Genesis 36

Genesis 36:1

ဧသောအမျိုးအနွယ်၏ အခြားအမည်မှာ အဘယ်နည်း။

ဧသောအမျိုးအနွယ်၏ အခြားအမည်မှာ ဧဒုံဖြစ်ပါသည်။

ဧသောမယားသည် မည်သည့်အရပ်မှ ဖြစ်သနည်း။

ဧသောမယားသည် ခါနာန်အရပ်မှဖြစ်ပါသည်။

Genesis 36:6

ဧသောသည် သူ၏ ညီယာကုပ်နှင့်ဝေးရာသို့ အဘယ် ကြောင့် ပြောင်းသနည်း။

ဧသောသည် သူ၏ညီယာကုပ်နှင့်ဝေးရာသို့ပြောင်းရခြင်းအကြောင်းမှာ သူတို့နှစ်ဦး၏ပိုင်ဆိုင်မှုသည် များပြားသောကြောင့် တနေရာတည်းတွင် အတူနေရန် နေရာမဆန့်ခြင်းကြောင့်ဖြစ်ပါသည်။

မည်သည့်နေရာ၌ ဧသောအခြေချ နေထိုင်သနည်း။

ဧသောသည် စိရတောင်ပေါ်မှာ အခြေချနေထိုင်ပါသည်။

Genesis 36:9

ဧသော၏သားဦး ဧလိဖတ်၏ မယားငယ်တိမနမှ မွေးဖွားသောသား၏အမည်မှာ အဘယ်နည်း။

တိမနမှ မွေးဖွားသော သား၏အမည်မှာ အာမလက်ဖြစ်ပါသည်။

Genesis 36:20

ဧဒုံတွင်နေထိုင်ကြသူများ၏ အဖမှာမည်သူနည်း။

ဧဒုံတွင်နေထိုင်ကြသူများ၏ အဖမှာ ဟောရိအမျိုး၊ စိရဖြစ်ပါသည်။

Genesis 36:31

ဣသရေလမင်းမရှိမှီ၊ ဧဒုံမြို့သားတို့၌ မည်သို့ရှိသနည်း။

ဣသရေလအမျိုး၌ အစိုးရသောမင်းမရှိမှီ၊ ဧဒုံမြို့သားတို့၌ မင်းများရှိပါသည်။

Genesis 36:40

ဧဒုံအမျိုးသား၏အဖမှာ မည်သူနည်း။

ဧဒုံအမျိုးသားတို့၏အဖမှာ ဧသောဖြစ်ပါသည်။