Genesis 31

Genesis 31:1

ယာကုပ်ရယူသော စည်းစိမ်တို့သည် မည်သည့်နေရာမှဖြစ်သည်ဟု လာဗန်နှင့်သူ၏သားတို့က ယုံသနည်း။

လာဗန်နှင့်သူ၏ သားတို့က ယာကုပ်ရယူသော စည်းစိမ်တို့သည် လာဗန်၏ ပိုင်ဆိုင်သမျှဖြစ်သည်ဟု ယုံပါသည်။

ထာဝရဘုရားသည် ယာကုပ်အားမည်သို့ညွန်ကြားသနည်း။

ထာဝရဘုရားသည် ယာကုပ်အား သူ၏ဘိုးဘေးတို့ပြည်၊ သူ၏ဆွေမျိုးများထံ ပြန်သွားရန်ညွန်ကြားပါသည်။

Genesis 31:7

ဘုရားသခင်က မည်ကဲ့သို့သောအားဖြင့် တိရစ္ဆာန်တို့ကိုလာဗန်ထံမှယူ၍ ယာကုပ်အား ပေးသနည်း။

ဘုရားသခင်က တိရစ္ဆာန်တို့ကို ပြောက်ကျားနှင့်အစင်းရှိသောအကောင်တို့ကို ဖွားမြင်စေလျက် လာဗန်ထံမှယူ၍ ယာကုပ်အား ပေးပါသည်။

Genesis 31:14

ရာခေလနှင့်လေအာတို့က သူတို့အဘ လာဗန်အား မည် သို့ သဘောထားသနည်း။

ရာခေလနှင့်လေအာတို့က လာဗန်သည် သူတို့အားတကျွန်းတနိုင်ငံသားကဲ့သို့ ငွေနှင့်ရောင်းစားခဲ့သည်ဟု ဆိုကြသည်။

Genesis 31:19

ရာခေလသည် ယာကုပ်နှင့်အတူ လိုက်မသွားမှီ၊ မည်သို့ပြုသနည်း။

ရာခေလသည် သူ၏ တေရပ်ရုပ်တုကို ခိုးယူခဲ့သည်။

ထိုအချိန်၌ ယာကုပ်သည်လာဗန်အား မည်ကဲ့သို့လှည့်စားခဲ့သနည်း။

ယာကုပ်သည် လာဗန်အားမကြားပြောဘဲ ထွက်ခွာခြင်းဖြင့် လှည့်စားခဲ့ပါသည်။

Genesis 31:22

ယာကုပ် ထွက်သွားကြောင်းကိုကြားသောအခါ လာဗန်သည်မည်သို့ပြုသနည်း။

လာဗန်သည် သူ၏ညီအစ်ကိုတို့နှင့်အတူ ယာကုပ်နောက်သို့လိုက်သဖြင့် ခုနစ်ရက်မြောက်သော နေ့တွင်မှီလာပါသည်။

Genesis 31:24

အိပ်မက်ထဲတွင် လာဗန်ကို ဘုရားသခင်က မည်သို့ပြောသနည်း။

ဘုရားသခင်က လာဗန်ကို ယာကုပ်အား အကောင်းနှင့်အဆိုးကို မပြောရန် ပြောသည်။

Genesis 31:31

ယာကုပ်က လာဗန်ထံမှ အဘယ်ကြောင့် တိတ်တဆိတ်ထွက်ခွာလာသည်ဟု ပြောသနည်း။

ယာကုပ်သည် လာဗန်ထံမှ တိတ်တဆိတ်ထွက်ခွာလာရခြင်းအကြောင်းမှာ လာဗန်သည် သူ၏သမီးများကို သူ့ထံမှအတင်းပြန်ခေါ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟုပြောပါသည်။

လာဗန်က သူ၏မိသားစု ရုပ်တုကို ခိုးယူသွားသည်ဟုစွပ်စွဲသောအခါ ယာကုပ်က မည်သို့ပြောသနည်း။

ယာကုပ်သည် လာဗန်၏မိသားစု ရုပ်တုကိုခိုးယူသူဘယ်သူမဆို သေစေပါမည်ဟုပြောပါသည်။

Genesis 31:34

လာဗန်သည်သူ၏ မိသားစု ရုပ်တုကို အဘယ်ကြောင့်ရှာမတွေ့သနည်း။

လာဗန်၏ မိသားစု ရုပ်တုကို ရှာမတွေ့ရခြင်းမှာ ရာခေလသည် ထိုအပေါ်မှာထိုင်ထားပြီး သူမသည် ဓမ္မတာလာနေသော အချိန်ဖြစ်၍ ထိုင်ရာမှ မထနိုင်သောကြောင့်ဖြစ်ပါသည်။

Genesis 31:41

လာဗန်အတွက် ယာကုပ်သည် မည်မျှအလုပ်လုပ်ပြီး၊ သူ၏ လုပ်ခအတွက်လာဗန်သည် အကြိမ်မည်မျှပြောင်းလဲသနည်း။

ယာကုပ်သည် အနှစ်နှစ်ဆယ်အလုပ်လုပ်ပြီး၊ လုပ်ခအတွက် လာဗန်သည် ဆယ်ကြိမ်တိုင် ပြောင်းလဲပါသည်။

Genesis 31:43

ယာကုပ် ပိုင်ဆိုင်သမျှသော စည်းစိမ်တို့သည် သူပိုင်ဆိုင်သေးသည်ဟု ထင်ကြောင်းလာဗန်က မည်သို့ဖေါ်ပြသနည်း။

လာဗန်က သူတွေ့မြင်သော ယာကုပ်၏ စည်းစိမ်တို့သည် သူပိုင်ဆိုင်သော စည်းစိမ်ဖြစ်သည်ဟု ပြောပါသည်။

Genesis 31:45

ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ပြုရာအရပ်ကို မည်သို့မှတ်သားသနည်း။

ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ပြုရာအရပ်ကို ကျောက်များစုပုံ၍ ကျောက်ပုံဖြင့် မှတ်သားထားပါသည်။

Genesis 31:48

ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ကို စောင့်ရှောက်ရန်မည်သူသည်သက်သေဖြစ်ကြောင်း ကြေငြာသနည်း။

ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ကို စောင့်ရှောက်ရန်ဘုရားသခင်သည် သက်သေဖြစ်ကြောင်း ကြေငြာပါသည်။

Genesis 31:51

ကျောက်ပုံနှင့်မှတ်တိုင်သည် မည်သည့်အတွက်ဖြစ်သနည်း။

ကျောက်တိုင်နှင့်မှတ်တိုင်သည် ယာကုပ်နှင့်လာဗန်တို့ တစ်ယောက်နှင့်တစ်ယောက် နေရာကိုကျော်၍ ရန်ဖက်မပြုရန် ပဋိညာဥ်၏ သက်သေဖြစ်ပါသည်။

ယာကုပ်နှင့်လာဗန်တို့သည် မည်သို့ပဋိညာဥ်ပြုကြသနည်း။

ယာကုပ်နှင့်လာဗန်တို့သည် ကျောက်ပုံနှင့်မှတ်တိုင်ကိုကျော်၍ ရန်ဖက်မပြုကြရန် ပဋိညာဥ်ပြုကြပါသည်။

ယာကုပ်သည် ပဋိညာဥ်ကို သဘောတူကြောင်းမည်သို့ပြုလုပ်ဖေါ်ပြသနည်း။

ယာကုပ်သည် ပဋိညာဥ်ကို သဘောတူသည့်အနေဖြင့် သူ၏ အဘဣဇက်ကြောက်ရွံ့သော ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုခြင်း ပြုလုပ်သည်။

Genesis 31:54

နောက်နေ့မနက် လာဗန်မည်သို့ပြုသနည်း။

လာဗန်သည် အိပ်ရာမှထ၍ မြေးများနှင့်သမီးတို့ကို နမ်းလျက် ကောင်းကြီးပေးပြီးလျှင်၊ သူ၏ နေအိမ်သို့ပြန်သွားပါသည်။