Genesis 37

Genesis 37:1

ယာကုပ်သည် မည်သည့်အရပ်၌ အခြေချ နေထိုင်သနည်း။

ယာကုပ်သည် ခါနာန်ပြည်၌ အခြချနေထိုင်ပါသည်။

ယောသပ်သည် သူ၏ညီအစ်ကိုများနှင့်အတူ သိုးဆိတ်များကိုထိန်းစဥ် သူ၏အဘ ယာကုပ်ထံမည်သည့်အရာကိုယူဆောင်လာသနည်း။

ယောသပ်သည် သူ၏အဘယာကုပ်ထံသို့ ညီအစ်ကိုတို့၏မကောင်းသော သတင်းများကို ယူဆောင်လာပါသည်။

Genesis 37:3

ဣသရေလသည် အခြားသောသားများထက် ယောသပ်ကိုပိုချစ်ကြောင်း မည်သို့ပြသသနည်း။

ဣသရေလသည် ယောသပ်အား ထူးခြားသောအရောင်အဆင်းရှိသည့်အင်္ကျီကိုချုပ်ပေးသည်။

ယောသပ်၏ ညီအစ်ကိုများက ယောသပ်အကြောင်းမည်သို့စဥ်းစားမိကြသနည်း။

ယောသပ်၏ ညီအစ်ကိုများက သူ့အားမုန်းတီး၍ ဖော်ရွေသောစကားကို မပြောဘဲနေကြသည်။

Genesis 37:7

ယောသပ်၏ ပထမအိပ်မက်၌ မည်သို့မြင်သနည်း။

ယောသပ်၏ ကောက်လှိုင်းသည် ထ၍မတ်တပ်နေသဖြင့် အစ်ကိုတို့၏ကောက်လှိုင်းတို့သည် သူ၏ကောက် လှိုင်းကို ရှိခိုးသည်ကို အိပ်မက်တွင် မြင်ပါသည်။

ယောသပ်၏ ပထမအိပ်မက်ကို ပြောပြီးနောက်၊ အစ်ကိုတို့သည် ယောသပ်အား မည်သို့ စဥ်းစားမိကြသနည်း။

ယောသပ်၏ အစ်ကိုတို့သည် သာ၍မုန်းတီးကြပါသည်။

Genesis 37:9

ယောသပ်၏ ဒုတိယအိပ်မက်က မည်သို့နည်း။

ယောသပ်မြင်သောအိပ်မက်၌ နေ၊ လနှင့်တကွ၊ ကြယ်တဆယ့်တလုံးတို့သည် သူ့အား ရှိခိုးကြသည်ကို မြင်ပါသည်။

ယောသပ်၏ ဒုတိယအိပ်မက်တွင် နေ၊ လနှင့်တကွ၊ကြယ်ဆယ်တလုံးတို့သည် မည်သည့်အရာကို ကိုယ်စားပြုကြသနည်း။

နေ၊လနှင့်တကွ၊ ကြယ်တို့သည် သူ၏ အဖ၊ အမိနှင့် အစ်ကိုတို့ကို ကိုယ်စားပြုကြပါသည်။

Genesis 37:12

ယာကုပ်သည် ယောသပ်ကို ဟေဗြုန်ချိုင့်မှစေလွှတ်၍ မည်သို့ ပြုလုပ်ခိုင်းသနည်း။

ယာကုပ်သည် ယောသပ်ကို ဟေဗြုန်ချိုင့်မှစေလွှတ်၍ အစ်ကိုတို့သည် ကောင်းမွန်စွာရှိ မရှိကြည့်ရှုပြီး ယာကုပ်အားပြန်လည် သတင်းကြားပြောရန်စေခိုင်းသည်။

Genesis 37:18

ယောသပ် လာသည်ကိုမြင်သောအခါ၊ သူ၏အစ်ကိုတို့ကမည်သို့ပြုရန် ကြံစည်ကြသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်အားသတ်၍ တွင်းတခုထဲသို့ပ စ်ချရန် ကြံစည်ကြပါသည်။

Genesis 37:21

ရုဗင်သည်သူအစ်တို့အား မည်သို့ပြုလုပ်ရန် အကြံပြုသနည်း။ အဘယ်ကြောင့်နည်း။

ရုဗင်သည် အစ်ကိုတို့အား ယောသပ်ကိုတွင်းထဲသို့ပစ်ချရန် အကြံပြုပါသည်။ အကြောင်းမှာ သူသည်နောက်မှယောသပ်ကို ကယ်တင်ရန်ဖြစ်ပါသည်။

Genesis 37:27

ယောသပ်အစ်ကိုတို့သည် ယောသပ်ကို မည်သူ့ထံသို့မည်မျှနှင့်ရောင်းချသနည်း။

ယောသပ်အစ်ကိုတို့သည် ယောသပ်ကို ဣရှမေလအမျိုးသား ကုန်သည်များထံသို့ ငွေအဘိုးနှစ်ဆယ်နှင့်ရောင်းချခဲ့ကြသည်။

ယောသပ်ကို မည်သည့်အရပ်သို့ ခေါ်ဆောင်သွားသနည်း။

ယောသပ်ကို အဲဂုတ္တုပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။

Genesis 37:31

ယောသပ်အစ်ကိုတို့သည် ယောသပ်သေသည်ဟု မည်ကဲ့သို့ ပြုလုပ်ဖေါ်ပြကြသနည်း။

ယောသပ်အစ်ကိုတို့သည် ဆိတ်ကိုသတ်၍ ယောသပ်အ င်္ကျီကိုဆိတ်သွေးထဲ၌ နှစ်ပြီးနောက်၊ ထိုအင်္ကျီကို ယာကုပ်ထံသို့ ယူလာကြပါသည်။

Genesis 37:34

ယာကုပ်သည် ယောသပ်သေဆုံးသည်ဟု ကောက်ချက်ချပြီးနောက်၊ သူသည်မည်သို့ပြုသနည်း။

ယာကုပ်သည် အဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြ်င့ အင်တန်ကာလ ပတ်လုံး သားကြောင့် စိတ်မသာ ဝမ်းနည်းပူဆွေးနေပါသည်။

အဲဂုတ္တုပြည်၌ ယောသပ်အား မည်သူ့ထံ ရောင်းသနည်း။

အဲဂုတ္တုပြည်၌ ယောသပ်အား ဖါရောဘုရင်၏ အရာရှိဖြစ်သူ ပေါတိဖါထံ ရောင်းကြပါသည်။