Genesis 29

Genesis 29:4

ယာကုပ်နှင့် စကားပြောနေသော သူများသည် မည်သည့် အရပ်မှနည်း။

ထိုသူများသည် ခါရန်မြို့မှ ဖြစ်ပါသည်။

မည်သူသည် သိုးအုပ်နှင့်အတူ ရေတွင်းသို့လာသနည်း။

လာဗန်၏ သမီးရာခေလသည် သိုးအုပ်နှင့်အတူ ရေတွင်းသို့လာပါသည်။

Genesis 29:9

လာဗန်၏သိုးများကို ယာကုပ်က မည်သို့ပြုသနည်း။

ယာကုပ်သည် ရေတွင်း၏ ကျောက်အဖုံးကိုဖွင့်၍ သိုးများကို ရေတိုက်ပါသည်။

Genesis 29:11

ယာကုပ်သည် ရာခေလကို မည်သို့ပြောပြီးနောက် သူမသည် မည်သို့ပြုသနည်း။

ယာကုပ်က ရာခေလအား သူသည်သူမဖခင်၏အမျိုးဖြစ်သည်ကို ပြောပြီးနောက်၊ ရာခေလသည်ပြေး၍ သူမ၏ ဖခင်အား ပြောပြပါသည်။

Genesis 29:13

ယာကုပ်ရောက်သည့် အကြောင်းကိုကြားလျှင် လာဗန်သည်မည်သို့ တုံ့ပြန်သနည်း။

လာဗန်သည် ယာကုပ်အားပြေး၍ တွေ့ပြီးလျှင်၊ ပွေ့ဖက်နမ်းရှုတ်လျက် သူ၏အိမ်သို့ ယာကုပ်အား ခေါ်သွားသည်။

Genesis 29:15

လာဗန်၏ သမီးနှစ်ယောက်တို့ကို ဖေါ်ပြပါ။

သမီးအကြီး လေအာသည် နူးညံ့သောမျက်စိရှိပြီး၊ သမီးအငယ် ရာခေလသည် ကိုယ်ဟန်ယဥ်ကျေး၍ လှပသူဖြစ်ပါသည်။

ယာကုပ်၏ လုပ်အားနှင့်သက်ဆိုင်၍ လာဗန်နှင့်ယာကုပ်တို့သည် မည်သို့စီစဥ်ကြသနည်း။

ယာကုပ်သည် ရာခေလကို လိုချင်သောကြောင့် လာဗန်ထံခုနစ်နှစ်အစေခံရန် သဘောတူခဲ့သည်။

Genesis 29:19

ခုနစ်နှစ်အစေခံရသည်ကို ယာကုပ်က အဘယ်ကြောင့်ရက်နည်းသည်ဟု ထင်သနည်း။

ခုနစ်နှစ်အစေခံရသည်ကို ရက်နည်းသည်ဟု ယာကုပ်ထင်ရခြင်းအကြောင်းမှာ သူသည်ရာခေလကို ချစ်သော ကြောင့် ဖြစ်ပါသည်။

Genesis 29:23

လာဗန်သည် ယာကုပ်အား မည်သို့ လှည့်စားသနည်း။

မင်္ဂလာဆောင်ည၌ လာဗန်သည်ရာခေလအစား လေအာကို ယာကုပ်အား ပေးသည်။

လာဗန်သည် လေအာအား သူမ၏အစေကိုခံရန် မည်သူကို ပေးသနည်း။

လာဗန်သည် လေအာ၏ အစေခံကျွန်အဖြစ် ကျွန်မိန်းမ ဇိလပ ကိုပေးပါသည်။

Genesis 29:26

လာဗန်က ယာကုပ်အား အဘယ်ကြောင့်လှည့်စားရသည်ဟုပြောသနည်း။

လာဗန်က သမီးအကြီးကို မပေးစားမှီ၊ အငယ်ကိုမပေးစားရဟူသော ထုံးစံဓလေ့ရှိသည်ဟု ပြောပါသည်။

ယာကုပ်၏ လုပ်အားနှင့်သက်ဆိုင်၍ လာဗန်နှင့်ယာကုပ်တို့သည် မည်သို့စီစဥ်ကြသနည်း။

ယာကုပ်သည် ရာခေလကို လိုချင်သောကြောင့် လာဗန်ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံရန် သဘောတူခဲ့သည်။

Genesis 29:28

လာဗန်သည် ရာခေလအား သူမ၏ အစေကိုခံရန် မည်သူကိုပေးသနည်း။

လာဗန်သည် သူ၏သမီး ရာခေလ၏ အစေကိုခံရန် ဗိလဟာကို ပေးပါသည်။

Genesis 29:31

ယာကုပ်သည် လေအာအား မချစ်သည်ကို ထာဝရဘုရားက မြင်သောအခါ မည်သို့ပြုသနည်း။

ထာဝရဘုရားသည် လေအာအား ကိုယ်ဝန်ဆောင်စေပြီး၊ ရာခေလသည် မြုံလေ၏။

အကယ်၍ လေအာသည် ယာကုပ်အတွက် သားကိုဖွားမြင်ပေးလျှင်၊ သူမသည် မည်သို့မျှော်လင့်လိမ့်မည်နည်း။

လေအာသည် ယာကုပ်အတွက် သားကိုဖွားမြင်ပေးလျှင်၊ ယာကုပ်သည် သူမအား ချစ်လိမ့်မည်ဟုမျှော်လင့်ပါသည်။

လေအာ၏ ပထမသားအမည်မှာ မည်သို့နည်း။

လေအာ၏ ပထမဆုံး သားအမည်မှာ ရုဗင်ဖြစ်ပါသည်။

Genesis 29:35

လေအာသည် ယုဒကိုဖွားမြင်ပြီးနောက်၊ မည်သို့ပြောသနည်း။

လေအာသည် ယုဒကိုဖွားမြင်ပြီးနောက်၊ ထိုအချိန်၌ ငါဘုရားသခင်ကို ချီးမွမ်းလိမ့်မည်ဟု ပြောပါသည်။