Genesis 34

Genesis 34:1

ဟာမော်မင်း၏သား ရှေခင်သည် လေအာ၏သမီး ဒိနကိုမြင်သောအခါ မည်သို့ပြုသနည်း။

ရှေခင်သည် ဒိနကိုလုယူ၍ အိပ်ဘော်ပြုလျက် သူ့အသရေကို ရှုတ်ချလေသည်။

Genesis 34:4

ဒိန အကြောင်းကိုကြားသောအခါ ရှေးဦးစွာ ယာကုပ်သည် မည်သို့ပြုသနည်း။

ယာကုပ်သည် သူ၏သားများတောထဲမှ ပြန်လာသည့်တိုင်ငြိမ်သက်စွာ နေပါသည်။

Genesis 34:6

ရှေခင် ပြုသောအမှုကို ယာကုပ်၏သားများကြားသောအခါ သူတို့သည် မည်သို့တုံ့ပြန်သနည်း။

ယာကုပ်၏ သားများသည် အလွန်စိတ်ဆိုးကြပါသည်။

Genesis 34:8

ရှေခင်၏ အဘဟာမော်မင်းက ယာကုပ်ကို မည်သို့ပြုရန်အလိုရှိသနည်း။

ဟာမော်မင်းက ယာကုပ်သည် ဒိနအားရှေခင်နှင့်ပေးစား၍ ယာကုပ်၏ မိသားစုသည် သူ၏မိသားစုနှင့်အတူ သွေးသားတော်စပ်ခွင့်ပြုရန် အလိုရှိပါသည်။

Genesis 34:11

ရှေခင်သည်ဒိနအား သူ၏မိန်းမဖြစ်ခဲ့လျှင် သူသည်မည်သို့ပြုလုပ်ပေးလိုသည်ဟု ပြောသနည်း။

ရှေခင်သည် သတို့သမီးအတွက် များစွာသောအဖိုးအခအဖြစ် ယာကုပ်တောင်းသလောက်ပေးပါမည်ဟု ပြောပါသည်။

ရှေခင်ကို ယာကုပ်၏သားတို့က မည်သည့်နည်းဖြင့်အဖြေပေးသနည်း။ အဘယ်ကြောင့်နည်း။

ယာကုပ်၏သားတို့က ရှေခင်အား လှည့်စား၍ဖြေပါသည်။ အကြောင်းမှာ ရှေခင်သည် ဒိနအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သောကြောင့်ဖြစ်ပါသည်။

Genesis 34:14

ယာကုပ်၏သားတို့သည် ဟာမော်မင်း၏မိသားစုနှင့်သွေးသားတော်စပ်ရန် သဘောမတူမှီ၊ သူတို့သည် ဟာမော်မင်းအား မည်သို့ တောင်းဆိုသနည်း။

ယာကုပ်၏သားတို့သည် ဟာမော်မင်း၏ မိသားစုထဲ၌ရှိသော ယောကျ်ားအားလုံးအား အရေဖျားလှီးခြင်းကို လုပ်ခိုင်းပါသည်။

Genesis 34:22

ဟာမော်မင်းနှင့်ရှေခင်တို့သည် မြို့သားများနှင့်စကားပြောကြသောအခါ၊ သူတို့သည် ယာကုပ်၏မိသားစုနှင့်သွေးသားတော်စပ်ခဲ့လျှင် မည်သို့ဖြစ်မည်ဟုပြောကြသနည်း။

သူတို့သည် ယာကုပ်၏ မိသားစုနှင့် သွေးသားတော်စပ်ခဲ့လျှင် ယာကုပ်၏ ခြံမွေးတိရစ္ဆာန်များ၊ ပိုင်ဆိုင်မှုများနှင့် တိရစ္ဆာန်များကို သူတို့သည် ပိုင်ဆိုင်ကြရမည်ဖြစ်သည်ဟုပြောကြပါသည်။

Genesis 34:24

ဟာမော်မင်းနှင့် ရှေခင်တို့က အရေဖျားလှီးခြင်းကိုပြုရန်ပြောကြသောအခါ ဟာမော်မြို့သားတို့က မည်သို့တုံ့ပြန်ကြသနည်း။

ဟာမော်မြို့သားတို့သည် ဟာမော်နှင့်ရှေခင်တို့ ပြောစကားကိုနားထောင်ပြီး ယောင်္ကျား ရှိသမျှတို့သည်အရေဖျားလှီးခြင်းကို ပြုကြပါသည်။

ဟာမော်မိသားစုမှ ယောင်္ကျားများအရေဖျားလှီးခြင်းကိုပြုပြီး သုံးရက်မြောက်နေ့တွင် ရှိမောင်နှင့်လေဝိတို့သည်မည်သို့ပြုကြသနည်း။

ရှိမောင်နှင့်လေဝိတို့သည် ဟာမော်မြို့သား ယောင်္ကျားအားလုံးကို အသေသတ်ပါသည်။

Genesis 34:27

ထို့နောက် ယာကုပ်၏ သားအားလုံးသည် မည်သို့ပြုကြသနည်း။

ယာကုပ်၏ သားအားလုံးသည် မြို့ကိုတိုက်ခိုက်၍ ဥစ္စာရှိသမျှနှင့် သူတို့သားမယား လူငယ်အပေါင်းကိုလည်းသိမ်းယူသွားကြသည်။

Genesis 34:30

ရှိမောင်နှင့်လေဝိတို့ လုပ်ခဲ့သည့်အကြောင်းကို ယာကုပ်သည် မည်သို့တုံ့ပြန်သနည်း။

ယာကုပ်က ရှိမောင်နှင့်လေဝိတို့သည် ပြဿနာကိုယူဆောင်ခဲ့ခြင်းကြောင့် ဤပြည်သားအပေါင်းတို့သည်သူ၏မိသားစုကိုဖျက်ဆီးကြလိမ့်မည်ဟု တုံ့ပြန်ပါသည်။

ရှိမောင်နှင့်လေဝိတို့ကအဘယ်ကြောင့်လုပ်ရသည်ဟုပြောသနည်း။

ရှိမောင်နှင့်လေဝိတို့က သူတို့လုပ်ရခြင်းအကြောင်းမှာ ရှေခင်သည် သူတို့၏ နှမဒိနအားပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုကျင့်သည်ဟု ပြန်ဆိုခဲ့သည်။