

သူတို့ကို ထောင်ထဲသို့ ပို့ရခြင်းအကြောင်းမှာ သူတို့သည်ဘုရင်ကို ပြစ်မှားကြသောကြောင့်ဖြစ်ပါသည်။

Genesis 40:4

ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် တညတည်း၌ မည်သို့ဖြစ်သနည်း။

ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် တညဥ့်ခြင်းတွင် တယောက်တနည်းစီ အိပ်မက်မြင်မက် ကြသည်။

Genesis 40:6

ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည် နောက်နေ့မနက်၌ အဘယ်ကြောင့်ဝမ်းနည်းကြသနည်း။

သူတို့ ဝမ်းနည်းရခြင်းအကြောင်းမှာ သူတို့၏အိပ်မက်တို့ကိုမည်သူမျှ အနက်မဖေါ်ပြနိုင်သောကြောင့်ဖြစ်ပါသည်။

အိပ်မက်၏ အနက်ကို မည်သူဖေါ်ပြနိုင်သည်ဟု ယောသပ်ကပြောသနည်း။

ယောသပ်က ဘုရားသခင်သည် အိပ်မက်တို့၏အနက်ကိုဖေါ်ပြနိုင်သည်ဟုပြောပါသည်။

Genesis 40:12

ဖလားတော်ဝန်၏အိပ်မက်ကို ယောသပ်က မည်သို့အနက်ဖေါ်ပြသနည်း။

ယောသပ်သည် သုံးရက်အတွင်း၌ ဖါရောမင်းသည် သင့်အားပေးသော ဖလားတော်ဝန်အရာကို ပြန်ပေးလိမ့်မည်ဟု အနက်ဖော်ပြသည်။

Genesis 40:14

ဖလားတော်ဝန် အိပ်မက်၏ အနက်ကို ဖေါ်ပြပြီးနောက် ယောသပ်က မည်သည့်တောင်းဆိုမှုကို ပြုသနည်း။

ယောသပ်ကဖလားတော်ဝန်အား သူ့ကိုသတိရလျက်ထောင်ထဲမှ ထုတ်ဆောင်ပေးဖို့ ဖါရောမင်းထံ ဖေါ်ပြပေးရန်တောင်းဆိုပါသည်။

Genesis 40:18

စားတော်ဝန်၏ အိပ်မက်ကို ယောသပ်က မည်သို့အနက်ဖေါ်ပြသနည်း။

ယောသပ်က သုံးရက်အတွင်း၌ ဖါရောမင်းသည် စားတော်ဝန်အား သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားလိမ့်မည် ဟုဟု အနက်ဖော်ပြသည်။

Genesis 40:20

သုံးရက်လွန်ပြီးနောက် မည်သည့် ဖြစ်ရပ်ကိုပြုလုပ်သနည်း။

သုံးရက်လွန်ပြီးနောက် ဖါရောဘုရင်၏ မွေးနေ့ကို ပြုလုပ်ပါသည်။

ထိုနေ့တွင် ဖါရောဘုရင်သည် ဖလားတော်ဝန်နှင့်စားတော်ဝန်တို့အား မည်သို့ပြုသနည်း။

ထိုနေ့တွင်ယောသပ် အနက်ဖေါ်ပြသည့်အတိုင်း ဖါရောဘုရင်သည် ဖလားတော်ဝန်ကို အလုပ်ပြန်လည်ပေးအပ်လျက်၊ စားတော်ဝန်ကို ချိတ်ဆွဲ အသေသတ်ပါသည်။

ယောသပ်၏ တောင်းဆိုမှုကို ဖလားတော်ဝန်သည် သတိရပါသလား။

ဖလားတော်ဝန်သည် ယောသပ်၏ တောင်းဆိုမှုကို သတိမရဘဲ မေ့နေပါသည်။