Genesis 38

Genesis 38:1

ယုဒသည် မည်သူထံမှ မိန်းမကိုယူသနည်း။

ယုဒသည် ခါနာန်အမျိုးသားထံမှ မိန်းမကို ယူပါသည်။

Genesis 38:6

ယုဒ၏ သားဦးဖြစ်သော ဧရကို ထာရဘုရားက အဘယ် ကြောင့် မည်သို့ပြုသနည်း။

ဧရသည် ဆိုးသွမ်းသောကြောင့် ထာဝရဘုရားက သူ့ကိုသေစေပါသည်။

Genesis 38:8

ယုဒ၏ ဒုတိယသားသြနန်သည် အစ်ကိုဧရ၏ မိန်းမနှင့်ဧရအတွက်ကလေးရရှိရန် မဖြည့်ဆည်းလိုသော ကြောင့် မည်ကဲ့သို့ပြုသနည်း။

သြနန်သည် သူ့အစ်ကို မိန်းမထံဝင်သောအခါ၊ သူ၏သုတ်ရည်ကို အပြင်သို့ ထုတ်ပစ်လိုက်ပါသည်။

ဘုရားရှင်က ယုဒ၏ဒုတိယသားသြနန်ကို မည်သို့ပြုသနည်း။

ထာဝရဘုရားက သြနန်သည် မကောင်းမှုကိုပြုလုပ်သော ကြောင့် သူ့ကို ကွပ်မျက်တော်မူသည်။

Genesis 38:11

ယုဒသည် တာမာအား မည်သည့်ကတိကိုပြုသနည်း။

ယုဒသည် တတိယသားရှေလ အရွယ်ရောက်လာသောအခါ တာမာ၏ယောကျ်ားအဖြစ် ပေးစားမည်ဟုကတိပြုပါသည်။

Genesis 38:12

အချိန်ကြာမြင့်ပြီးနောက်၊ ယုဒသည် အဘယ်ကြောင့်နှစ်သိမ့်မှုကိုလိုအပ်သနည်း။

ယုဒသည် နှစ်သိမ့်မှုကို လိုအပ်ခြင်းမှာ သူ၏မိန်းမသေဆုံးသောကြောင့်ဖြစ်ပါသည်။

တာမာက ယုဒသည် တိမနတ်မြို့သို့ သွားသည်ကိုကြားသောအခါ မည်သို့ပြုသနည်း။

တာမာသည် မုဆိုးမအဝတ်ကို ချွတ်၍ မျက်နှာကိုမျက်နှာဖုံးဖြင့် အုတ်လျက် ကိုယ်ကိုလည်းခြုံပြီးလျှင်၊ တိမနတ်မြို့သို့ သွားသောလမ်းမှာ ထိုင်နေပါသည်။

တာမာသည် အဘယ်ကြောင့် ထိုသို့ပြုသနည်း။

တာမာသည် ယုဒ၏တတိယသား ရှေလသည်အရွယ်ရောက်ပြီဖြစ်သော်လည်း သူမနှင့်မပေးစားသောကြောင့်ဖြစ်ပါသည်။

Genesis 38:17

ယုဒသည် သူမအား ပေးချေရန်အတွက်ကတိကဝတ်အဖြစ် မည်သည့်အရာကို ပေးသနည်း။

တာမာသည် ယုဒထံမှ ငွေပေးရန်အတွက် ကတိကဝတ်အဖြစ် သူ၏တံဆိပ်၊ စလွယ်နှင့် တောင်ဝှေးတို့ကိုရယူပါသည်။

Genesis 38:21

ယုဒသည် ပြည့်တန်ဆာ အခကြေးအတွက် ကတိကဝတ်အဖြစ်ပေးထားသော သူ၏ပစ္စည်းများကို ဆိတ်ငယ်နှင့်ပြန်ရွေးဖို့ကြိုးစားသောအခါ၊ သူသည်မည်သို့သိရသနည်း။

ယုဒသိရသည်မှာ ထိုအရပ်၌ ပြည့်တန်ဆာ မရှိခြင်းဖြစ်ပါသည်။

Genesis 38:24

တာမာ၌ကိုယ်ဝန်ရှိသည် ကိုသိရသောအခါ ယုဒသည်မည်သို့ပြုလိုသနည်း။

တာမာသည် ပြည့်တန်ဆာအဖြစ် ကိုယ်ဝန်ရရှိသောကြောင့် ယုဒသည် တာမာကို မီးရှို့သတ်ရန် အလိုရှိပါသည်။

တာမာကို ယုဒထံယူဆောင်လာသောအခါ တာမာကမည်သို့ပြုသနည်း။

တာမာက မိမိ၌ရရှိသော ကိုယ်ဝန်သည် တံဆိပ်၊ စလွယ်နှင့်တောင်ဝှေးတို့ကို ပိုင်ဆိုင်သူဖြစ်သည်ဟု ပြောပါသည်။

ယုဒသည် သူ၏တံဆိပ်၊ စလွယ်နှင့်တောင်ဝှေးတို့ကိုမြင်သောအခါ သူသည်မည်ကဲ့သို့ တုံ့ပြန်သနည်း။

ယုဒသည် တာမာအား သူ၏သား ရှေလနှင့်မပေးစားသောကြောင့် တာမာက သူ့ထက်ပို၍မှန်ကန်သည်ဟုပြောပါသည်။

Genesis 38:27

တာမာကလေးဘယ်နှစ်ယောက်ရှိသနည်း။

တာမာ၌ သားအမွှာနှစ်ယောက်ရှိပါသည်။

တာမာ၏ သားတယောက်သည် တာမာ၏ဝမ်းတွင်းမှလက်ကို ထုတ်လာသောအခါ ဝမ်းဆွဲဆရာမက မည်သို့ပြုသနည်း။

တာမာ၏ သားတယောက်သည် တာမာ၏ ဝမ်းတွင်းမှလက်ကိုထုတ်လာသောအခါ၊ ဝမ်းဆွဲဆရာမက သူ၏လက်ကိုနီသော ကြိုးဖြင့်ချည်လျက်၊ သူသည်အရင်မွေးလိမ့်မည်ဟုပြောပါသည်။

Genesis 38:29

တာမာမွေးဖွားသော ကလေးနှစ်ယောက်၏ အမည်များမှာ မည်သူတို့ဖြစ်သနည်း။

တာမာမွေးဖွားသော ကလေးနှစ်ယောက်၏ အမည်များမှာ ဖါရက် နှင့် ဇာရ တို့ဖြစ်ကြပါသည်။