Genesis 33

Genesis 33:1

ဧသောချီလာသည်ကို မြင်လျှင် ယာကုပ်ကသူ၏မိန်းမများကို သူ့နောက်၌ မည်သို့ အကွက်ချထားသနည်း။

ယာကုပ်က ဦးစွာအစေခံများ၊ ထို့နောက်လေအာ၊ ထို့နောက်ရာခေလတို့ကို အကွက်ချထားပေးပါသည်။

သူ၏အစ်ကို အနီးသို့ရောက်လျှင် ယာကုပ်သည် မည်သို့ပြုသနည်း။

သူ၏ အစ်ကိုအနီးသို့ရောက်လျှင် ယာကုပ်သည် မြေပေါ်မှာ ခုနစ်ကြိမ်တိုင်ဦးညွှတ်ပါသည်။

Genesis 33:4

ဧသောသည် သူ၏ ညီအနီးသို့ရောက်သောအခါ မည်သို့ပြုသနည်း။

ဧသောသည် သူ၏ ညီယာကုပ်ထံပြေး၍ ပွေ့ဖက်လျက် လည်ချင်းရှက်ပြီး နမ်းရှုတ်ပါသည်။

Genesis 33:9

ဧသောကို ပေးသော လက်ဆောင်များအတွက် ယာကုပ်အား မည်သို့ပြုရန် ပြောသနည်းး။

ဧသောက မိမိ၌လုံလောက်စွာရှိသောကြောင့် ယာကုပ်အား သင့်ဥစ္စာတို့ကို သင်ကိုယ်တိုင် သိမ်းယူထားပါဟုပြောပါသည်။

မည်သည့်အကြောင်းနှစ်ရပ်ကြောင့် ယာကုပ်ပေးသောလက်ဆောင်များကို ဧသောလက်ခံသနည်း။

ယာကုပ်က ဘုရားသခင်သည် သူ့အားကျေးဇူးများစွာပြုသောကြောင့်လည်းကောင်း၊ သူ၌လုံလောက်စွာရှိသောကြောင့်လည်းကောင်း ထိုနှစ်ရပ်ကြောင့် ယာကုပ်ပေးသောလက်ဆောင်များကို ဧသော လက်ခံခဲ့သည်။

Genesis 33:12

ဧသောသည် ရှေ့မှသွားနှင့်၍ သူသည် ဖြေးဖြေးချင်း ခရီးပြုလိုသည်ဟု အဘယ်ကြောင့် ယာကုပ်က ပြောသနည်း။

ဧသောသည်ရှေ့မှသွားနှင့်၍ သူသည်ဖြေးဖြေးချင်းခရီးပြုလိုသည်ဟု ယာကုပ်က ပြောရခြင်းအကြောင်းမှာ အကယ်၍ သူသည်အမြန်သွားလျှင် လူစုလူဝေးနှင့်တိရစ္ဆာန်အုပ်များ သေဆုံးလိမ့်မည်ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။

ယာကုပ်က သူ၏မိသားစုများနှင့် တိရစ္ဆာန်အုပ်များကို မည်သည့်အရပ်သို့ ခေါ်ဆောင်သွားမည်ဟုပြောသနည်း။

ယာကုပ်က သူ၏မိသားစုနှင့်တိရစ္ဆာန်အုပ်များကိုဧ သောနေရာစိရပြည်သို့ ခေါ်ဆောင်သွားမည်ဟု ပြောပါသည်။

Genesis 33:15

ယာကုပ်သည် မည်သည့်အရပ်သို့ ခရီးပြု၍ မိမိနေထိုင်ရန်နေအိမ်ကိုဆောက်သနည်း။

ယာကုပ်သည် သုကုတ်အရပ်သို့ ခရီးပြု၍ ထိုအရပ်၌မိမိနေထိုင်ရန် နေအိမ်ကို ဆောက်လုပ်ပါသည်။

Genesis 33:18

ယာကုပ်သည် မည်သည့်အရပ်သို့ ခရီးပြုပြီး မြေကွက်ကိုဝယ်သနည်း။

ယာကုပ်သည် ရှေခင်အရပ်သို့ ခရီးပြုပြီး ထိုအရပ်၌ မြေကွက်ကို ဝယ်ပါသည်။