Genesis 32

Genesis 32:3

ခါနာန်ပြည်သွားရာလမ်း၌ ယာကုပ်သည် မည်သူ့ထံသို့သတင်းပေးပို့သနည်း။

ခါနာန်ပြည်သွားရာလမ်း၌ ယာကုပ်သည် သူ၏အစ်ကို ဧသောထံသို့ သတင်းပေးပို့ပါသည်။

ယာကုပ်သည် မည်သည့်အတွက် ထိုသတင်းကိုပေးပို့သနည်း။

ယာကုပ်သည် ဧသော၏ စိတ်နှင့်ထိတွေ့စေရန်အတွက် ထိုသတင်းကိုပေးပို့ပါသည်။

Genesis 32:6

ဧသောသည် သူ၏လူလေးရာနှင့်အတူ လာသည်ကိုကြားသောအခါ ယာကုပ်က မည်သို့ပြုလုပ်သနည်း။

ယာကုပ်သည် ကြောက်သဖြင့်သူ၏ လူတို့ကို အုပ်စုနှစ်စုခွဲထားပြီး၊ ဧသောသည် အုပ်စုတစုကို တိုက်ခိုက်သော်အခြားတစုသည် လွတ်မြောက်မည်ဖြစ်ပါသည်။

Genesis 32:11

ယာကုပ်သည် ထာဝရဘုရားအား မည်သို့တောင်းလျှောက် သနည်း။

ယာကုပ်သည် ဧသော၏ လက်မှ ကယ်လွှတ်ရန်ထာဝရဘုရားအား တောင်းလျှောက်ပါသည်။

ယာကုပ်သည် ထာဝရဘုရားအား မည်သည့်ကတိတော်ကို အမှတ်ရစေသနည်း။

ထာဝရဘုရားသည် ယာကုပ်အား အမှန်ကျေးဇူးပြု၍၊ သူ၏အမျိုးအနွယ်ကို သမုဒ္ဒရာသဲလုံးကဲ့သို့ များပြားစေမည်ဟူသောကတိတော်ကို အမှတ်ရစေပါသည်။

Genesis 32:19

သူအစ်ကို ဧသောထံသို့ လက်ဆောင်များပေးပို့ခြင်းကြောင့် ယာကုပ်က မည်ကဲ့သို့ပြီးမြောက်စေမည်ဟု ထင်သနည်း။

ယာကုပ်ပေးပို့သော လက်ဆောင်များကြောင့် ဧသောသည် စိတ်ပြေပျောက်ပြီး၊ နောက်မှယာကုပ်သည် ဧသောကို တွေ့သောအခါ၊ သူ့ကိုလက်ခံလိမ့်မည်ဟု ထင်ပါသည်။

Genesis 32:22

ယာကုပ်သည် ထိုည၌ တစ်ယောက်တည်နေခြင်းကို မည်ကဲ့သို့ ကုန်လွန်စေသနည်း။

ယာကုပ်သည် သူ၏မိန်းမများ၊ အစေခံများနှင့်ကလေးတို့ကိုခေါ်၍ ယဗ္ဗုတ်ချောင်းတဖက်ကို ကူးလျက် ကုန်လွန်စေပါသည်။

Genesis 32:24

ထိုညမှ နောက်နေ့မနက်တိုင်အောင် ယာကုပ်သည်မည်သို့ပြုသနည်း။

ထိုညမှ နောက်နေ့မနက်တိုင်အောင် ယာကုပ်သည် လူတယောက်နှင့် လုံးထွေးနေပါသည်။

ထိုသူသည် ယာကုပ်အား မနိုင်မှန်းသိသောအခါ မည်သို့ပြုသနည်း။

ထိုသူသည် ယာကုပ်၏ ပေါင်ချန်ကို ထိုးသောကြောင့် ယာကုပ်၏ တင်ပါးစုံအဆစ်ပြုတ်ပါသည်။

ထိုသူကို သူ့ထံမှလွှတ်၍မသွားမီ ယာကုပ်က မည်သို့တောင်းဆိုသနည်း။

ယာကုပ်က သူ့အားကောင်းကြီးပေးပြီးမှ သွားရန်တောင်းဆိုပါသည်။

Genesis 32:27

ထိုသူက ယာကုပ်၏ အမည်ကို မည်သို့ခေါ်ရမည်ဟု ပြောသနည်း။

ထိုသူသည်ယာကုပ်၏ အမည်ကို​ နောက်ပိုင်း၌ ဣသရေလ ဟူ၍ခေါ်ရမည်ဟု ပြောပါသည်။

Genesis 32:29

ယာကုပ်သည် ထို့ည၌ မည်သူကို မျက်နှာချင်းဆိုင်တွေ့သည်ဟု ပြောသနည်း။

ယာကုပ်သည် ထိုည၌ ဘုရားသခင်ကို မျက်နှာချင်းဆိုင်တွေ့သည်ဟု ပြောပါသည်။

Genesis 32:31

ထိုညလွန်မြောက်ပြီးနောက် ယာကုပ်၏ ခန္ဓာကိုယ်ပြဿနာမှာ မည်သို့ဆက်လက်ရှိသနည်း။

ထိုည လွန်မြောက်ပြီးနောက် သူ၏ တင်ပါးကြောင့် ခြေထော့နဲ့အဖြစ် ဆက်လက်ရှိပါသည်။