Genesis 26

Genesis 26:1

ဖိလိတ္တိမင်းကြီး အဘိမလက်အုပ်စိုးသောနေရာ ဂေရာမြို့သို့ ဣဇာက်သည် အဘယ်ကြောင့်ပြောင်းရွှေ့ရသနည်း။

ဣဇာက်ပြောင်းရခြင်း အကြောင်းမှာ သူနေထိုင်ရာပြည်၌ အစာခေါင်းပါးမှုကြောင့် ဖြစ်ပါသည်။

Genesis 26:2

ဣဇာက်သည် ဂေရာမြို့သို့ မပြောင်းမီ ဘုရားရှင်ကမည်သို့ပြောသနည်း။

ထာဝရဘုရားက ဣဇာက်အား အဲဂုတ္တုပြည်သို့ မသွားဘဲ မိမိပြောသောပြည်၌သာ နေရန်ပြောပါသည်။

ထာဝရဘုရားသည် ဣဇာက်၏ အဖအာဗြဟံကို မည်သို့ကျိန်ဆိုသည်ဟု ဣဇာက်အား ပြောသနည်း။

ထာဝရဘုရားရှင်သည် ဣဇာက်၏ အဖအာဗြဟံကို မိမိကျိန်ဆိုသည်အတိုင်း ပြည့်ဝစေမည်ဟု ဣဇာက်အား ပြောပါသည်။

Genesis 26:4

ထာဝရဘုရားသည် သူသည်သွား၍ထိုသို့ပြုမည်ဟုအဘယ်ကြောင့်ပြောသနည်း။

ထာဝရဘုရားက သူသည်သွား၍ ထိုသို့ပြုမည်ဟုပြောရခြင်းအကြောင်းမှာ အာဗြဟံသည် စကားတော်ကိုနားထောင်လျက် သူညွန်ပြသော ပညတ်တရားနှင့်ဥပဒေတို့ကို စောင့်ရှောက်သောကြောင့်ဖြစ်ပါသည်။

Genesis 26:6

ဣဇာက်က သူ၏မိန်းမရေဗက္ကအကြောင်းကို ဂေရာအမျိုးသားတို့အား မည်သို့ပြောသနည်း။

ဣဇာက်က ဂေရာအမျိုးသားတို့အား ရေဗက္ကသည်သူ၏ ညီမဖြစ်သည်ဟု ပြောပါသည်။

Genesis 26:9

အဘိမလက်အဆိုအရ ဣဇာက်၏ လိမ်ညာခြင်းကြောင့် မည်သို့အပြစ်ကျရောက်မည်နည်း။

ဣဇာက်၏ လိမ်ညာခြင်းကြောင့်၊ တစုံတယောက်သောသူသည် ရေဗက္ကနှင့်ဆက်ဆံခြင်းဖြင့် လူအပေါင်းတို့အပေါ်သို့ အပြစ်ကျရောက်မည်ဖြစ်ပါသည်။

အဘိမလက်က ရေဗက္ကနှင့်ပတ်သက်၍ မည်သို့ပညတ်ထား သနည်း။

အဘိမလက်က ရေဗက္ကအား စော်ကားသော မည်သူကိုမဆို အသေသတ်ခြင်းခံရမည်ဟု ပညတ်ထားပါသည်။

Genesis 26:15

အဘိမလက်က မည်သည့်အကြောင်းအတွက် ဣဇာက်အား ဖိလိတ္တိပြည်မှ ပြောင်းခိုင်းရသနည်း။

အဘိမလက်က ဣဇာက်အား ဖိလိတ္တိပြည်မှပြောင်းခိုင်းရခြင်းအကြောင်းမှာ ဣဇာက်သည် သူတို့ထက် တန်ခိုးကြီးသောကြောင့်ဖြစ်ပါသည်။

Genesis 26:18

အာဗြဟံလက်ထက်က တူးခဲ့သောရေတွင်းကို ဣဇာက်သည် အဘယ်ကြောင့် ပြန်တူးသနည်း။

အာဗြဟံလက်ထက်က တူးခဲ့သောရေတွင်းကို ဣဇာက်ပြန်တူးရခြင်းအကြောင်းမှာ အာဗြဟံသေဆုံးပြီးနောက်ရေတွင်းကို ဖိလိတ္တိလူတို့က ဖို့လိုက်ကြသောကြောင့်ဖြစ်ပါသည်။

Genesis 26:21

ရေတွင်းကို ဂေရာအမျိုးသားနွားကျောင်းတို့နှင့် ငြင်းခုန်ခြင်းမရှိသောကြောင့် ထိုရေတွင်းကို ဣဇာက်က မည်သို့အမည်ပေးသနည်း။

ရေတွင်းကို ဂေရာအမျိုးသားနွားကျောင်းသားတို့နှင့် ငြင်းခုန်ခြင်းမရှိသောကြောင့် ထိုရေတွင်းကို ဣဇာက်က ရဟောဘုတ် အမည်ဖြင့် မှည့်ပေးခဲ့သည်။

Genesis 26:23

ဗေရရှေဘအရပ်သို့ ထာဝရဘုရားသည် ဣဇာက်အားထင်ရှား၍ မည်သို့ထပ်မံပြောသနည်း။

ထာဝရဘုရားသည် ဣဇာက်ကို ကောင်းကြီးပေး၍၊ သင်၏ အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူခဲ့သည်။

Genesis 26:28

အဘိမလက်သည် ဣဇာက်နှင့်မည်သည့် ပဋိညာဥ်ချုပ်ဆိုလိုသနည်း။ အဘယ်ကြောင့်နည်း။

အဘိမလက်သည် ဣဇာက်နှင့် တဖက်နှင့်တဖက်ခိုက်ရန်မဖြစ်စေဖို့ ပဋိညာဥ်ချုပ်ဆို လိုပါသည်။ ထာဝရဘုရားသည် ဣဇာက်နှင့် အတူရှိသောကြောင့်ဖြစ်ပါသည်။

Genesis 26:30

သူတို့နှစ်ယောက်အကြား ပဋိညာဥ်ပြုရန်အတွက် အဘိမလက်၏တောင်းဆိုမှုကို ဣဇာက်က မည်သို့တုံ့ပြန်သနည်း။

ဣဇာက်သည် စားသောက်ပွဲကိုပြုလုပ်၍၊ သူတို့အချင်းချင်း ကျိန်ဆိုခြင်းကို ပြုကြပါသည်။

Genesis 26:34

ဧသော၏ မိန်းမနှစ်ယောက်သည် မည်သည့်အမျိုးသားအုပ်စုမှ ဖြစ်ကြသနည်း။

ဧသော၏ မိန်းမနှစ်ယောက်သည် ဟိတ္တိအမျိုးသားအုပ်စုမှ ဖြစ်ကြပါသည်။

ဧသော၏ မိန်းမများနှင့် ဣဇာက်နှင့် ရေဗက္ကတို့ အကြားဆက်ဆံရေးမှာ မည်သို့ရှိကြသနည်း။

ဧသော၏ မိန်းမများသည် ဣဇာက်နှင့်ရေဗက္ကတို့ထံစိတ်ပူပန်စရာတို့ကို ယူဆောင်လာကြသူများ ဖြစ်ကြပါသည်။