Genesis 27

Genesis 27:1

ဣဇာက်သည် အသက်ကြီး၍ မည်သို့ ဖြစ်လာသနည်း။

ဣဇာက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်တော့ပါ။

Genesis 27:3

ဣဇာက်သည် ဧသောအား မည်သို့ပြုရန်နှင့် အဘယ်ကြောင့်ပြောသနည်း။

ဣဇာက်သည် ဧသောအား ကောင်းကြီးပေးနိုင်ရန်အတွက် တောသို့သွား၍ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊ မြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါထံသို့ယူခဲ့ပါလော့ဟု ဆိုသည်။

Genesis 27:8

ဣဇာက်အတွက် အစာကိုပြင်ဆင်ရန် ရေဗက္က၏အကြံမှာ မည်သို့နည်း။ အဘယ်ကြောင့်နည်း။

ရေဗက္ကသည် ယာကုပ်အား ဆိတ်နှစ်ကောင်ကိုယူခဲ့ရန် နှင့် ဣဇာက်နှစ်သက်သော အမဲဟင်းလျာကိုချက်၍ ယာကုပ်အား ဣဇာက်ထံယူဆောင်သွားစေရန်ဖြစ်ပါသည်။ သို့မှသာ ယာကုပ်သည် ကောင်းကြီးခံစားရမည် ဖြစ်သည်။

Genesis 27:11

ဣဇာက်ထံသို့ အစာယူဆောင်သွားလျှင် ယာကုပ်ကမည် သည့်အကြောင်းကို စိုးရိမ်သနည်း။

ယာကုပ်က ဧသောသည် အမွေးရှိသောသူဖြစ်၍ သူသည်အသားချောမွတ်သောကြောင့် ဣဇာက်က စမ်းသပ်ကိုင်ကြည့်၍ ဧသောမဟုတ်မှန်းသိလျှင် သူ့အား ကျိန်ဆိုမည်ကို စိုးရိမ်ပါသည်။

Genesis 27:15

ဧသောသည်အမွေးရှိ၍ ယာကုပ်သည် အသားချောမွတ်သူဖြစ်သောကြောင့်၊ ထိုပြဿနာကို ရေဗက္ကက မည်သို့ဖြေရှင်းသနည်း။

ရေဗက္ကသည် ယာကုပ်အား ဧသော၏အဝတ်ကိုဝတ်စေလျက် ဆိတ်သားရေကို ယာကုပ်၏ လက်နှင့်လည်ပင်းတို့တွင် တင်ပေးပါသည်။

Genesis 27:20

ဣဇာက်က မေးသောအခါ ယာကုပ်က သားကောင်ကိုမည်ကဲ့သို့ လျင်မြန်စွာ ရှာဖွေရရှိသည်ဟု ပြောသနည်း။

ယာကုပ်က ဣဇာက်၏ ဘုရားသခင် ထာဝရဘုရားသည် သူရှိရာသို့ ပို့ဆောင်သောကြောင့်၊ လျင်မြန်စွာ ရှာဖွေရရှိပါသည်ဟု ပြောပါသည်။

Genesis 27:22

ဣဇာက်သည် သေချာမသိသောကြောင့် မည်သို့ဆုံးဖြတ်ရန် ကြိုးစားသနည်း။

ဣဇာက်သည် ယာကုပ်၏ လက်ကို စမ်းသပ်ကိုင်ကြည့်၍ ဆိတ်သားရေ၏ အမွေးကို ထိမိခံစားသည်။

Genesis 27:24

ဣဇာက်က သင်သည် ဧသောအမှန်ဖြစ်သလောဟု မေးသောအခါ၊ ယာကုပ်က မည်သို့ဖြေသနည်း။

အမှန်ဖြစ်သည်ဟု ဖြေပါသည်။

Genesis 27:26

နောက်ဆုံး၌ အစာယူဆောင်လာသူမှာ ဧသောဖြစ်သည်ဟု ဣဇာက်က မည်သို့ဆုံးဖြတ်သနည်း။

ယာကုပ်သည် ဣဇာက်အနီးသို့ သွား၍ နမ်းသောအခါ ယာကုပ်၏ ကိုယ်နံ့သည် ဧသောအဝတ် အနံ့ဖြစ်ကြောင်းကို သိသည်။

Genesis 27:29

ယာကုပ်အား မည်သူသည် ဦးညွှတ်ရမည်ဟု ဣဇာက်ပြောသနည်း။

ဣဇာက်က တိုင်းနိုင်ငံများနှင့် ယာကုပ်၏မိခင်မှ မွေးသောသားတို့သည် ယာကုပ်အား ဦးညွှတ်ကြရမည်ဟု ပြောပါသည်။

Genesis 27:30

ယာကုပ်သည် ဣဇာက်၏ တဲမှထွက်သွားပြီးနောက်၊ မည်သို့ ဖြစ်သနည်း။

ဧသောသည် အမဲလိုက်ရာမှ ပြန်လာပြီး၊ အစာကိုပြင်ဆင်၍ ဣဇာက်ထံ ယူဆောင်လာပါသည်။

Genesis 27:34

ဧသောက ဣဇက်၏ ကောင်းကြီးမင်္ဂလာအတွက် မေးသောအခါ ဣဇာက်က မည်သို့ ပြောသနည်း။

ဣဇာက်က ယာကုပ်သည် လိမ်လည်ပါးနပ်စွာဖြင့် ဧသော ၏ ကောင်းကြီးမင်္ဂလာများကိုယူသွားသည်ဟုပြောပါသည်။

Genesis 27:36

ဧသောက ယာကုပ်သည် မည်သည့်နည်းလမ်း နှစ်ခုကို သူ့ထံမှလှည့်စားသွားသည်ဟု ပြောသနည်း။

ဧသောက ယာကုပ်သည်သူ့ထံမှ သားဦးအရာနှင့် ကောင်းကြီးမင်္ဂလာနှစ်ခုကို လှည့်စားသွားသည်ဟုပြောပါသည်။

Genesis 27:39

ဣဇာက်သည် ဧသောအား မည်သည့်ကောင်းကြီးမင်္ဂလာကိုပေးသနည်း။

ဣဇာက်က ဧသောသည် မြေကြီး၏ဆီဥနှင့်ဝေးရာမှာနေ၍ ညီထံ၌အစေခံရလိမ့်မည်၊ သို့သော်လည်း နောက်တဖန် အုပ်စိုးရသောအခါ ယာကုပ်၏ထမ်းပိုးကို ချိုးပယ်လိမ့်မည်ဟု ပြောပါသည်။

Genesis 27:41

ဣဇာက် သေဆုံးပြီးနောက် ဧသောသည် မည်သို့ဆုံးဖြတ်သနည်း။

ဣဇာက်သေဆုံးပြီးနောက် ဧသောသည် ယာကုပ်ကို သတ်ရန်ဆုံးဖြတ်ပါသည်။

Genesis 27:43

ဧသော၏ အကြံကိုကြားပြီးနောက် ရေဗက္ကသည်မည်သို့ပြုသနည်း။

ရေဗက္ကသည် ယာကုပ်အား ခါရန်မြို့ရှိ သူမ၏ မောင် လာဗန်ထံ စေလွှတ်ခဲ့သည်။