Genesis 35

Genesis 35:1

ဘုရားသခင်သည် ယာကုပ်အားမည်သည့်အရပ်သို့ သွားပြီး၊ မည်သို့လုပ်ရန်ပြောသနည်း။

ဘုရားသခင်သည် ယာကုပ်အား ဗေသလအရပ်သို့သွားပြီး၊ ယဇ်ပလ္လင်ကို တည်ဆောက်ရန်ပြောခဲ့သည်။

ထို့နောက် ယာကုပ်က သူ၏အိမ်သားများအား မည်သို့ပြုရန်ပြောသနည်း။

ယာကုပ်သည် သူတို့အား အခြားသောဘုရားများကိုပစ်ပယ်၍ အဝတ်ကိုလဲလျက် သန့်ရှင်းစွာ ရှိကြရန်ပြောပါသည်။

Genesis 35:4

သူတို့သည် ခရီးသွားကြသောအခါ ယာကုပ်နှင့်သူ၏အိမ်သားများ အိမ်နီးဝန်းကျင်ရှိမြို့သားတို့သည်အဘယ်ကြောင့် သူတို့နောက်သို့ မလိုက်ကြသနည်း။

သူတို့ဝန်းကျင်ရှိမြို့သားတို့သည် သူတို့နောက်သို့မလိုက်ကြခြင်းမှာ ထိုမြို့သားတို့သည် ဘုရားသခင်အားကြောက်ရွံ့ကြသောကြောင့်ဖြစ်ပါသည်။

Genesis 35:6

သူတို့ရောက်သည့်အရပ်ကို ယာကုပ်က အဘယ်ကြောင့် ဗေသလဟုခေါ်တွင်ရသနည်း။

ယာကုပ်က ဗေသလအရပ်ဟု ခေါ်တွင်ရခြင်း အကြောင်းမှာ သူသည် ဧသောထံမှ ထွက်ပြေးသောအခါ ဘုရားသခင်သည် ယာကုပ်ထံသို့ ကိုယ်တော်ထင်ရှားရာအရပ်ဖြစ်ပါသည်။

Genesis 35:9

ဘုရားသခင်သည် ယာကုပ်အား မည်သည့်အမည်သစ်ကိုပေးသနည်း။

ဘုရားသခင်သည် ယာကုပ်အား ဣသရေလ ဟူသောအမည်သစ်ကိုပေးခဲ့သည်။

Genesis 35:11

ဘုရားသခင်သည် ယာကုပ်အား မည်သည့်ကတိတော်ကိုထပ်မံအတည်ပြုသနည်း။

ဘုရားသခင်သည် ယာကုပ်အား ထပ်မံအတည်ပြုသောကတိတော်မှာ တိုင်းနိုင်ငံများနှင့်အတူ ရှင်ဘုရင်တို့သည်သင်၏အမျိုးအနွယ်ဖြစ်သည်သာမက၊ အာဗြဟံနှင့် ဣဇာက်တို့အား ပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်တို့အား ပေးမည်ဟု အတည်ပြုပြောဆိုခဲ့သည်။

Genesis 35:16

ရာခေလသည် ဗင်္ယာမိန်ကို မွေးဖွါးစဥ် မည်သို့ဖြစ်သနည်း။

ရာခေလသည် ဗင်္ယာမိန်ကို မွေးဖွါးစဥ် သေဆုံးပါသည်။

Genesis 35:21

ရုဗင် မည်သို့ပြုခဲ့သည် ဆိုသောအကြောင်းကို ဣသရေလကြားသနည်း။

ဣသရေလက ရုဗင်သည် သူ၏မယားငယ်၊ ဗိလဟာနှင့်အိပ်သည်ကို ကြားလေသည်။

ယာကုပ်၌ သားဘယ်နှစ်ယောက် ရှိသနည်း။

ယာကုပ်၌ သားတဆယ့်နှစ်ယောက် ရှိပါသည်။

Genesis 35:23

ယာကုပ်၏ မည်သည့်သားတို့သည် ရာခေလမှမွေးဖွားသနည်း။

ယောသပ်နှင့် ဗင်္ယာမိန်တို့သည် ရာခေလမှ မွေးဖွားသောသားများဖြစ်ပါသည်။

Genesis 35:28

ဣဇာက်သည် အသက်မည်မျှ ရှင်သနည်း။

ဣဇာက်သည် အသက်တရာရှစ်ဆယ် ရှင်ပါသည်။

ဣဇာက်ကို မည်သူသင်္ဂြိုလ်သနည်း။

ဣဇာက်ကို ဧသောနှင့်ယာကုပ်တို့က သင်္ဂြိုလ်ကြသည်။