Genesis 28

Genesis 28:1

ယာကုပ်မသွားမီ ဣဇာက်က သူ့အား မည်သို့မှာထားတော်သနည်း။

ဣဇာက်သည် ယာကုပ်အား ခါနာန်အမျိုးသမီးနှင့်အိမ်ထောင်မပြုရန် မှာထားတော်မူသည်။

ဣဇာက်သည် ယာကုပ်အား မည်သည့်အရပ်မှ အမျိုးသမီးနှင့် အိမ်ထောင်ပြုရန် ပြောသနည်း။

ဣဇာက်သည် ယာကုပ်အားရေဗက္က၏ မောင်ဖြစ်သူ လာဗန်၏ သမီးနှင့်အိမ်ထောင်ပြုရန် ပြောပါသည်။

Genesis 28:3

မည်သူ၏ ကောင်းကြီးမင်္ဂလာကို ယာကုပ်အားပေးရန် ဣဇာက်က ဘုရားသခင်အား ပြောသနည်း။

ဣဇာက်သည် ဘုရားသခင်အား အာဗြဟံ၏ကောင်းကြီးမင်္ဂလာကို ယာကုပ်အားပေးရန် ပြောပါသည်။

Genesis 28:8

ဣဇာက်သည် ခါနာန်အမျိုးသမီးတို့ကို မနှစ်သက်သည်ကို ဧသောသိမြင်သောအခါ သူသည်မည်သည့်အရပ်မှအမျိုးသမီးကို အိမ်ထောင်ပြုသနည်း။

ဧသောသည် အာဗြဟံ၏ သားဖြစ်သောဣရှမေလ၏ သမီးကို အိမ်ထောင်ပြုပါသည်။

Genesis 28:12

ယာကုပ်သည်ခါရန်ပြည်သို့ခရီးသွားစဥ်မည်သည့်အိပ်မက်ကိုမြင်သနည်း။

ယာကုပ်က မြေကြီးပေါ်မှ လှေခါးသည် မိုးကောင်းကင်အထိထောင်နေလျက် ကောင်းကင်တမန်တို့ ဆင်းတက်၍နေကြပြီး၊ ထာဝရဘုရားသည် လှေခါးထက်၌ ရပ်နေသည်ကိုမြင်သည်။

ထာဝရဘုရားသည် ယာကုပ်အိပ်နေသော မြေနေရာနှင့်ပတ်သက်၍ မည်သို့ ပြောသနည်း။

ထာဝရဘုရားသည် ယာကုပ်အိပ်နေသောမြေနှင့်ပတ်သက်၍၊ ထိုမြေကို ယာကုပ်နှင့်သူ၏ အမျိုးအနွယ်တို့အား ပေးမည်ဟုပြောပါသည်။

ထာဝရဘုရားသည် ယာကုပ်အား မည်သူ၏ကောင်းကြီးမင်္ဂလာကိုပေးသနည်း။

ထာဝရဘုရားသည် ယာကုပ်အား အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးသည်။

Genesis 28:16

ယာကုပ်သည် သူမြင်သောအိပ်မက်နေရာနှင့်ပတ်သက်၍ မည်သို့ပြောသနည်း။

ယာကုပ်က ထိုနေရာသည် ဘုရားသခင်၏အိမ်တော်နှင့်ကောင်းကင်၏ တံခါးဝဖြစ်သည်ဟု ပြောပါသည်။

Genesis 28:18

ယာကုပ်သည် သူမြင်သောအိပ်မက်နေရာကို မည်သို့အမည်ပေးသနည်း။

ယာကုပ်သည် ထိုနေရာကို ဗေသလဟု အမည်ပေးပါသည်။

Genesis 28:20

ယာကုပ်က ထာဝရဘုရားသည် သူ၏ဘုရားသခင်ဖြစ်လျှင် ထိုဘုရားသခင်က သူ့အား မည်သို့လုပ်ပေးမည်ဟု ပြောသနည်း။

ယာကုပ်က ထာဝရဘုရားသည် သူနှင့်အတူရှိ၍ သူသွားရာလမ်း၌ ကွယ်ကာစောင့်မလျက်၊ အဖ၏အိမ်တော်သို့ လုံခြုံစွာပြန်ရောက်ရန် လုပ်ပေးမည်ဟုပြောပါသည်။

အကယ်၍ ထာဝရဘုရားက သူ့အတွက်အရာခပ်သိမ်းပေးလျှင်၊ ယာကုပ်က ဘုရားသခင်အား မည်သို့ ကတိပြုသနည်း။

ယာကုပ်သည် ဘုရားသခင်က သူ့အား ပေးသောအရာခပ်သိမ်း၏ ဆယ်ဖို့တစ်ဖို့ကို ထာဝရဘုရားအား ပြန်လည်ပေးပါမည်ဟု ကတိပြုပါသည်။