Genesis 39

Genesis 39:1

ယောသပ်ကို မည်သူဝယ်ယူသနည်း။

အဲဂုတ္တုပြည်တွင် ယောသပ်ကို ဖါရောဘုရင်၏အရာရှိဖြစ်သော ပေါတိဖါက ဝယ်ယူခဲ့ပါသည်။

Genesis 39:3

အဲဂုတ္တုပြည်၌ ယောသပ်သည် အဘယ်ကြောင့် ကြီးပွားသနည်း။

ယောသပ်ကြီးပွားရခြင်းမှာ ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့်ဖြစ်ပါသည်။

Genesis 39:5

ပေါတိဖါသည် မည်သည့်အရာကို ယောသပ်အား အုပ်စိုးစေသနည်း။

ပေါတိဖါသည် မိမိ၌ရှိသောအရာအားလုံးကို ယောသပ်၏ အုပ်စိုးခြင်းလက်အောက်၌ ထားရှိပါသည်။

Genesis 39:7

ပေါတိဖါမိန်းမက ယောသပ်အား မည်သို့ပြုရန်ပြောသနည်း။

ပေါတိဖါမိန်းမသည် ယောသပ်အား သူမနှင့်အတူအိပ်ရန်ပြောပါသည်။

ပေါတိဖါမိန်းမ၏ တောင်းဆိုမှုကို ယောသပ်က မည်သို့တုံ့ပြန်သနည်း။

ယောသပ်သည် ဤအမှုသည်ကြီးသောအပြစ်ဖြစ်၍ ဘုရားသခင်ကို မည်ကဲ့သို့ ပြစ်မှားနိုင်မည်နည်းဟု ပြောဆိုလျက်၊ သူမ၏တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါသည်။

Genesis 39:10

ပေါတိဖါ မိန်းမသည် ယောသပ်၏ အင်္ကျီကို ဆွဲသောအခါ ယောသပ်သည် မည်သို့ပြုသနည်း။

ယောသပ်သည် သူ၏အင်္ကျီကို သူမ၏ လက်၌ ထားခဲ့ပြီးအပြင်သို့ ထွက်ပြေးပါသည်။

Genesis 39:13

ပေါတိဖါမိန်းမသည် ယောသပ်ကိုမည်သို့စွပ်စွဲသနည်း။

ပေါတိဖါမိန်းမသည် အလိုမတူဘဲ ယောသပ်က သူမ နှင့်အတူ အိပ်ရန်ကြိုးစားသည်ဟု စွပ်စွဲခဲ့ပါသည်။

Genesis 39:19

ပေါတိဖါသည် ယောသပ်အားစွပ်စွဲသည်ကိုကြားသော အခါ သူသည် မည်သို့ပြုသနည်း။

ပေါတိဖါသည် အလွန်စိတ်ဆိုး၍ ယောသပ်အား ထောင်ထဲ၌ ထည့်ထားပါသည်။

Genesis 39:21

ထိုအချိန်၌ ထာဝရဘုရားသည် ယောသပ်အား မည်သို့ဖေါ်ပြသနည်း။

ထာဝရဘုရားသည် သူ၏ ကတိတော် တည်မြဲခြင်းကို ပြသခဲ့သည်။

ထောင်မှူးက ယောသပ်၏ အုပ်စိုးမှုအောက်တွင် မည်သူတို့ကို ထားရှိသနည်း။

ထောင်မှူးသည် ယောသပ်၏ အုပ်စိုးမှုအောက်တွင်ထောင်သားတို့ကို ထားရှိပါသည်။

ယောသပ်ပြုသမျှအရာတိုင်း၏ ရလာဒ်မှာ မည်သို့နည်း။ အဘယ်ကြောင့်နည်း။

ယောသပ်ပြုသမျှအရာတိုင်း၏ ရလာဒ်မှာအောင်မြင်မှု ရရှိပါသည်။ အကြောင်းမှာ ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိသောကြောင့် ဖြစ်ပါသည်။