Genesis 30

Genesis 30:1

ယာကုပ်၏ အဆိုအရ ရာခေလသည် အဘယ်ကြောင့်ကလေးမရသနည်း။

ယာကုပ်၏အဆိုအရ ဘုရားသခင်သည် ရာခေလကိုကလေးမွေးဖွားရန် အခွင့်မပေးသောကြောင့် ဖြစ်ပါသည်။

Genesis 30:3

ရာခေလသည် ကလေးရရန် မည်သို့ပြုသနည်း။

ရာခေလသည် သူမ၏အစေခံ ဗိလဟာကိုယာကုပ်နှင့်အိပ်စေခြင်းဖြင့် သူမကိုယ်စား ကလေးရရန်ပြုပါသည်။

Genesis 30:7

ရာခေလသည် သူမ၏ အစ်မလေအာကို အဘယ်ကြောင့်အနိုင်ရရှိသည်ဟု ပြောသနည်း။

ရာခေလသည် သူမ၏အစ်မလေအာကို အနိုင်ရရှိသည်ဟုပြောရခြင်းအကြောင်းမှာ ဗိလဟာသည် ယာကုပ်အတွက်သားနှစ်ယောက်ကို မွေးဖွားပေးသောကြောင့်ဖြစ်ပါသည်။

Genesis 30:9

လေအာသည် ကလေးမရရှိတော့သည့်အခါ သူမသည်မည်သို့ပြုသနည်း။

လေအာသည် ယာကုပ်အား သူမ၏ အစေခံဇိလပနှင့်အတူ အိပ်စေခြင်းဖြင့် သူမကိုယ်စားကလေး ရရှိနိုင်ရန်ပြုပါသည်။

လေအာက အဘယ်ကြောင့် ကံကောင်းသည်ဟုပြောသနည်း။

လေအာက ကံကောင်းသည်ဟုပြောရခြင်းမှာ ဇိလပသည် ယာကုပ်အတွက် သားမွေးဖွားပေးသော ကြောင့်ဖြစ်ပါသည်။

Genesis 30:14

ရာခေလသည် လေအာသား၏ အနုဆေးသီးအတွက်မည်သည့်အရာကိုလဲလှယ်ရန်ကမ်းလှမ်းသနည်း။

လေအာသားရုဗင်၏ အနုဆေးသီးအတွက် ရာခေလသည်လေအာအား ထိုညတွင် ယာကုပ်နှင့်အိပ်စေရန်ကမ်းလှမ်းပါသည်။

Genesis 30:19

လေအာသည် ယာကုပ်အတွက် သားမည်မျှမွေးဖွားပေးသနည်း။

လေအာသည် ယာကုပ်အတွက် သားခြောက်ယောက်မွေးဖွားပေးပါသည်။

Genesis 30:22

ရာခေလက သူမသည် ကဲ့ရဲ့ခံရခြင်းမှ ကင်းဝေးပြီဟု မည်သည့်အကြောင်းကြောင့်ပြောသနည်း။

ရာခေလသည် ယာကုပ်အတွက် ကလေးမွေးဖွားပေးသောကြောင့် ကဲ့ရဲ့ခံရခြင်းမှကင်းဝေးပြီဟုပြောခြင်းဖြစ်ပါသည်။

Genesis 30:25

ယောသပ်ကိုမွေးပြီးနောက် ယာကုပ်က လာဗန်အားမည်သည့်အရာကို တောင်းဆိုသနည်း။

ယာကုပ်က မိမိ၏နေရပ်ပြည်သို့ ပြန်သွားခွင့်ပြုရန် လာဗန်အား တောင်းဆိုပါသည်။

Genesis 30:27

လာဗန်က ယာကုပ်အား အဘယ်ကြောင့် ပြန်မသွားစေလိုသနည်း။

လာဗန်သည် ယာကုပ်အတွက်ကြောင့် ထာဝရဘုရားထံမှကောင်းကြီးမင်္ဂလာများကို ခံစားရသောကြောင့်ဖြစ်ပါသည်။

Genesis 30:31

ယာကုပ်သည် လာဗန်အတွက် အလုပ်လုပ်ပေးရခြင်းအတွက် မည်သည့်အဖိုးအခကို ယူသနည်း။

ယာကုပ်က လာဗန်၏ပြောက်ကျားနှင့်အစက်ရှိသောသိုးဆိတ်အုပ်စုများကို သူစောင့်ရှောက်ခဲ့ရသည့် အထဲမှ ပြောက်ကျားနှင့် အစက်ရှိသော ဆိတ်နှင့် သိုးမဲတို့ကို အဖိုးအခအဖြစ် ယူပါသည်။

Genesis 30:35

ယာကုပ်၏ အဖိုးအခနှင့်သက်ဆိုင်၍ လာဗန်က ယာကုပ်အားမည်ကဲ့သို့ လှည့်စားသနည်း။

လာဗန်သည် ယာကုပ်စောင့်ရှောက်ထားသောသိုးဆိတ်အစုကိုမပေးမှီ၊ ယာကုပ်ယူမည့် သိုးဆိတ်များကိုဖယ်ရှားပါသည်။

Genesis 30:37

ယာကုပ်သည် မည်သည့် သစ်ခက်များကို အဖြူရောင်ပေါ်အောင်အခွံကို လှီးခွာသနည်း။

ယာကုပ်သည် လတ်ဆတ်စိမ်းစိုသောလိဗနာပင်၊ လုဇပင် နှင့် အာရမုန်ပင်တို့၏ အခက်များကို အဖြူရောင်ပေါ်အောင်အခွံကို လှီးခွာပါသည်။

အခွံခွာသောသစ်ခက်များကို ယာကုပ်သည်မည်သို့ပြုသနည်း။

ယာကုပ်သည် အခွံခွာသောသစ်ခက်များကို သိုးဆိတ်အုပ်တို့ရှေ့မှာရှိသော သောက်ရေခွက်တို့ရှေ့မှာ စိုက်ထားပါသည်။

Genesis 30:39

အခွံခွာသောသစ်ခက်များအားဖြင့် သိုးဆိတ်တို့သည်မည်သို့ဖြစ်လာကြသနည်း။

အခွံခွာသောသစ်ခက်များအားဖြင့် သိုးဆိတ်တို့သည် အစင်း၊ ပြောက်ကျားနှင့်အစက်ရှိသောသိုးဆိတ်ပေါက်စများကို ပေါက်ဖွားလာကြသည်။

Genesis 30:41

ယာကုပ်၏ တိရစ္ဆာန်များကိုသာ ရှက်တင်ခြင်း၏ရလာဒ်မှာမည်သို့နည်း။

ရလာဒ်မှာ လာဗန်၏ အစုတို့သည် အားနည်း၍ ယာကုပ်၏ အစုတို့မှာအားကြီးလာလေသည်။